(Unicode)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာတွေ့ရှိခဲ့တဲ့ ကိုဗစ်လူနာအမှတ် (၂၃၄) ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့သူ ဖြစ်ပြီး မေလ (၃၀) ရက်နေ့က တရားမဝင်ပြန်ဝင်လာသူဖြစ်တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးရုံးက သိရပါတယ်။အဲဒီအတည်ပြုလူနာဟာ (၂၀၁၇) ခုနှစ် ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဒုက္ခသည်စခန်းကို ထွက်ပြေးခဲ့သူဖြစ်ပြီးတော့ မောင်တောမြို့နယ်၊ ဦးရှင်းပြကျေးရွာမှာနေထိုင်သူလို့ သိရပါတယ်။



လူနာအမှတ် (၂၃၄) ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထန်ခါလီဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့သူဖြစ်ပြီး မေလ ၃၀ နေ့လည် ၃ နာရီမှာ မိသားစုဝင် ၅ ဦးနဲ့အတူ ဦးရှည်းကျကျေးရွာသို့ တရားမဝင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ဇွန်လ ၁ လရက်နေ့မှာ လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိလာခဲ့ကာ သူတို့ရဲ့ နှာခေါင်း၊ အာခေါင်တို့ဘတ်တွေကို ဓာတ်ခွဲစစ်ဆေးရာမှ အိမ်ထောင်ဦးစီးဖြစ်တဲ့ အမျိုးသားမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။အဲဒီအတည်ပြုလူနာနဲ့ထိတွေ့ခဲ့သူတွေရဲ့ ရာဇဝင်ကိုလိုက်လံစုံစမ်းနေပြီး အခုအချိန်မှာတော့ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ယောက္ခမဖြစ်သူတွေကိုတော့ Quarantine ဝင်ခိုင်းထားပြီး အတည်ပြုလူနာကိုတော့ မောင်တောဆေးရုံကို ပို့ဆောင်သွားမယ်လို့ သိရပါတယ်။အခုအချိန်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ကိုဗစ်ကာလမှာ ပြန်လာသူ (၈)ယောက်ကို လှဖိုးခေါင်စခန်းမှာ ကွာရမ်တင်းဝင်ခိုင်းထားတယ်လို့ သိရပါတယ်။



“ဒီလောက်ဖြစ်နေတာကို နယ်စပ်ကနေ ဝင်လာတယ်ဆိုတာက ဒီဘက်အုပ်ချုပ်ရေးပိုင်းနဲ့ဆိုင်တယ်ဗျ။ နယ် စပ်ကိုတာဝန်ယူထားသူတွေ တာဝန်ရှိတယ်။ ဘယ်လိုလုပ်ဝင်လာလို့ရလဲ။ ခိုးဝင်တာတွေက မကြာမကြာ ဖြစ်နေတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ အမြဲဖွင့်ပေးထားတယ်လို့ကြားတယ်။ ဒီဘက်က ဘာလို့လက်ခံ တာလဲ။” လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။

Credit to Blacker

(Zawgyi)

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္မွာေတြ႕ရွိခဲ့တဲ့ ကိုဗစ္လူနာအမွတ္ (၂၃၄) ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ထြက္ေျပးသြားတဲ့သူ ျဖစ္ၿပီး ေမလ (၃၀) ရက္ေန႔က တရားမဝင္ျပန္ဝင္လာသူျဖစ္တယ္လို႔ ေမာင္ေတာခ႐ိုင္ အုပ္ခ်ဳပ္ေရး႐ုံးက သိရပါတယ္။အဲဒီအတည္ျပဳလူနာဟာ (၂၀၁၇) ခုႏွစ္ ရခိုင္ျပည္နယ္ပဋိပကၡျဖစ္စဥ္ေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္က ဒုကၡသည္စခန္းကို ထြက္ေျပးခဲ့သူျဖစ္ၿပီးေတာ့ ေမာင္ေတာၿမိဳ႕နယ္၊ ဦးရွင္းျပေက်း႐ြာမွာေနထိုင္သူလို႔ သိရပါတယ္။



လူနာအမွတ္ (၂၃၄) ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ထန္ခါလီဒုကၡသည္စခန္းမွာ ေနထိုင္ခဲ့သူျဖစ္ၿပီး ေမလ ၃၀ ေန႔လည္ ၃ နာရီမွာ မိသားစုဝင္ ၅ ဦးနဲ႔အတူ ဦးရွည္းက်ေက်း႐ြာသို႔ တရားမဝင္ဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။ဇြန္လ ၁ လရက္ေန႔မွာ လွဖိုးေခါင္ ျပန္လည္လက္ခံေရးစခန္းသို႔ ေရာက္ရွိလာခဲ့ကာ သူတို႔ရဲ႕ ႏွာေခါင္း၊ အာေခါင္တို႔ဘတ္ေတြကို ဓာတ္ခြဲစစ္ေဆးရာမွ အိမ္ေထာင္ဦးစီးျဖစ္တဲ့ အမ်ိဳးသားမွာ ကုိရုိနာဗုိင္းရပ္စ္ပိုး ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။အဲဒီအတည္ျပဳလူနာနဲ႔ထိေတြ႕ခဲ့သူေတြရဲ႕ ရာဇဝင္ကိုလိုက္လံစုံစမ္းေနၿပီး အခုအခ်ိန္မွာေတာ့ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးနဲ႔ ေယာကၡမျဖစ္သူေတြကိုေတာ့ Quarantine ဝင္ခိုင္းထားၿပီး အတည္ျပဳလူနာကိုေတာ့ ေမာင္ေတာေဆး႐ုံကို ပို႔ေဆာင္သြားမယ္လို႔ သိရပါတယ္။အခုအခ်ိန္မွာေတာ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကေန ကိုဗစ္ကာလမွာ ျပန္လာသူ (၈)ေယာက္ကို လွဖိုးေခါင္စခန္းမွာ ကြာရမ္တင္းဝင္ခိုင္းထားတယ္လို႔ သိရပါတယ္။



“ဒီေလာက္ျဖစ္ေနတာကို နယ္စပ္ကေန ဝင္လာတယ္ဆိုတာက ဒီဘက္အုပ္ခ်ဳပ္ေရးပိုင္းနဲ႔ဆိုင္တယ္ဗ်။ နယ္ စပ္ကိုတာဝန္ယူထားသူေတြ တာဝန္ရွိတယ္။ ဘယ္လိုလုပ္ဝင္လာလို႔ရလဲ။ ခိုးဝင္တာေတြက မၾကာမၾကာ ျဖစ္ေနတယ္။ ဘဂၤလားေဒ့ရွ္ဘက္ကေတာ့ အၿမဲဖြင့္ေပးထားတယ္လို႔ၾကားတယ္။ ဒီဘက္က ဘာလို႔လက္ခံ တာလဲ။” လို႔ ေမာင္ေတာၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္အုန္းက ေျပာပါတယ္။

Credit to Blacker


Post a Comment

Previous Post Next Post