(Unicode)

လှည်းကူးမြို့နယ် အောင်မင်္ဂလာရပ်ကွက် သီတာအေး(၂)လမ်း နေအိမ်တစ်ခုအတွင်း အမျိုးသမီးအလောင်းတစ်လောင်းအား ဒဏ်ရာများဖြင့် 3.6.2020ရက်နေ့တွင် တွေ့ရှိရသဖြင့် လှည်းကူးမြို့မရဲစခန်း (ပ)အမှတ်1164/2020 အမှု့ကြီးပုဒ်မ302ဖြင့် အမှု့ဖွင့် စုံစမ်းခဲ့ 



ပြစ်မှုကျူးလွန်သည်ဟု  ယူဆရသည့် မသင်္ကာတရားခံအား  မူခင်းနှိမ်နှင်းရေးတပ်ဖွဲ့ဝင်များရန်ကုန်တိုင်းရဲတပ်ဖွဲ့  မြောက်ပိုင်း ခရိုင်ရဲ့တပ်ဖွဲ့ လှည်းကူးမြို့မရဲစခန်းမှူး ဦးစီးအဖွဲ့တို့မှပေါင်းစပ်ညှိနိုင်းဖော်ထုတ်ခဲ့ရာ တရားခံဟုယူဆရသော ပိုင်လင်းထွန်း(ခ)ပိုင်ပိုင် (20)နှစ်(ဘ)ဦးတင်ထွန်း ကျုံကဒွန်းကျေးရွာ ဖျာပုံမြို့နယ်နေသူအား လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အဆောင်တစ်ခုမှ ဖမ်းဆီးရမိခဲ့။
( ကနဦး ဖေါ်ထုတ်သိရှိရချက်)

၎င်းအား fbပေါ်မှ သိကျွမ်းခင်မင်ရင်းနှီးခဲ့ပြီး ချစ်သူများဖြစ်သွားခဲ့ကြောင်း၊ မဖြစ်မီ ၂ ပတ်အလိုက ချစ်သူဖြစ်ခဲ့ကြောင်း၊ အခင်းဖြစ်နေ့က နေအိမ်သို့ အလည်ရောက်ရှိခဲ့ပြီး အတူရှိနေစဉ် သေဆုံးသူအမျိုးသမီးမှာ fbလိုင်းသုံးနေပြီး ယခင်သူနှင့်ပါတ်သက်ခဲ့သူများနှင့်ချစ်ကြည်နူးနေသဖြင့် ၎င်းက မဆက်သွယ်ရန်ပြောသော်လည်း မရသဖြင့် ရန်ဖြစ်စကားများကြရာမှ ဒေါသဖြစ်ခါ စက်ခုံပေါ်တွင်အသင့်ရှိနေသော ကပ်ကြေးဖြင့် ထိုးသတ်ခဲ့ပြီးနေအိမ်မှ နံက်ငါးနာရီခန့်တွင် ထွက်သွားခဲ့ကြောင်း ကနဦး ဖေါ်ထုတ်သိရှိရ။ 


၎င်းအား လူသတ်မှုဖြင့် ဆက်လက် အရေးယူထားကြောင်း သိရ။
(တရားခံကို အမြန်ဆုံး ဖေါ်ထုတ်ပေးခဲ့ပါသည့် လှည်းကူးရဲတပ်ဖွဲ့အား ကျေးဇူးတင် ဂုဏ်ယူလျက်)
လှည်းကူးငါးပိချက်

(Zawgyi)






လှည်းကူးငါးပိချက်

Post a Comment

Previous Post Next Post