(Unicode)

တရုတ်နိုင်ငံတောင်ပိုင်းက မူလတန်းကျောင်းတစ်ကျောင်းမှာ ကြာသပတေးနေ့ ( ဇွန်လ ၄ ရက်နေ့ ) က ဓါးကိုင်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကျောင်းသား ၃၇ ဦးနဲ့ လူကြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။

ပြစ်မှုကျူးလွန်သူကတော့ လုံခြုံရေးဝန်ထမ်း ဖြစ်တယ်လို့ ဒေသဆိုင်ရာမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဆရာ/ဆရာမတွေအပါအဝင် ဒဏ်ရာရရှိသူအားလုံးကို ဆေးရုံပို့ဆောင်ခဲ့ပြီး အသက်သေဆုံးသူတော့ မရှိဘူးလို့ Guangxi ဒေသ၊ Cangwu ကောင်တီမှ အာဏာပိုင်တွေက ပြောဆိုပါတယ်။


အခင်းဖြစ်ရပ်ဟာ Wangfu ဗဟိုမူလတန်းကျောင်းမှာ မနက် ၈း၃၀ အချိန်ခန့်က ကျောင်းသားတွေ ပုံမှန်အတိုင်း အတန်းတက်ဖို့ ရောက်ရှိလာချိန်မှာ ဖြစ်ပွားခဲ့ကြောင်း၊ လက်နက်ကိုင်တိုက်ခိုက်သူဟာ အသက် ၅၀ နီးပါး ရှိသူဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ကျောင်းသား ၃၇ ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး လူကြီး ၂ ဦး ကတော့ ဒဏ်ရာပြင်းထန်တာကြောင့် ၎င်းတို့ အားလုံးကို ဆေးရုံပို့ဆောင်ခဲ့ကာ ဆေးကုသမှု ခံယူစေခဲ့ကြောင်း၊ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မရှိကြောင်း အစိုးရက ပြောကြားပါတယ်။


တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ဒေသတွင်းရှိ ကျောင်းတွေကို လအတော်ကြာ ပိတ်ထားခဲ့ရပြီး ပြီးခဲ့တဲ့ မေလက စတင်ဖွင်လှစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေကလည်း တရုတ်နိုင်ငံရဲ့ ကျောင်းအတော်များများမှာ တိုက်ခိုက်မှု ဖြစ်ရပ်တွေ ရှိခဲ့တာကြာင့် အာဏာပိုင်တွေက လုံခြုံရေးစနစ်တွေကို တိုးမြှင့်စေခဲ့ပါတယ်။


CNA
Credit အကုန်သိ

(Zawgyi)

တ႐ုတ္နိုင္ငံေတာင္ပိုင္းက မူလတန္းေက်ာင္းတစ္ေက်ာင္းမွာ ၾကာသပေတးေန႔ ( ဇြန္လ ၄ ရက္ေန႔ ) က ဓါးကိုင္တိုက္ခိုက္မွုတစ္ခု ျဖစ္ပြားခဲ့ၿပီး ေက်ာင္းသား ၃၇ ဦးနဲ႔ လူႀကီး ၂ ဦး ဒဏ္ရာရရွိခဲ့တယ္လို့ အာဏာပိုင္ေတြက ေျပာဆိုပါတယ္။

ျပစ္မွုက်ဴးလြန္သူကေတာ့ လုံျခဳံေရးဝန္ထမ္း ျဖစ္တယ္လို့ ေဒသဆိုင္ရာမီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။ ဆရာ/ဆရာမေတြအပါအဝင္ ဒဏ္ရာရရွိသူအားလုံးကို ေဆး႐ုံပို့ေဆာင္ခဲ့ၿပီး အသက္ေသဆုံးသူေတာ့ မရွိဘူးလို့ Guangxi ေဒသ၊ Cangwu ေကာင္တီမွ အာဏာပိုင္ေတြက ေျပာဆိုပါတယ္။

အခင္းျဖစ္ရပ္ဟာ Wangfu ဗဟိုမူလတန္းေက်ာင္းမွာ မနက္ ၈း၃၀ အခ်ိန္ခန႔္က ေက်ာင္းသားေတြ ပုံမွန္အတိုင္း အတန္းတက္ဖို့ ေရာက္ရွိလာခ်ိန္မွာ ျဖစ္ပြားခဲ့ေၾကာင္း၊ လက္နက္ကိုင္တိုက္ခိုက္သူဟာ အသက္ ၅၀ နီးပါး ရွိသူျဖစ္ၿပီး ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း၊ ေက်ာင္းသား ၃၇ ဦး ဒဏ္ရာအနည္းငယ္ရရွိခဲ့ၿပီး လူႀကီး ၂ ဦး ကေတာ့ ဒဏ္ရာျပင္းထန္တာေၾကာင့္ ၎တို့ အားလုံးကို ေဆး႐ုံပို့ေဆာင္ခဲ့ကာ ေဆးကုသမွု ခံယူေစခဲ့ေၾကာင္း၊ အသက္အႏၲရာယ္အတြက္ စိုးရိမ္စရာ မရွိေၾကာင္း အစိုးရက ေျပာၾကားပါတယ္။

တ႐ုတ္နိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ျဖစ္ပြားမွုေၾကာင့္ ေဒသတြင္းရွိ ေက်ာင္းေတြကို လအေတာ္ၾကာ ပိတ္ထားခဲ့ရၿပီး ၿပီးခဲ့တဲ့ ေမလက စတင္ဖြင္လွစ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ေတြကလည္း တ႐ုတ္နိုင္ငံရဲ့ ေက်ာင္းအေတာ္မ်ားမ်ားမွာ တိုက္ခိုက္မွု ျဖစ္ရပ္ေတြ ရွိခဲ့တာၾကာင့္ အာဏာပိုင္ေတြက လုံျခဳံေရးစနစ္ေတြကို တိုးျမႇင့္ေစခဲ့ပါတယ္။

CNA
Credit အကုန္သိ

Post a Comment

Previous Post Next Post