(Unicode)

လက်ရှိမှာတော့ တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေကို ဇွန်လ ၅ ရက်နေ့ကစပြီး စစ်နေပြီးဖြစ်ကာ ဇွန်လ ၁၉ ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါ တယ်။အဖြေလွှာတွေ စစ်ပြီးရင် အောင်စာရင်းပြုစုချိန်ကတော့ နှစ်လ နီးပါးလောက်ကြာမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန အနေ နဲ့ အောင်စာရင်းထုတ်ပြန်မယ့်ရက် ကိုတော့ လက်ရှိမှာ ပြောကြားနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးကတော့ အောင်စာရင်းကို သြဂုတ်လ ထဲမှာ ထုတ်ပြန်နိုင်ဖို့ မှန်းထား တယ်လို့ ပြောပါတယ်။၂၀၁၉ -၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲကိုပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကျင်းပခဲ့ကာ ဝင်ရောက် ဖြေဆိုသူဦးရေ ကိုးသိန်းကျော် ရှိတယ်လို့ သိရ ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် Social distancing လိုအပ်နေသေးရင် သည်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ပညာရေးဝန်ကြီးဌာန ရဲ့ ဝက်ဆိုက် တစ်မျိုးတည်းကနေပဲ ကြေညာသွားမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောပါတယ်။ သည်ကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။



ဦးမျိုးညွန့်က“ တကယ်လို့ Social distancing အရ အားလုံး ဒီ ကာလကြီး ပြီးသွားပြီ ဆိုရင်တော့ ပုံမှန်အတိုင်း ကြေညာပါမယ်´´ လို့ ပြော ပါတယ်။

REF: KUMUDRA

(Zawgyi)


လက္ရွိမွာေတာ့ တကၠသိုလ္ဝင္တန္းအေျဖလႊာေတြကို ဇြန္လ ၅ ရက္ေန႔ကစၿပီး စစ္ေနၿပီးျဖစ္ကာ ဇြန္လ ၁၉ ရက္ေန႔မွာ ၿပီးဆုံးမွာ ျဖစ္ပါ တယ္။အေျဖလႊာေတြ စစ္ၿပီးရင္ ေအာင္စာရင္းျပဳစုခ်ိန္ကေတာ့ ႏွစ္လ နီးပါးေလာက္ၾကာမယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာန အေန နဲ႔ ေအာင္စာရင္းထုတ္ျပန္မယ့္ရက္ ကိုေတာ့ လက္ရွိမွာ ေျပာၾကားႏိုင္ျခင္း မရွိေသးဘူးလို႔ ဆိုပါတယ္။

ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ မ်ိဳးသိမ္းႀကီးကေတာ့ ေအာင္စာရင္း​ကို ၾသဂုတ္လ ထဲမွာ ထုတ္ျပန္ႏိုင္ဖို႔ မွန္းထား တယ္လို႔ ေျပာပါတယ္။၂၀၁၉ -၂၀၂၀ ပညာသင္ႏွစ္အတြက္ တကၠသိုလ္ဝင္ စာေမးပြဲကိုၿပီးခဲ့တဲ့ မတ္လ ၁၁ ရက္ေန႔ကေန ၂၀ ရက္ေန႔အထိ က်င္းပခဲ့ကာ ဝင္ေရာက္ ေျဖဆိုသူဦးေရ ကိုးသိန္းေက်ာ္ ရွိတယ္လို႔ သိရ ပါတယ္။

ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ Social distancing လိုအပ္ေနေသးရင္ သည္ႏွစ္ တကၠသိုလ္ဝင္တန္းေအာင္စာရင္းကို ပညာေရးဝန္ႀကီးဌာန ရဲ႕ ဝက္ဆိုက္ တစ္မ်ိဳးတည္းကေနပဲ ေၾကညာသြားမယ္လို႔ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမ်ိဳးၫြန္႔က ေျပာပါတယ္။ သည္ကေန႔ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အခုလို ေျပာပါတယ္။

ဦးမ်ိဳးၫြန္႔က“ တကယ္လို႔ Social distancing အရ အားလုံး ဒီ ကာလႀကီး ၿပီးသြားၿပီ ဆိုရင္ေတာ့ ပုံမွန္အတိုင္း ေၾကညာပါမယ္´´ လို႔ ေျပာ ပါတယ္။

REF: KUMUDRA

Post a Comment

Previous Post Next Post