(Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ချုံးသစ်ကျေးရွာက စိတ်မနှံ့သူ အမျိုးသားတစ်ဦးဟာ ဒီနေ့ ဇွန်လ ၅ ရက် မနက် ၅ နာရီမှာ မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ချုံးသစ်ကျေးရွာဒေသခံတစ်ဦးက “သူက လက်ဖက်သွားခူးလို့ နင်းမိတာတော့ မဟုတ်ပါဘူး။ မိုးမလင်းခင် ငါးနာရီကတည်းက ထွက်သွားတယ်။ သူက စိတ်မနှံ့တာလေ။ လျှောက်သွားချင်တဲ့နေရာ သွားတယ်” လို့ ဒီနေ့ ဇွန်လ ၅ ရက်မှာ ရွှေဖီမြေကို ပြောပါတယ်။

ချုံးသစ်ရွာနဲ့ နမ့်တွေရွာကြားမှာ မိုင်းနင်းမိတာဖြစ်ပြီး သေဆုံးသွားသူဟာ ချုံးသစ်ရွာခံ မောင်ဘဦး အသက် (၂၉)နှစ်ဖြစ်ပြီး ကျောက်မဲဆေးရုံကို ပို့ဆောင်ပေးနေချိန်မှာ ဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးသွားတာ ဖြစ်ပါတယ်။

“ကျေးရွာကလူတွေ သူ့ကိုထမ်းထားပြီး ဆေးရုံသွားပို့မလို့ လမ်းတစ်၀က်ပဲ ရောက်တာ သူကဆုံးသွားတယ်။ သူက စိတ်မနှံ့တော့ သူ့ခြေထောက်နဲ့ ထမ်းသွားပေးတဲ့လူတွေကို ပြန်ကန်သေးတယ်။ မိုးက တစ်ညလုံးရွာ မနက်က နှင်းတွေလည်းကျ ကားတွေဆိုင်ကယ်တွေ သွားမရတော့ ရွာကလူတွေလည်း ထမ်းသွားလိုက်တယ်” ဆိုပြီး ၎င်းရွာခံက ဆက်ပြောပါတယ်။ဘယ်ဘက်ဒူးအောက် ကြေမွနဲ့ ဘယ်ဘက်ပေါင်မှာ ထိမှန်ခဲ့တဲ့ မိုင်းစတွေကြောင့် သွေးထွက်လွန်သွားပြီး လမ်းတစ်၀က်မှာပဲ သေဆုံးသွားခဲ့ပါတယ်။


ဆက်လက်ပြီး ချုံးသစ်ရွာခံက “သူ့အဖေက ညကသူ့ကို ထကြည့်သေးတယ်။ သူအိပ်နေတာ။ မနက်ကျ ဘယ်ချိန်ထသွားမှန်းမသိဘူးလို့ ပြောတယ်။ တစ်ယောက်ထဲထွက်သွားတယ်။ ဘယ်သူမှမသိဘူး။ သူတို့အိမ်လည်း နမ့်တွေဘက်သွားတဲ့လမ်း ဖြစ်နေတယ်။ မိုင်းပေါက်ကွဲသံကြားတော့ ရွာကလူတွေ သွားကြည့်တယ်” လို့ ဆိုပါတယ်။အဆိုပါ ချုံးသစ်ကျေးရွာမှာ ၂၀၁၉ ခုနှစ်ကလည်း မိုင်းတစ်ကြိမ် ပေါက်ကွဲခဲ့ဖူးတယ်လို့ သိရပါတယ်။

(Zawgyi)

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ ခ်ဳံးသစ္ေက်း႐ြာက စိတ္မႏွံ႔သူ အမ်ိဳးသားတစ္ဦးဟာ ဒီေန႔ ဇြန္လ ၅ ရက္ မနက္ ၅ နာရီမွာ မိုင္းနင္းမိၿပီး ေသဆုံးသြားတယ္လို႔ သိရပါတယ္။ခ်ဳံးသစ္ေက်း႐ြာေဒသခံတစ္ဦးက “သူက လက္ဖက္သြားခူးလို႔ နင္းမိတာေတာ့ မဟုတ္ပါဘူး။ မိုးမလင္းခင္ ငါးနာရီကတည္းက ထြက္သြားတယ္။ သူက စိတ္မႏွံ႔တာေလ။ ေလွ်ာက္သြားခ်င္တဲ့ေနရာ သြားတယ္” လို႔ ဒီေန႔ ဇြန္လ ၅ ရက္မွာ ေ႐ႊဖီေျမကို ေျပာပါတယ္။

ခ်ဳံးသစ္႐ြာနဲ႔ နမ့္ေတြ႐ြာၾကားမွာ မိုင္းနင္းမိတာျဖစ္ၿပီး ေသဆုံးသြားသူဟာ ခ်ဳံးသစ္႐ြာခံ ေမာင္ဘဦး အသက္ (၂၉)ႏွစ္ျဖစ္ၿပီး ေက်ာက္မဲေဆး႐ုံကို ပို႔ေဆာင္ေပးေနခ်ိန္မွာ ဒဏ္ရာျပင္းထန္တာေၾကာင့္ ေသဆုံးသြားတာ ျဖစ္ပါတယ္။

“ေက်း႐ြာကလူေတြ သူ႔ကိုထမ္းထားၿပီး ေဆး႐ုံသြားပို႔မလို႔ လမ္းတစ္၀က္ပဲ ေရာက္တာ သူကဆုံးသြားတယ္။ သူက စိတ္မႏွံ႔ေတာ့ သူ႔ေျခေထာက္နဲ႔ ထမ္းသြားေပးတဲ့လူေတြကို ျပန္ကန္ေသးတယ္။ မိုးက တစ္ညလုံး႐ြာ မနက္က ႏွင္းေတြလည္းက် ကားေတြဆိုင္ကယ္ေတြ သြားမရေတာ့ ႐ြာကလူေတြလည္း ထမ္းသြားလိုက္တယ္” ဆိုၿပီး ၎႐ြာခံက ဆက္ေျပာပါတယ္။ဘယ္ဘက္ဒူးေအာက္ ေၾကမြနဲ႔ ဘယ္ဘက္ေပါင္မွာ ထိမွန္ခဲ့တဲ့ မိုင္းစေတြေၾကာင့္ ေသြးထြက္လြန္သြားၿပီး လမ္းတစ္၀က္မွာပဲ ေသဆုံးသြားခဲ့ပါတယ္။

ဆက္လက္ၿပီး ခ်ဳံးသစ္႐ြာခံက “သူ႔အေဖက ညကသူ႔ကို ထၾကည့္ေသးတယ္။ သူအိပ္ေနတာ။ မနက္က် ဘယ္ခ်ိန္ထသြားမွန္းမသိဘူးလို႔ ေျပာတယ္။ တစ္ေယာက္ထဲထြက္သြားတယ္။ ဘယ္သူမွမသိဘူး။ သူတို႔အိမ္လည္း နမ့္ေတြဘက္သြားတဲ့လမ္း ျဖစ္ေနတယ္။ မိုင္းေပါက္ကြဲသံၾကားေတာ့ ႐ြာကလူေတြ သြားၾကည့္တယ္” လို႔ ဆိုပါတယ္။အဆိုပါ ခ်ဳံးသစ္ေက်း႐ြာမွာ ၂၀၁၉ ခုႏွစ္ကလည္း မိုင္းတစ္ႀကိမ္ ေပါက္ကြဲခဲ့ဖူးတယ္လို႔ သိရပါတယ္။

Post a Comment

Previous Post Next Post