(Unicode)

ကိုယ်အလေးချိန်လွန်နေသည့်၊ ဗိုက်ပူနေသည့် ရဲတပ်ဖွဲ့ဝင်များ အချိန် (၄)လအတွင်း ကိုယ်အလေးချိန်လျှော့ရန် ဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်းကဲ့သို့ ကိုယ်အလေးချိန်လျော့ရန် မေလအလယ်ပိုင်းက ညွှန်ကြားထားပြီး အချိန် (၄) လအတွင်း ဝိတ်မလျှော့ပါက ရဲစည်းကမ်းအရ အရေးယူမည်ဟု ညွှန်ကြားထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးစိန်ဝင်းက ဆိုသည်။ ယင်းညွှန်ကြားချက်အတိုင်းလိုက်နာရန် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များကို ထပ်ဆင့်ညွှန်ကြားထားကြောင်း ၎င်းက ဆိုသည်။

ကိုယ်အလေးချိန် စံသတ်မှတ်ရာတွင် Body Mass Index (BMI) ခန္ဓာ (ကိုယ်အလေးချိန်နှင့် အရပ်အမြင့် အချိုးအစား) တွက်ချက်နည်းဖြင့် အဝလွန်/ မလွန် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။ ဥပမာ အရပ်အမြင့် ငါးပေ လေးလက်မရှိသူသည် ကိုယ်အလေးချိန် ၁၄၀ ပေါင်ရှိပါက BMI 24 ရှိပြီး အဝမလွန်ဘဲ သာမန် အနေအထားပင် ဖြစ်သည်။




ရဲတပ်ဖွဲ့ဝင်များ နိုင်ငံတကာရဲတပ်ဖွဲ့ကဲ့သို့ စမတ်ကျစေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်စေရန် နိုင်ငံတကာစံနှုန်းအတိုင်း ဝိတ်လျော့ရန် ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်တွင် ပါဝင်ကြောင်း အမှတ်-၁၁ ယာဉ်ထိန်းရဲဒုတိယတပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ) မှ ရဲမှူးမိုးကျော်က ဆိုသည်။

ထိုကြောင့် အဝလွန်၊ ဗိုက်ပူသည့်တပ်ဖွဲ့ဝင်များကို ညနေပိုင်းတွင် အားကစားလုပ်ရန် အချိန်ပေးထားကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့က ညနေ ၄ နာရီဆိုရင် တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီးတော့ အဝလွန်၊ ဗိုက်ပူတဲ့ တပ်ဖွဲ့ဝင်တွေဆို ကိုယ်လက် ကြံ့ခိုင်ရေးပေါ့ ပြေးတာတို့ ဒိုက်ထိုးတာတို့ ခြင်းခတ်တာတို့ ဒါလေးတွေကို ဆောင်ရွက်နေတယ်” ဟု ရဲမှူးမိုးကျော်က ဆိုသည်။



ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက အားကစားလုပ်ရန် အချိန်ရသော်လည်း နယ်မြေရဲအများစုကမူ ရဲလုပ်ငန်းများ လုပ်နေရသည့် အတွက်အားကစားလုပ်ရန် အချိန်မရကြဟု ပြောဆိုကြသည်။

ယင်းသို့ ဝိတ်လျော့နိုင်ရေးအတွက် တစ်ရက်လျှင် ၂ နာရီ သို့မဟုတ် သုံးနာရီခန့် အချိန်ပေးစေလိုကြောင်း ထားဝယ်ခရိုင်အတွင်း တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “အချိန်ပေးဖို့လိုတာပေါ့၊ မပေးဘဲနဲ့ ဘယ်လိုဝိတ်ချရမှာလဲ”ဟု အဆိုပါ တပ်ဖွဲ့ဝင်က ပြောသည်။

ယင်းသို့ အဝလွန်၊ ဗိုက်ပူ တပ်ဖွဲ့ဝင်များဝိတ်လျော့ရန် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ရဲတပ်ဖွဲ့အပြင် အကျဉ်းဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ အစရှိသည့် ဌာနများကိုလည်း ညွှန်ကြားထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ (ထားဝယ် စောင့်ကြည့်)

(Zawgyi)

ကိုယ္အေလးခ်ိန္လြန္ေနသည့္၊ ဗိုက္ပူေနသည့္ ရဲတပ္ဖြဲ႕၀င္မ်ား အခ်ိန္ (၄)လအတြင္း ကိုယ္အေလးခ်ိန္ေလွ်ာ့ရန္ ၀န္ႀကီးဌာနက ၫႊန္ၾကားထားေၾကာင္း တနသၤာရီတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး႐ုံးထံမွ သိရသည္။

ယင္းကဲ့သို႔ ကိုယ္အေလးခ်ိန္ေလ်ာ့ရန္ ေမလအလယ္ပိုင္းက ၫႊန္ၾကားထားၿပီး အခ်ိန္ (၄) လအတြင္း ဝိတ္မေလွ်ာ့ပါက ရဲစည္းကမ္းအရ အေရးယူမည္ဟု ၫႊန္ၾကားထားေၾကာင္း တိုင္းရဲတပ္ဖြဲ႕မႉး႐ုံးမွ ဒုတိယရဲမႉးႀကီးစိန္၀င္းက ဆိုသည္။ ယင္းၫႊန္ၾကားခ်က္အတိုင္းလိုက္နာရန္ သက္ဆိုင္ရာ ခ႐ိုင္၊ ၿမိဳ႕နယ္မ်ားကို ထပ္ဆင့္ၫႊန္ၾကားထားေၾကာင္း ၎က ဆိုသည္။

ကိုယ္အေလးခ်ိန္ စံသတ္မွတ္ရာတြင္ Body Mass Index (BMI) ခႏၶာ (ကိုယ္အေလးခ်ိန္ႏွင့္ အရပ္အျမင့္ အခ်ိဳးအစား) တြက္ခ်က္နည္းျဖင့္ အ၀လြန္/ မလြန္ သတ္မွတ္ျခင္းျဖစ္ေၾကာင္း သိရသည္။ ဥပမာ အရပ္အျမင့္ ငါးေပ ေလးလက္မရွိသူသည္ ကိုယ္အေလးခ်ိန္ ၁၄၀ ေပါင္ရွိပါက BMI 24 ရွိၿပီး အ၀မလြန္ဘဲ သာမန္ အေနအထားပင္ ျဖစ္သည္။



ရဲတပ္ဖြဲ႕၀င္မ်ား ႏိုင္ငံတကာရဲတပ္ဖြဲ႕ကဲ့သို႔ စမတ္က်ေစရန္ႏွင့္ က်န္းမာေရးႏွင့္ ညီၫြတ္ေစရန္ ႏိုင္ငံတကာစံႏႈန္းအတိုင္း ဝိတ္ေလ်ာ့ရန္ ျပည္ထဲေရး၀န္ႀကီးဌာန၏ ၫႊန္ၾကားခ်က္တြင္ ပါ၀င္ေၾကာင္း အမွတ္-၁၁ ယာဥ္ထိန္းရဲဒုတိယတပ္ဖြဲ႕ခြဲမႉး႐ုံး (တနသၤာရီ) မွ ရဲမႉးမိုးေက်ာ္က ဆိုသည္။

ထိုေၾကာင့္ အ၀လြန္၊ ဗိုက္ပူသည့္တပ္ဖြဲ႕၀င္မ်ားကို ညေနပိုင္းတြင္ အားကစားလုပ္ရန္ အခ်ိန္ေပးထားေၾကာင္း ၎က ေျပာသည္။

“ကြၽန္ေတာ္တို႔က ညေန ၄ နာရီဆိုရင္ တပ္ဖြဲ႕၀င္ေတြ စုေပါင္းၿပီးေတာ့ အ၀လြန္၊ ဗိုက္ပူတဲ့ တပ္ဖြဲ႕၀င္ေတြဆို ကိုယ္လက္ ႀကံ့ခိုင္ေရးေပါ့ ေျပးတာတို႔ ဒိုက္ထိုးတာတို႔ ျခင္းခတ္တာတို႔ ဒါေလးေတြကို ေဆာင္႐ြက္ေနတယ္” ဟု ရဲမႉးမိုးေက်ာ္က ဆိုသည္။



ယာဥ္ထိန္းတပ္ဖြဲ႕၀င္မ်ားက အားကစားလုပ္ရန္ အခ်ိန္ရေသာ္လည္း နယ္ေျမရဲအမ်ားစုကမူ ရဲလုပ္ငန္းမ်ား လုပ္ေနရသည့္ အတြက္အားကစားလုပ္ရန္ အခ်ိန္မရၾကဟု ေျပာဆိုၾကသည္။

ယင္းသို႔ ဝိတ္ေလ်ာ့ႏိုင္ေရးအတြက္ တစ္ရက္လွ်င္ ၂ နာရီ သို႔မဟုတ္ သုံးနာရီခန္႔ အခ်ိန္ေပးေစလိုေၾကာင္း ထား၀ယ္ခ႐ိုင္အတြင္း တာ၀န္ထမ္းေဆာင္ေနသည့္ ရဲတပ္ဖြဲ႕၀င္တစ္ဦးက ဆိုသည္။ “အခ်ိန္ေပးဖို႔လိုတာေပါ့၊ မေပးဘဲနဲ႔ ဘယ္လိုဝိတ္ခ်ရမွာလဲ”ဟု အဆိုပါ တပ္ဖြဲ႕၀င္က ေျပာသည္။

ယင္းသို႔ အ၀လြန္၊ ဗိုက္ပူ တပ္ဖြဲ႕၀င္မ်ားဝိတ္ေလ်ာ့ရန္ ျပည္ထဲေရး၀န္ႀကီးဌာန လက္ေအာက္ရွိ ရဲတပ္ဖြဲ႕အျပင္ အက်ဥ္းဦးစီးဌာန၊ မီးသတ္တပ္ဖြဲ႕ အစရွိသည့္ ဌာနမ်ားကိုလည္း ၫႊန္ၾကားထားေၾကာင္း တိုင္းရဲတပ္ဖြဲ႕မႉး႐ုံးထံမွ သိရသည္။ (ထားဝယ္ ေစာင့္ၾကည့္)

Post a Comment

Previous Post Next Post