(Unicode)


ကချင်ပြည်နယ် ဖားကန့်ဒေသ စပေါ့ကျေးရွာအနီး ဘဇံချောက်မှော် လုပ်ကွက်ဟောင်း ကမ်းပါးပြိုကျခဲ့တာကြောင့် ရေကန်ထဲ ပြုတ်ကျပြီး ၂ ဦးသေဆုံး၊ ၆ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။



ကမ်းပါးပြိုကျတာကြောင့် တပိုင်တနိုင် ရွှေမျောတိုက်သူ၊ ကျောက်စိမ်းတူးဖော်သူ ၁၅ လောက် ရေလှိုင်းရိုက်ပုတ်ခံရပြီး လုပ်ကွက်ဟောင်းရေကန်ထဲ ပြုတ်ကျခဲ့တာကြောင့် ၂ ဦး သေဆုံး၊ ၆ ဦး ပြင်းထန်ဒဏ်ရာရခဲ့တဲ့အတွက် ဖားကန့်ပြည်သူ့ဆေးရုံကို အရေးပေါ်ပို့ဆောင် ကုသထားတယ်လို့ သင်္ခါလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးခင်မောင်က ပြောပါတယ်။


သေဆုံးသူနဲ့ ပြင်းထန်ဒဏ်ရာရရှိသူတွေဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာ မသိရသေးဘူးလို့ ဒေသ တာဝန်ရှိသူတွေက ပြောပါတယ်။ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မိုးရွာသွန်းမှုကြောင့် ခုလိုဖြစ်စဉ်မျိုး ၂၀၂၀ ပြည့်နှစ်အတွင်း ၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဒီဗွီဘီ

(Zawgyi)


ကခ်င္ျပည္နယ္ ဖားကန႔္ေဒသ စေပါ့ေက်း႐ြာအနီး ဘဇံေခ်ာက္ေမွာ္ လုပ္ကြက္ေဟာင္း ကမ္းပါးၿပိဳက်ခဲ့တာေၾကာင့္ ေရကန္ထဲ ျပဳတ္က်ၿပီး ၂ ဦးေသဆုံး၊ ၆ ဦး ျပင္းထန္ဒဏ္ရာရခဲ့ပါတယ္။



ကမ္းပါးၿပိဳက်တာေၾကာင့္ တပိုင္တႏိုင္ ေ႐ႊေမ်ာတိုက္သူ၊ ေက်ာက္စိမ္းတူးေဖာ္သူ ၁၅ ေလာက္ ေရလႈိင္း႐ိုက္ပုတ္ခံရၿပီး လုပ္ကြက္ေဟာင္းေရကန္ထဲ ျပဳတ္က်ခဲ့တာေၾကာင့္ ၂ ဦး ေသဆုံး၊ ၆ ဦး ျပင္းထန္ဒဏ္ရာရခဲ့တဲ့အတြက္ ဖားကန႔္ျပည္သူ႔ေဆး႐ုံကို အေရးေပၚပို႔ေဆာင္ ကုသထားတယ္လို႔ သခၤါလူမႈကူညီေရးအသင္းဥကၠ႒ ဦးခင္ေမာင္က ေျပာပါတယ္။


ေသဆုံးသူနဲ႔ ျပင္းထန္ဒဏ္ရာရရွိသူေတြဟာ မည္သူမည္ဝါျဖစ္တယ္ဆိုတာ မသိရေသးဘူးလို႔ ေဒသ တာဝန္ရွိသူေတြက ေျပာပါတယ္။ဖားကန္႔ေက်ာက္စိမ္းတြင္းေဒသမွာ မိုး႐ြာသြန္းမႈေၾကာင့္ ခုလိုျဖစ္စဥ္မ်ိဳး ၂၀၂၀ ျပည့္ႏွစ္အတြင္း ၅ ႀကိမ္ထက္မနည္းျဖစ္ပြားခဲ့ၿပီး လူ ၄ ဦး ေသဆုံးခဲ့ၿပီး ျဖစ္ပါတယ္။

ဒီဗီြဘီ

Post a Comment

Previous Post Next Post