(Unicode)

မကြာသေးခင်က အမေရိကန်ပြည်ထောင်စုမြို့တော်မှာ ဆန္ဒပြမှုတွေကြောင့် သူတို့ကိုဖြန့်ကျက်နေရာချထားချိန် COVID-19 ကူးစက်မှုတွေရှိခဲ့ကြောင့် အမေရိကန်အမျိုးသားအစောင့်တပ်ဖွဲ့တွေက ဇွန်လ ၉ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။



စစ်ဆင်ရေးလုံခြုံမှုကြောင့် ဘယ်နှယောက်ကူးစက်သလဲဆိုတာ ထုတ်မပြောနိုင်ဘူးလို့ ဝါရှင်တန်ဒီစီအမျိုးသား အစောင့်တပ်ဖွဲ့ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးဘရွတ်ကီ ဒါဗီးစ်ကပြောပါတယ်။

မင်နီယာပိုလစ်ရဲတပ်ဖွဲ့က ရဲအရာရှိဒဲရက် ချော်ဗင်ရဲ့အင်အားအလွန်အကျွံသုံးထိန်းသိမ်းမှုကြောင့် ဂျော့ဖလွိုက်သေဆုံးခဲ့တဲ့အတွက် အိမ်ဖြူတော်အရှေ့နဲ့ တခြားနေရာတွေမှာ ဆန္ဒပြမှုတွေကို ထိန်းသိမ်းအပြီး တပ်ဖွဲ့ဝင် ၁၇၀၀ လောက်ကို အနားပေးထားချိန်မှာ အခုလိုကူးစက်မှုတွေရှိနေတာပါ။



ဆန္ဒထုတ်ဖော်ရာကနေ အကြမ်းဖက်ဆန္ဒပြမှုတွေနဲ့ ဖျက်ဆီးလုယက်မှုတွေ အသွင်ပြောင်းသွားပြီးနောက် ဇွန် ၁ ရက်မှာ တပ်ဖွဲ့ဝင်တွေကို မြို့တော်ဝန်နဲ့ ဖက်ဒရယ်အစိုးရက တာဝန်ထမ်းဆောင်ခိုင်းခဲ့တာပါ။

တာဝန်မထမ်းဆောင်ခင်နဲ့ ထမ်းဆောင်အပြီးမှာ သူတို့ကို COVID-19 စစ်ဆေးခဲ့တယ်လို့ ဒါဗီးစ်ကပြောပါတယ်။ ဆန္ဒပြသူတွေက နှာခေါင်းစည်းတွေ တပ်ထားပေမဲ့ တပ်ဖွဲ့ဝင်တွေကတော့ တပ်မထားခဲ့ဘူးလို့လည်း ပြောပါတယ်။



အမေရိကန်နိုင်ငံမှာ လက်ရှိအချိန်ထိ COVID-19 ကြောင့်သေဆုံးသူ ၁၁၃၀၀၀ ကျော်ရှိနေပြီး ကူးစက်ခံရသူ ၂ သန်းကျော် ရှိနေပါတယ်။

(Zawgyi)


မၾကာေသးခင္က အေမရိကန္ျပည္ေထာင္စုၿမိဳ႕ေတာ္မွာ ဆႏၵျပမႈေတြေၾကာင့္ သူတို႔ကိုျဖန္႔က်က္ေနရာခ်ထားခ်ိန္ COVID-19 ကူးစက္မႈေတြရွိခဲ့ေၾကာင့္ အေမရိကန္အမ်ိဳးသားအေစာင့္တပ္ဖြဲ႕ေတြက ဇြန္လ ၉ ရက္ အဂၤါေန႔မွာ ေျပာပါတယ္။



စစ္ဆင္ေရးလုံၿခဳံမႈေၾကာင့္ ဘယ္ႏွေယာက္ကူးစက္သလဲဆိုတာ ထုတ္မေျပာႏိုင္ဘူးလို႔ ဝါရွင္တန္ဒီစီအမ်ိဳးသား အေစာင့္တပ္ဖြဲ႕ေျပာခြင့္ရ ဒုတိယဗိုလ္မွဴးႀကီးဘရြတ္ကီ ဒါဗီးစ္ကေျပာပါတယ္။

မင္နီယာပိုလစ္ရဲတပ္ဖြဲ႕က ရဲအရာရွိဒဲရက္ ေခ်ာ္ဗင္ရဲ႕အင္အားအလြန္အကြၽံသုံးထိန္းသိမ္းမႈေၾကာင့္ ေဂ်ာ့ဖလြိဳက္ေသဆုံးခဲ့တဲ့အတြက္ အိမ္ျဖဴေတာ္အေရွ႕နဲ႔ တျခားေနရာေတြမွာ ဆႏၵျပမႈေတြကို ထိန္းသိမ္းအၿပီး တပ္ဖြဲ႕ဝင္ ၁၇၀၀ ေလာက္ကို အနားေပးထားခ်ိန္မွာ အခုလိုကူးစက္မႈေတြရွိေနတာပါ။



ဆႏၵထုတ္ေဖာ္ရာကေန အၾကမ္းဖက္ဆႏၵျပမႈေတြနဲ႔ ဖ်က္ဆီးလုယက္မႈေတြ အသြင္ေျပာင္းသြားၿပီးေနာက္ ဇြန္ ၁ ရက္မွာ တပ္ဖြဲ႕ဝင္ေတြကို ၿမိဳ႕ေတာ္ဝန္နဲ႔ ဖက္ဒရယ္အစိုးရက တာဝန္ထမ္းေဆာင္ခိုင္းခဲ့တာပါ။

တာဝန္မထမ္းေဆာင္ခင္နဲ႔ ထမ္းေဆာင္အၿပီးမွာ သူတို႔ကို COVID-19 စစ္ေဆးခဲ့တယ္လို႔ ဒါဗီးစ္ကေျပာပါတယ္။ ဆႏၵျပသူေတြက ႏွာေခါင္းစည္းေတြ တပ္ထားေပမဲ့ တပ္ဖြဲ႕ဝင္ေတြကေတာ့ တပ္မထားခဲ့ဘူးလို႔လည္း ေျပာပါတယ္။



အေမရိကန္ႏိုင္ငံမွာ လက္ရိွအခ်ိန္ထိ COVID-19 ေၾကာင့္ေသဆုံးသူ ၁၁၃၀၀၀ ေက်ာ္ရွိေနၿပီး ကူးစက္ခံရသူ ၂ သန္းေက်ာ္ ရွိေနပါတယ္။

Post a Comment

Previous Post Next Post