(Unicode)

စားသောက် ဆိုင်မှာ အလယ်က အကာကြီးက အဆင်မပြေ ဘူး။ သဘာဝလည်း မကျဘူးလို့ ထင်တယ်။

တစ်အိမ်တည်းနေ၊ တစ်ကားတည်းစီးလာပြီး စားသောက်ဆိုင်ရောက်မှာ အကာကြီးနှစ်ဖက်ခြားပြီး စားရတာ ကျန်းမာရေးအတွက် ဘာအထောက်အကူမှ မဖြစ်ဘူး။ ပြီးတော့ အဲ့အကာကြီးမှာ ဘာတွေကပ်နေမလဲ ပိုပြီး စိတ်မသန့်ဘူး။ အဲ့အကာတွေကို သန့်ရှင်းရေးလုပ်မယ့်သူတွေကရော PPEလို အကာအကွယ်မပါဘဲ သန့်ရှင်းရေးလုပ်ရင် သူတို့အတွက် အန္တရာယ် ပိုရှိနိုင် မလား။


ကိုဗစ်အတွက် ခပ်ခွာခွာ နေဖို့ လိုအပ်တာ နားလည်တယ်။ အဲ့အတွက်ဆိုရင် အလယ်က အကာအရံထက် ဘေးဝိုင်းတွေနဲ့ အကာအရံလုပ်ထားတာက ပိုသင့်တော်တယ်လို့ ယူဆတယ်။ ခုံတွေကို နေရာချဲမယ်။ တစ်ခုံနဲ့တစ်ခုံကြား အကာအရံတွေ ကာမယ်။ အဲ့လိုက ပိုကာကွယ်ရာ ကျမယ်ထင်တယ်။ တစ်အိမ်တည်းနေ၊ တစ်ကားတည်းစီးလာတဲ့လူကြား ကာတာထက် ဘေးဝိုင်းက ဘယ်ကမှန်း မသိတဲ့ လူတွေနဲ့ ကာရံထားတာက ရောဂါကာကွယ်ဖို့ ပိုလက်တွေ့ကျတယ်လို့ မြင်ပါ တယ်။

ကိုဗစ်ကြီးက ကာကွယ်ဆေးလည်း ခုထိ မသေချာဘူး။ ကာလကြီးက ကြာရှည်ဦးမယ်သဘော။ တစ်သက်လုံး အမြဲတမ်း ဒင်းနဲ့ ယှဉ်တွဲနေထိုင်ရတာမျိုးလည်း ဖြစ်သွားနိုင်တယ်။ အဲ့တော့ ပုံစံအသစ်နဲ့ အသားတကျ New Normal အနေအထားနဲ့ အသက်ရှင်ရပ်တည်သွားဖို့ စီမံတဲ့ အစီအစဉ်တွေဟာ ခေတ္တခဏအတွက် အပြမဟုတ်ဘဲ တကယ်ထိရောက်ပြီး တကယ်အဆင်ပြေတဲ့ နည်းမျိုးတွေကို စဉ်းစားကြေ စချင်တ ယ်။



တစ်အိမ်တည်းနေ၊ တစ်ကားတည်းစီး၊ ကူးမယ်ဆို အဲ့မှာတည်းက ကူးနေပြီ။ စားသောက်ဆိုင်ရောက်မှ အကာကြီးခြားစားလိုက်တာနဲ့ မကူးစရာမ ရှိပါဘူး။

အဆင်မပြေပါဘူးနော်….

အိပန်ဆယ်လို

(Zawgyi)

စားေသာက္ ဆိုင္မွာ အလယ္က အကာႀကီးက အဆင္မေျပ ဘူး။ သဘာဝလည္း မက်ဘူးလို႔ ထင္တယ္။

တစ္အိမ္တည္းေန၊ တစ္ကားတည္းစီးလာၿပီး စားေသာက္ဆိုင္ေရာက္မွာ အကာႀကီးႏွစ္ဖက္ျခားၿပီး စားရတာ က်န္းမာေရးအတြက္ ဘာအေထာက္အကူမွ မျဖစ္ဘူး။ ၿပီးေတာ့ အဲ့အကာႀကီးမွာ ဘာေတြကပ္ေနမလဲ ပိုၿပီး စိတ္မသန္႔ဘူး။ အဲ့အကာေတြကို သန္႔ရွင္းေရးလုပ္မယ့္သူေတြကေရာ PPEလို အကာအကြယ္မပါဘဲ သန္႔ရွင္းေရးလုပ္ရင္ သူတို႔အတြက္ အႏၲရာယ္ ပိုရွိႏိုင္ မလား။



ကုိဗစ္အတြက္ ခပ္ခြာခြာ ေနဖုိ႔ လိုအပ္တာ နားလည္တယ္။ အဲ့အတြက္ဆိုရင္ အလယ္က အကာအရံထက္ ေဘးဝိုင္းေတြနဲ႔ အကာအရံလုပ္ထားတာက ပိုသင့္ေတာ္တယ္လို႔ ယူဆတယ္။ ခုံေတြကို ေနရာခ်ဲမယ္။ တစ္ခုံနဲ႔တစ္ခုံၾကား အကာအရံေတြ ကာမယ္။ အဲ့လိုက ပိုကာကြယ္ရာ က်မယ္ထင္တယ္။ တစ္အိမ္တည္းေန၊ တစ္ကားတည္းစီးလာတဲ့လူၾကား ကာတာထက္ ေဘးဝိုင္းက ဘယ္ကမွန္း မသိတဲ့ လူေတြနဲ႔ ကာရံထားတာက ေရာဂါကာကြယ္ဖို႔ ပိုလက္ေတြ႕က်တယ္လို႔ ျမင္ပါ တယ္။

ကုိဗစ္ႀကီးက ကာကြယ္ေဆးလည္း ခုထိ မေသခ်ာဘူး။ ကာလႀကီးက ၾကာရွည္ဦးမယ္သေဘာ။ တစ္သက္လုံး အၿမဲတမ္း ဒင္းနဲ႔ ယွဥ္တြဲေနထိုင္ရတာမ်ိဳးလည္း ျဖစ္သြားႏိုင္တယ္။ အဲ့ေတာ့ ပုံစံအသစ္နဲ႔ အသားတက် New Normal အေနအထားနဲ႔ အသက္ရွင္ရပ္တည္သြားဖို႔ စီမံတဲ့ အစီအစဥ္ေတြဟာ ေခတၱခဏအတြက္ အျပမဟုတ္ဘဲ တကယ္ထိေရာက္ၿပီး တကယ္အဆင္ေျပတဲ့ နည္းမ်ိဳးေတြကို စဥ္းစားၾကေ စခ်င္တ ယ္။


တစ္အိမ္တည္းေန၊ တစ္ကားတည္းစီး၊ ကူးမယ္ဆို အဲ့မွာတည္းက ကူးေနၿပီ။ စားေသာက္ဆိုင္ေရာက္မွ အကာႀကီးျခားစားလိုက္တာနဲ႔ မကူးစရာမ ရွိပါဘူး။

အဆင္မေျပပါဘူးေနာ္….

အိပန္ဆယ္လုိ

Post a Comment

Previous Post Next Post