(Unicode)

အသက်မပြည့်သူ မိန်းကလေးအား မိခင်၏ ဦးလေးနှင့် အဒေါ်၏ ယောကျ်ားမှ ပြုကျင့်မှုဖြစ်ပွား…

သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ နဘဲကွင်းကျေးရွာအုပ်စုတွင် မိခင်၏ ဦးလေးဖြစ်သူနှင့် အဒေါ်ဖြစ်သူ၏ ယောက်ျားဖြစ်သူမှ အသက် ၁၅ နှစ်ကျော် မိန်းကလေးငယ်အား သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း လက်ပံတန်းမြို့မရဲစခန်း တာဝန်ရှိသူတဦးထံမှ သိရှိရပါသည်။

ဖြစ်စဉ်မှာ ဇွန်လ ၄ ရက်နေ့ ညတွင် လက်ပံတန်းမြို့၊ နဘဲကွင်းကျေးရွာအုပ်စုတွင် အသက် ၁၅ နှစ် ၁၀ လအရွယ် မိန်းကလေးအား မိခင်ဖြစ်သူနှင့် အဒေါ်ဖြစ်သူမှ အိမ်ထောင်အတင်းချပေးရန် စီစဉ်သည်ကို ဖခင်ဖြစ်သူမှ မကျေနပ်သဖြင့် အရက်သေစာ သောက်စားပြီး အော်ဟစ်သောင်းကျန်းနေသဖြင့် လက်ပံတန်းမြို့မရဲစခန်းသို့ ဆက်သွယ်တိုင်ကြားသဖြင့် နယ်ထိန်းတပ်ဖွဲ့မှသွားရောက်စဉ် မူးယစ်ယမ်းကားသည့်အကြောင်းအား ရှင်းပြရာမှ မသင်္ကာ၍ အဆိုပါမိန်းကလေးအား ခေါ်ယူစစ်ဆေးခဲ့ရာ မိခင်၏ ဦးလေးတော်စပ်သူမှ ၂ ကြိမ်၊ အဒေါ်၏ ယောက်ျားမှ ၁ ကြိမ် ပြုကျင့်ခံခဲ့ရကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း လက်ပံတန်းမြို့မ ရဲစခန်းမှ စခန်းမှူး ဒရဲမှူးမျိုးညွန့် ထံမှ သိရသည်။

“ကလေးမအမေနဲ့ သူ့အဒေါ်က ယောက်ျားအတင်းစီစဉ်တာကို ဖအေဖြစ်သူက ငါ့သမီးလေး အသက်မပြည့်သေးတာကို ယောက်ျားအတင်းပေးစားရလားဆိုပြီး အရက်သောက်ပြီး သောင်းကျန်းလို့ ရဲကိုခေါ်ပြီးဖမ်းခိုင်းတာ ရဲကလာဖမ်းတော့ ရဲကို ငိုယိုပြီး ကလေးကို ယောက်ျားအတင်းပေးစားလို့ သူသောင်းကျန်းတာဖြစ်ကြောင်း ပြောတော့မှ ရဲက ကလေးမလေးကို ခေါ်စစ်တော့ ပြုကျင့်ခံရတဲ့ကိစ္စ ပေါ်လာတာ။ အဓိက ကလေးမ အမေနဲ့ အဒေါ်က ဒီကိစ္စကိုသိလို့ နွားမရွံ့ပိတ်ပြီး အတင်းရောင်းတဲ့ ပုံစံမျိုးလုပ်တာ အဲဒါကို ဖခင်ကမသိတာပါ။” ဟု လက်ပံတန်းမြို့ ဒေသခံတဦးကရှင်းပြသည်။

အသက်မပြည့်သေးသည့် မိန်းကလေးကို သားမယားပြုကျင့်ခဲ့သည့် အသက် ၃၃ နှစ်အရွယ် တင်ဝင်းလှိုင် (၃၃နှစ်) နှင့် အသက် ၃၂ နှစ်အရွယ် ကျော်ထူး(ခ) ကျော်ဝင်းအောင်တို့ နှစ်ဦးတို့အား မိန်းကလေး၏ ဖခင်ဖြစ်သူမှ တရားလိုပြုလုပ်ကာ လက်ပံတန်းမြို့မရဲစခန်းမှ (ပ)၄၇၈/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


(Zawgyi)

အသက္မျပည့္သူ မိန္းကေလးအား မိခင္၏ ဦးေလးႏွင့္ အေဒၚ၏ ေယာက်္ားမွ ျပဳက်င့္မႈျဖစ္ပြား…

သာယာဝတီခ႐ိုင္၊ လက္ပံတန္းၿမိဳ႕၊ နဘဲကြင္းေက်း႐ြာအုပ္စုတြင္ မိခင္၏ ဦးေလးျဖစ္သူႏွင့္ အေဒၚျဖစ္သူ၏ ေယာက္်ားျဖစ္သူမွ အသက္ ၁၅ ႏွစ္ေက်ာ္ မိန္းကေလးငယ္အား သားမယားအျဖစ္ ျပဳက်င့္ခဲ့ေၾကာင္း လက္ပံတန္းၿမိဳ႕မရဲစခန္း တာဝန္ရွိသူတဦးထံမွ သိရွိရပါသည္။

ျဖစ္စဥ္မွာ ဇြန္လ ၄ ရက္ေန႔ ညတြင္ လက္ပံတန္းၿမိဳ႕၊ နဘဲကြင္းေက်း႐ြာအုပ္စုတြင္ အသက္ ၁၅ ႏွစ္ ၁၀ လအ႐ြယ္ မိန္းကေလးအား မိခင္ျဖစ္သူႏွင့္ အေဒၚျဖစ္သူမွ အိမ္ေထာင္အတင္းခ်ေပးရန္ စီစဥ္သည္ကို ဖခင္ျဖစ္သူမွ မေက်နပ္သျဖင့္ အရက္ေသစာ ေသာက္စားၿပီး ေအာ္ဟစ္ေသာင္းက်န္းေနသျဖင့္ လက္ပံတန္းၿမိဳ႕မရဲစခန္းသို႔ ဆက္သြယ္တိုင္ၾကားသျဖင့္ နယ္ထိန္းတပ္ဖြဲ႕မွသြားေရာက္စဥ္ မူးယစ္ယမ္းကားသည့္အေၾကာင္းအား ရွင္းျပရာမွ မသကၤာ၍ အဆိုပါမိန္းကေလးအား ေခၚယူစစ္ေဆးခဲ့ရာ မိခင္၏ ဦးေလးေတာ္စပ္သူမွ ၂ ႀကိမ္၊ အေဒၚ၏ ေယာက္်ားမွ ၁ ႀကိမ္ ျပဳက်င့္ခံခဲ့ရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း လက္ပံတန္းၿမိဳ႕မ ရဲစခန္းမွ စခန္းမႉး ဒရဲမႉးမ်ိဳးၫြန႔္ ထံမွ သိရသည္။

“ကေလးမအေမနဲ႔ သူ႔အေဒၚက ေယာက္်ားအတင္းစီစဥ္တာကို ဖေအျဖစ္သူက ငါ့သမီးေလး အသက္မျပည့္ေသးတာကို ေယာက္်ားအတင္းေပးစားရလားဆိုၿပီး အရက္ေသာက္ၿပီး ေသာင္းက်န္းလို႔ ရဲကိုေခၚၿပီးဖမ္းခိုင္းတာ ရဲကလာဖမ္းေတာ့ ရဲကို ငိုယိုၿပီး ကေလးကို ေယာက္်ားအတင္းေပးစားလို႔ သူေသာင္းက်န္းတာျဖစ္ေၾကာင္း ေျပာေတာ့မွ ရဲက ကေလးမေလးကို ေခၚစစ္ေတာ့ ျပဳက်င့္ခံရတဲ့ကိစၥ ေပၚလာတာ။ အဓိက ကေလးမ အေမနဲ႔ အေဒၚက ဒီကိစၥကိုသိလို႔ ႏြားမ႐ြံ႕ပိတ္ၿပီး အတင္းေရာင္းတဲ့ ပုံစံမ်ိဳးလုပ္တာ အဲဒါကို ဖခင္ကမသိတာပါ။” ဟု လက္ပံတန္းၿမိဳ႕ ေဒသခံတဦးကရွင္းျပသည္။

အသက္မျပည့္ေသးသည့္ မိန္းကေလးကို သားမယားျပဳက်င့္ခဲ့သည့္ အသက္ ၃၃ ႏွစ္အ႐ြယ္ တင္ဝင္းလႈိင္ (၃၃ႏွစ္) ႏွင့္ အသက္ ၃၂ ႏွစ္အ႐ြယ္ ေက်ာ္ထူး(ခ) ေက်ာ္ဝင္းေအာင္တို႔ ႏွစ္ဦးတို႔အား မိန္းကေလး၏ ဖခင္ျဖစ္သူမွ တရားလိုျပဳလုပ္ကာ လက္ပံတန္းၿမိဳ႕မရဲစခန္းမွ (ပ)၄၇၈/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Post a Comment

Previous Post Next Post