(Unicode)

ကုက္ကိုပင်ကိစ္စဖြင့်ခိုက်ရန်ဖြစ်ပွားပြီး ငယ်ပါ(ဝှေးစေ့)ကို ပြုတ်အောင်ကိုက်ဖြတ်မှု ဖြစ်ပွား

ခြေရင်းနှင့်ခေါင်းရင်းအိမ်နီးချင်းအဖြစ်နေထိုင်သူအချင်းချင်းခိုက်ရန်ဖြစ်ပွားပြီး ငယ်ပါပြုတ်အောင်ကိုက်ဖြတ်သွားသည့်ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ်တစ်ခု နတ်တလင်းမြို့ ၌ ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ထိပ်ပိတ်ကျေးရွာအုပ်စု၊ ကျီးပင်ရွာ၌နေထိုင်သည့် ၅၇ နှစ်ရှိ ဦးလှစိုးသည် ဇွန် ၉ ရက်၊ ညနေ ၅ နာရီတွင် နောက်ဖေးခြံထဲ၌ ဝက်ကျောင်းနေစဉ် ခေါင်းရင်းခြံ၌နေထိုင်ကြသည့် မမာလေး(၃၉)နှစ်၊ ဒေါ်တင်တင်ညို(၄၉)နှစ်နှင့် ဒေါ်တင်တင်မှီ(၇၁)နှစ်ဆိုသည့် အမျိုးသမီး(၃)ဦးတို့ ရောက်ရှိလာကာ ၎င်းတို့ခြံ(၂)ခြံကြား၌ ကုက္ကိုပင်စိုက်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ဦးလှစိုးကို ရန်တွေ့ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။

အပြန်အလှန်အော်ဟစ်စကားများကြရာမှ ဦးလှစိုးမှာ၎င်း၏နေအိမ်ခြံဝင်းအတွင်းဝင်မည်ပြုစဉ် မမာလေးက အရှည်(၃)တောင်ခန့်ရှိဝါးတုတ်ဖြင့် ရိုက်လိုက်ရာဦးလှစိုးလဲကျသွားကြောင်း၊ ဒေါ်တင်တင်ညိုကလည်းထပ်မံ၍ဝါးတိုတ်ဖြင့် ရိုက်သဖြင့် ဦးလှစိုး သည် ဦးခေါင်းနှင့်ကျောကုန်းတို့ဖူးယောင်ဒဏ်ရာရရှိခဲ့သည်။



ထိုစဉ်တွင် မမာလေးကဦးလှစိုးပေါင်ကြားထဲဝင်ကာ ငယ်ပါ(ဝှေးစေ့)ကို ကိုက်ဖြတ်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကို မြင်တွေ့သည့် ဦးလှစိုး၏ဇနီး ဒေါ်စန်းနွဲ့ကဝင်ရောက်တားမြစ်ရန်ပြုနေစဉ် ဒေါ်တင်တင်ညိုမှ ဝါးတုတ်ဖြင့် ရိုက်လိုက်ရာဝဲမျက်ခုံးဖူးယောင်ဒဏ်ရာတစ်ချက်ဒေါ်စန်းနွဲ့က ရရှိသွားခဲ့ကြောင်း၊ ၎င်း၏ခင်ပွန်းမှာလည်း ငယ်ပါ(ဝှေးစေ့)တစ်လုံးပြုတ်ထွက်ဒဏ်ရာထပ်မံရရှိသွားခဲ့ကြောင်း သိရသ ည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နေအိမ်ခြံဝင်းအတွင်းကျူးကျော်ကာ နာကျင်ဒဏ်ရာရရှိအောင်ပြုလုပ်ခဲ့ကြသည့် မမာလေး(၃၉)နှစ်၊ ဒေါ်တင်တင်ညို(၄၉)နှစ်နှင့် အားပေးကူညီသူ ဒေါ်တင်တင်မှီ(၇၁)နှစ်တို့(၃)ဦးကို ရာဇသတ်ကြီးပုဒ်မ – ၄၄၇/၃၂၆/၃၂၃/၁၁၄ တို့ဖြင့် နတ်တလင်းမြို့မရဲစခန်း၌ အရေးယူထားပြီး ဦးလှစိုးကို ပြည်ဆေးရုံကြီးသို့ တင်ပို့ကုသစေခဲ့ရကြောင်း သတင်းရရှိသည်။

Credit to AKonThi


(Zawgyi)


ကုကၠိဳပင္ကိစၥျဖင့္ခိုက္ရန္ျဖစ္ပြားၿပီး ငယ္ပါ(ေ၀ွးေစ့)ကို ျပဳတ္ေအာင္ကိုက္ျဖတ္မႈ ျဖစ္ပြား

ေျခရင္းႏွင့္ေခါင္းရင္းအိမ္နီးခ်င္းအျဖစ္ေနထိုင္သူအခ်င္းခ်င္းခိုက္ရန္ျဖစ္ပြားၿပီး ငယ္ပါျပဳတ္ေအာင္ကိုက္ျဖတ္သြားသည့္ခိုက္ရန္ျဖစ္ပြားမႈျဖစ္စဥ္တစ္ခု နတ္တလင္းၿမိဳ႕ ၌ ျဖစ္ပြားေၾကာင္း သတင္းရရွိသည္။

ပဲခူးတိုင္းေဒသႀကီး၊ နတ္တလင္းၿမိဳ႕နယ္၊ ထိပ္ပိတ္ေက်းရြာအုပ္စု၊ က်ီးပင္ရြာ၌ေနထိုင္သည့္ ၅၇ ႏွစ္ရွိ ဦးလွစိုးသည္ ဇြန္ ၉ ရက္၊ ညေန ၅ နာရီတြင္ ေနာက္ေဖးၿခံထဲ၌ ၀က္ေက်ာင္းေနစဥ္ ေခါင္းရင္းၿခံ၌ေနထုိင္ၾကသည့္ မမာေလး(၃၉)ႏွစ္၊ ေဒၚတင္တင္ညိဳ(၄၉)ႏွစ္ႏွင့္ ေဒၚတင္တင္မီွ(၇၁)ႏွစ္ဆိုသည့္ အမ်ိဳးသမီး(၃)ဦးတို႔ ေရာက္ရွိလာကာ ၎တို႔ၿခံ(၂)ၿခံၾကား၌ ကုကၠိဳပင္စိုက္ခဲ့သည့္ကိစၥႏွင့္ပတ္သက္၍ ဦးလွစိုးကို ရန္ေတြ႔ခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရ သည္။

အျပန္အလွန္ေအာ္ဟစ္စကားမ်ားၾကရာမွ ဦးလွစိုးမွာ၎၏ေနအိမ္ၿခံ၀င္းအတြင္း၀င္မည္ျပဳစဥ္ မမာေလးက အရွည္(၃)ေတာင္ခန္႔ရွိ၀ါးတုတ္ျဖင့္ ရိုက္လိုက္ရာဦးလွစိုးလဲက်သြားေၾကာင္း၊ ေဒၚတင္တင္ညိဳကလည္းထပ္မံ၍၀ါးတိုတ္ျဖင့္ ရိုက္သျဖင့္ ဦးလွစိုး သည္ ဦးေခါင္းႏွင့္ေက်ာကုန္းတို႔ဖူးေယာင္ဒဏ္ရာရရွိခဲ့သည္။

ထိုစဥ္တြင္ မမာေလးကဦးလွစိုးေပါင္ၾကားထဲ၀င္ကာ ငယ္ပါ(ေ၀ွးေစ့)ကို ကိုက္ျဖတ္ခဲ့ေၾကာင္း၊ ယင္းျဖစ္စဥ္ကို ျမင္ေတြ႔သည့္ ဦးလွစိုး၏ဇနီး ေဒၚစန္းႏြဲ႔က၀င္ေရာက္တားျမစ္ရန္ျပဳေနစဥ္ ေဒၚတင္တင္ညိဳမွ ၀ါးတုတ္ျဖင့္ ရိုက္လိုက္ရာ၀ဲမ်က္ခံုးဖူးေယာင္ဒဏ္ရာတစ္ခ်က္ေဒၚစန္းႏြဲ႔က ရရွိသြားခဲ့ေၾကာင္း၊ ၎၏ခင္ပြန္းမွာလည္း ငယ္ပါ(ေ၀ွးေစ့)တစ္လံုးျပဳတ္ထြက္ဒဏ္ရာထပ္မံရရွိသြားခဲ့ေၾကာင္း သိရသ ည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ေနအိမ္ၿခံ၀င္းအတြင္းက်ဴးေက်ာ္ကာ နာက်င္ဒဏ္ရာရရွိေအာင္ျပဳလုပ္ခဲ့ၾကသည့္ မမာေလး(၃၉)ႏွစ္၊ ေဒၚတင္တင္ညိဳ(၄၉)ႏွစ္ႏွင့္ အားေပးကူညီသူ ေဒၚတင္တင္မွီ(၇၁)ႏွစ္တို႔(၃)ဦးကို ရာဇသတ္ႀကီးပုဒ္မ – ၄၄၇/၃၂၆/၃၂၃/၁၁၄ တို႔ျဖင့္ နတ္တလင္းၿမိဳ႕မရဲစခန္း၌ အေရးယူထားၿပီး ဦးလွစိုးကို ျပည္ေဆးရံုႀကီးသို႔ တင္ပို႔ကုသေစခဲ့ရေၾကာင္း သတင္းရရွိသည္။

Credit to AKonThi

Post a Comment

Previous Post Next Post