(Unicode)

သူနာပြုဆရာမ အကြမ်းဖက် လုယက်ခံရမှု သုံးရက်အတွင်း မုံရွာရဲများက ဖော်ထုတ်ဖမ်းဆီး အရေးယူ

မုံရွာ ၊ ဇွန် ၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက် DENKO စက်သုံးဆီဆိုင်၏ အနောက်ဘက်အနီး အရိပ်ရ သစ်ပင်အောက်တွင် မေလ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ၂၀ မိနစ်အချိန်က နားခိုနေသည့် သူနာပြုဆရာမ စုံတွဲအား လူလေးဦးမှ အကြမ်းဖက် လုယက်ခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှ အမှုရေးဖွင့် မှတ်တမ်း တင်ထားသည်။



မုံရွာမြို့ ပြည်ထောင်စုလမ်းရှိ ပြင်ပ အထူးကုဆေးရုံတစ်ခုတွင် တာဝန်ထမ်းဆောင်လျက်ရှိသော သူနာပြု ဆရာမတစ်ဦးသည် သူမ၏ ခင်ပွန်လောင်း နှင့်အတူ အရိပ်ရ သစ်ပင်အောက်တွင် နားခိုနေစဉ် ဆေးမှင်ကြောင်များ ရေးထိုးထားသည့် အမည်မသိ လူလေးဦးသည် သစ်ပင်နောက်မှ ရုတ်တရက် ရောက်ရှိလာပြီး သူနာပြု ဆရာမ၏ ခင်ပွန်းလောင်အား ဓားဖြင့်ထောက်ကာ လက်သီးဖြင့် ဝိုင်းဝန်းထိုးကြိတ်ပြီး “ .. အရက်ဖိုးပေး.. ” ဟု ပြောဆို တောင်းရမ်းခဲ့သည်။

ထိုအချိန်တွင် သူနာပြုဆရာမသည် ထွက်ပြေးခဲ့ရာ ယင်း လူလေးဦးမှ “ … ကောင်းမလေး မပြေးနဲ့ ပြေးရင် ဒီကောင်ကို သတ်ပစ်မယ် … ” ဟုပြောဆိုပြီး သူနာပြု၏ ခင်ပွန်လောင်းအား ဓားဖြင့် နှစ်ချက်ထိုးကာ တုတ်ဖြင့် အကြမ်းဖက် ရိုက်နှက်ခဲ့သည်။


ထို့အပြင် သူနာပြုဆရာမ၏ ငွေကျပ် ၁၅၅၅၁၅ ကျပ်       ( တစ်သိန်း ငါးသောင်း ငါးထောင့်ငါးရာ တစ်ဆယ့်ငါးကျပ်) ပါ လက်ကိုင်ပိုက်ဆံအိတ်နှင့် လက်ကိုင်ဖုန်းများကို ထိုသူများက လုယူ ထွက်ပြေးသွားခဲ့သည်။

အဆိုပါ ဇြစ်စဉ်နှင့် ပတ်သက်၍ မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်မှ “ .. အဲ့ဒီအမှုကို ပြစ်မှုကြီး အမှတ်စဉ် ၈/ ၂၀၂၀ ၊ ရဲစခန်း (ပ) ၅၈၃ /၂၀၂၀ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ အရ အရေးယူဆောင်ရွက်လျက်ရှိတယ် ..” ပြောသည်။

ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှန် အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းညွှန့်မှ အနီးကပ်ကြီးကြပ်၍ မုံရွာခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့ (မှု/နှိမ်) မုံရွာမြို့မရဲစခန်း နယ်ထိန်းအဖွဲ့ နှင့် တိုင်းမှုကူအဖွဲ့များ ပူးပေါင်းကာ


အကြမ်းဖက် လုယက်သူများကို ခြေရာခံ စုံစမ်းဖော်ထုတ်ခဲ့ ရာ ယခုလ ၂ ရက်နေ့ မနက်ပိုင်းက မုံရွာခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့မှ လုယက်ကျူးလွန်သူ လူလေးဦးအနက် သုံးဦးအား လုယက်ပါ ဖုန်းများနှင့်အတူ လုယက်မှုကျူးလွန်ခဲ့စဉ်က အသုံးပြုသော ဓားဦးချွန် တစ်လက် ၊ တုတ်တစ်ချောင်းတို့နှင့်အတူ လက်ရ ဖမ်းဆီးရရှိခဲ့သည်။

“ .. အခု လုယက်မှု ကျူးလွန်သူတွေဟာ ၃၈၀ / ကျင့် ၅၄ အရ မုံရွာထောင်မှာ အကျဉ်းကျခံဖူးသူတွေဖြစ်တယ် .. ထောင်ကလွတ်လာတာ မကြာသေးဖူး …” မှုခင်းနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ် ညိုသက်ဝင်းမှ ပြော သည်။


မုံရွာမြို့ပေါ်တွင် ဖြစ်ပွားခဲ့သည့် လုယက်မှုများနှင့် ပတ်သက်၍ မုံရွာမြို့မရဲစခန်း၏ မှတ်တမ်းများအရ လုယက်မှု ကျူးလွန်သူ လူအယောက် ၂၀ ကျော်အား ယခုနှစ် ပထမ ခြောက်လအတွင်း ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ အမှုဖွင့် တရားစွဲဆို အရေးယူထားကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

Source – ကိုတိုးကြီး (မုံရွာ)

(Zawgyi)

သူနာျပဳဆရာမ အၾကမ္းဖက္ လုယက္ခံရမႈ သုံးရက္အတြင္း မုံ႐ြာရဲမ်ားက ေဖာ္ထုတ္ဖမ္းဆီး အေရးယူ

မုံ႐ြာ ၊ ဇြန္ ၃

စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာၿမိဳ႕ အိုးဘိုေတာင္ရပ္ကြက္ DENKO စက္သုံးဆီဆိုင္၏ အေနာက္ဘက္အနီး အရိပ္ရ သစ္ပင္ေအာက္တြင္ ေမလ ၃၀ ရက္ေန႔ မနက္ ၁၀ နာရီ ၂၀ မိနစ္အခ်ိန္က နားခိုေနသည့္ သူနာျပဳဆရာမ စုံတြဲအား လူေလးဦးမွ အၾကမ္းဖက္ လုယက္ခဲ့ေၾကာင္း မုံ႐ြာၿမိဳ႕မရဲစခန္းမွ အမႈေရးဖြင့္ မွတ္တမ္း တင္ထားသည္။


မုံ႐ြာၿမိဳ႕ ျပည္ေထာင္စုလမ္းရွိ ျပင္ပ အထူးကုေဆး႐ုံတစ္ခုတြင္ တာဝန္ထမ္းေဆာင္လ်က္ရွိေသာ သူနာျပဳ ဆရာမတစ္ဦးသည္ သူမ၏ ခင္ပြန္ေလာင္း ႏွင့္အတူ အရိပ္ရ သစ္ပင္ေအာက္တြင္ နားခိုေနစဥ္ ေဆးမွင္ေၾကာင္မ်ား ေရးထိုးထားသည့္ အမည္မသိ လူေလးဦးသည္ သစ္ပင္ေနာက္မွ ႐ုတ္တရက္ ေရာက္ရွိလာၿပီး သူနာျပဳ ဆရာမ၏ ခင္ပြန္းေလာင္အား ဓားျဖင့္ေထာက္ကာ လက္သီးျဖင့္ ဝိုင္းဝန္းထိုးႀကိတ္ၿပီး “ .. အရက္ဖိုးေပး.. ” ဟု ေျပာဆို ေတာင္းရမ္းခဲ့သည္။

ထိုအခ်ိန္တြင္ သူနာျပဳဆရာမသည္ ထြက္ေျပးခဲ့ရာ ယင္း လူေလးဦးမွ “ … ေကာင္းမေလး မေျပးနဲ႔ ေျပးရင္ ဒီေကာင္ကို သတ္ပစ္မယ္ … ” ဟုေျပာဆိုၿပီး သူနာျပဳ၏ ခင္ပြန္ေလာင္းအား ဓားျဖင့္ ႏွစ္ခ်က္ထိုးကာ တုတ္ျဖင့္ အၾကမ္းဖက္ ႐ိုက္ႏွက္ခဲ့သည္။


ထို႔အျပင္ သူနာျပဳဆရာမ၏ ေငြက်ပ္ ၁၅၅၅၁၅ က်ပ္       ( တစ္သိန္း ငါးေသာင္း ငါးေထာင့္ငါးရာ တစ္ဆယ့္ငါးက်ပ္) ပါ လက္ကိုင္ပိုက္ဆံအိတ္ႏွင့္ လက္ကိုင္ဖုန္းမ်ားကို ထိုသူမ်ားက လုယူ ထြက္ေျပးသြားခဲ့သည္။

အဆိုပါ ျဇစ္စဥ္ႏွင့္ ပတ္သက္၍ မုံ႐ြာၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး ဝင္းႏိုင္မွ “ .. အဲ့ဒီအမႈကို ျပစ္မႈႀကီး အမွတ္စဥ္ ၈/ ၂၀၂၀ ၊ ရဲစခန္း (ပ) ၅၈၃ /၂၀၂၀ ၊ ရာဇသတ္ႀကီး ပုဒ္မ ၃၉၄ အရ အေရးယူေဆာင္႐ြက္လ်က္ရွိတယ္ ..” ေျပာသည္။

ယင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍ အမႈမွန္ အျမန္ဆုံး ေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရးအတြက္ မုံ႐ြာခ႐ိုင္ ရဲတပ္ဖြဲ႕မႉး ဒုရဲမႉးႀကီး ေသာင္းၫႊန႔္မွ အနီးကပ္ႀကီးၾကပ္၍ မုံ႐ြာခ႐ိုင္ မႈခင္းႏွိမ္နင္းေရးအဖြဲ႕ (မႈ/ႏွိမ္) မုံ႐ြာၿမိဳ႕မရဲစခန္း နယ္ထိန္းအဖြဲ႕ ႏွင့္ တိုင္းမႈကူအဖြဲ႕မ်ား ပူးေပါင္းကာ


အၾကမ္းဖက္ လုယက္သူမ်ားကို ေျခရာခံ စုံစမ္းေဖာ္ထုတ္ခဲ့ ရာ ယခုလ ၂ ရက္ေန႔ မနက္ပိုင္းက မုံ႐ြာခ႐ိုင္ မႈခင္းႏွိမ္နင္းေရးအဖြဲ႕မွ လုယက္က်ဴးလြန္သူ လူေလးဦးအနက္ သုံးဦးအား လုယက္ပါ ဖုန္းမ်ားႏွင့္အတူ လုယက္မႈက်ဴးလြန္ခဲ့စဥ္က အသုံးျပဳေသာ ဓားဦးခြၽန္ တစ္လက္ ၊ တုတ္တစ္ေခ်ာင္းတို႔ႏွင့္အတူ လက္ရ ဖမ္းဆီးရရွိခဲ့သည္။

“ .. အခု လုယက္မႈ က်ဴးလြန္သူေတြဟာ ၃၈၀ / က်င့္ ၅၄ အရ မုံ႐ြာေထာင္မွာ အက်ဥ္းက်ခံဖူးသူေတြျဖစ္တယ္ .. ေထာင္ကလြတ္လာတာ မၾကာေသးဖူး …” မႈခင္းႏွိမ္နင္းေရး အဖြဲ႕ေခါင္းေဆာင္ ရဲအုပ္ ညိဳသက္ဝင္းမွ ေျပာ သည္။


မုံ႐ြာၿမိဳ႕ေပၚတြင္ ျဖစ္ပြားခဲ့သည့္ လုယက္မႈမ်ားႏွင့္ ပတ္သက္၍ မုံ႐ြာၿမိဳ႕မရဲစခန္း၏ မွတ္တမ္းမ်ားအရ လုယက္မႈ က်ဴးလြန္သူ လူအေယာက္ ၂၀ ေက်ာ္အား ယခုႏွစ္ ပထမ ေျခာက္လအတြင္း ေဖာ္ထုတ္ဖမ္းဆီး၍ တရားဥပေဒႏွင့္အညီ အမႈဖြင့္ တရားစြဲဆို အေရးယူထားေၾကာင္း အဆိုပါ ရဲစခန္းမွ သိရသည္။

Source – ကိုတိုးႀကီး (မုံ႐ြာ)

Post a Comment

Previous Post Next Post