(Unicode)

နယုန်လပြည့် (မဟာသမယအခါတော်နေ့)

နယုန်လသည် မြန်မာလများတွင် တတိယမြောက်လဖြစ်သည် နယုန်လ၏ ရာသီပန်းကား စပယ်မြတ်လေးပန်းဖြစ်၏၊နယုန်လတွင် ရှေးမြန်မာမင်းများ လက်ထက်အခါက စာတော်ပြန်ပွဲများ ကျင်းပလေ့ရှိ၏ ယခုခေတ် ပထမပြန်စာမေးပွဲသည် ရှေးခေတ်နယုန်လ စာတော်ပြန်ပွဲမှ ဆင်းသက်လာခြင်း ဖြစ်သည်။

နယုန်လပြည့်နေ့တွင် ကပိလဝတ်ပြည် မဟာဝုန်တောကြီးအတွင်း၌ မဟာသမယသုတ်တော်ကို မြတ်စွာဘုရား ဟောကြားတော်မူသည်ကို အကြောင်းပြု၍ နယုန်လပြည့်နေ့ကို အခါတော်နေ့အဖြစ် သတ်မှတ်ကြပါသည်။

မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်အခါက ကပိလဝတ်ပြည်မှ လယ်သမားများနှင့် ကောလိယပြည်မှ လယ်သမားများ ရောဟိနီမြစ်ရေကို အကြောင်းပြု ၍ ရေလုပွဲကြီး ဆင်နွဲခဲ့ကြ၏၊ နှစ်ဖက်နိုင်ငံမှ လူအများသည် တိုက်ခိုက်ကြတော့မည့် အခြေအနေသို့ ရောက်ရှိနေကြ၏ လယ်သမားများကို အကြောင်းပြု ၍ နှစ်ဖက်နိုင်ငံမှ မင်းညီမင်းသားများ စစ်သည်တော်များသည်လည်း ရောဟိနီမြစ်သို့ ရောက်လာကြ၏၊

ပဋိပက္ခဖြစ်မည့်နေရာသို့ မြတ်စွာဘုရား ရောက်ရှိလာပြီး ငြိမ်းချမ်းရေးကို ရှေးရှု၍ ဇာတ်ဝတ္ထု များကို သာဓကထုတ်ကာ ငြိမ်းချမ်းရေးတရား ဟောကြား တော်မူပါသည်။

မြတ်စွာဘုရားသည် ဖန္ဒနဇာတ်၊ ပထဝီဥန္ဒြယဇာတ်၊လဋုကိကဇာတ်၊တို့ကို ဟော၍ ခိုက်ရန်ဖြစ်ခြင်းကို ငြိမ်းအေးစေပါသည်။ ရုက္ခဓမ္မဇာတ်၊ ဝဋကဇာတ် တို့ကို ဟော၍ ညီညွတ်ရေး ရစေခဲ့ပါသည်။

တရားနာကြားပြီးသောအခါ နှစ်ဖက်နိုင်ငံမှ လူအများသည် ဒေါသငြိမ်းကာ လက်နက်စွန့်၍ မေတ္တာဓာတ် သက်ဝင်လာကြပါသည်၊တစ်ဖက် ၂၅၀ စီသော နှစ်ပြည်ထောင် မှ မင်းသားငါးရာတို့ သာသနာ့ဘောင်ဝင်၍ ရဟန်းပြု ကြပါသည်။

မြတ်စွာဘုရားသည် ထိုရဟန်းငါးရာကို ဟိဝန္တာတောအတွင်းရှိ ကုဏာလရေအိုင်သို့ တန်ခိုးတော်ဖြင့် ခေါ်ဆောင်၍ ကုဏာလဇာတ်ကို ဟောတော် မူပါသည်၊တရားအဆုံး၌ ရဟန်းငါးရာလုံး သောတာပန် ဖြစ်တော်မူကြပါသည်။

မြတ်စွာဘုရားသည် ကုဏာလရေအိုင်မှ ကပိလဝတ်ပြည် အနီးမဟာဝုန်တောကြီးသို့ ပြန်လည်ကြွရောက်တော်မူရာ အပြန်ခရီးတွင် သောတာပန်ရဟန်း ငါးရာလုံးမိမိတို့ ၏ တန်ခိုးဖြင့် လိုက်ပါလာကြပါသည်၊ထိုရဟန်းငါးရာတို့သည် မဟာဝုန်တောကြီးထဲ၌ ဆက်လက်တရားအားထုတ်ရာ အားလုံးရဟန္တာ ဖြစ်တော်မူကြပါသည်။

ရဟန္တာငါးရာတို့သည် မိမိတို့ ရရှိပြီးသော တရားထူးကို လျှောက်ထားရန် မြတ်စွာဘုရားကို ဖူးမြော်ရန် နယုန်လပြည့်နေ့ ညချမ်းအချိန်တွင် မြတ်စွာဘုရား ထံတော်မှောက်စုရုံးရောက်ရှိ လာကြပါသည် ဤကဲ့သို့ ထူးခြားသော သံဃာ့အစည်းအဝေးကြီးကို တွေ့မြင်ကြည်ညို ကြသောနတ်ဗြဟ္မာ၊အသုရာနှင့် ဂဠုန်နဂါးတို့သည် မဟာဝုန်တောကြီးသို့ အုပ်စုလိုက် စုရုံးရောက်ရှိလာကြပါသည်။

နတ်ဗြဟ္မာများ စုရုံးစည်းဝေးမိကြသော အချိန်ကို မဟာသမယဟု ခေါ်ဆိုကြပါသည်၊ရောက်ရှိလာသော နတ်ဗြဟ္မာတို့က တလှည့်စီ မြတ်စွာဘုရားကို အနီးကပ် ဖူးမြော်ကြသည့်အခါ နတ်ဗြဟ္မာတို့ကို ရဟန္တာငါးရာတို့နှင့် မိတ်ဆက်ပေးသည့်အနေဖြင့် နတ်ဗြဟ္မာတို့၏ အမည်နာမ၊ ဘုံဋ္ဌာန၊ တန်ခိုးဣဒ္ဓိပါဒ်၊ အခြွေအရံတို့ကို ထုတ်ဖော်မြွတ်ကြားချက်ကို မဟာသမယသုတ်ဟု ခေါ်ပါသည်။

မဟာသမယသုတ် ဟောကြားပြီးနောက် စရိုက်အားလျှော်စွာ အောက်ပါသုတ်တော်များကို ဆက်လက်ဟောကြားတော်မူပါသည်။

ရာဂစရိုက်အားကြီးသူတို့အတွက်➡ သမ္မာပရိဗ္ဗာဇနိယသုတ်။

ဒေါသစရိုက်အားကြီးသူတို့အတွက်➡ ကလဟဝိဝါဒသုတ်။

မောဟစရိုက်အားကြီးသူတို့အတွက်➡ မဟာဗျူ ဟသုတ်။

သဒ္ဓါစရိုက်အားကြီးသူတို့အတွက်➡ တုဝဋကသုတ်။

ပညာစရိုက်အားကြီးသူတို့အတွက်➡ ပုရာဘေဒသုတ်တို့ကို ဟောကြားတော်မူရာ နတ်ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ ကျွတ်တန်းဝင်ကြပါသည်၊

စရိုက်ခြောက်ပါး အားလျှော်စွာ သုတ်တော်များကို ဟောကြားသည့်အခါ နတ်ဗြဟ္မာတို့ လွယ်ကူးနားလည်နိုင်စေရန် နိမ္မိတရုပ်ပွားတော်တစ်ဆူ ဖန်ဆင်း တော်မူပါသည်၊နိမ္မိတဘုရားက မေး၍ ပကတိဘုရားက ဖြေဆိုကာ အမေး အဖြေ နည်းဖြင့် ဟောကြားတော်မူပါသည်။

နယန်လပြည့်နေ့တွင်

➡ ရေလုကြသော လယ်သမားများ ငြင်းခုံခိုက်ရန်ဘေးမှ ကင်းဝေးခဲ့ပါသည်။

➡ ကပိလဝတ်နှင့် ကောလိယနှစ်ပြည်ထောင် စစ်ခင်းတော့မည့်ဘေးမှ ကင်းဝေးစေခဲ့ပါသည်။မြတ်စွာဘုရားလက်ထက်တော်အခါ၌ ရဟန်းတော်များနှင့် နတ်ဗြဟ္မာ၊နဂါးဂဠုန်တို့ ဤတစ်ကြိမ်သာ စုရုံးမိကြပါသည်။

➡ မင်းသားငါးရာ တပြိုင်နက် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြပါသည် ထိုရဟန်းငါးရာလုံး ရဟန္တာချည်းဖြစ်ခဲ့ကြပါသည်။

➡ နိမ္မိတဘုရားက မေး၍ ပကတိဘုရားက ဖြေဆိုကာ တရားဟောတော်မူခဲ့ကြပါသည်။

➡ မဟာသမယသုတ်ကို အကြောင်းပြု ၍ ဂဠုန်နှင့်နဂါးတို့ ခိုက်ရန်မဖက် မေတ္တာသက်ဝင်ခဲ့ကြပါသည်။

➡ မဟာသမယဆိုင်ရာ သုတ်တော်ခုနှစ်သုတ်ကို ဟောကြားခဲ့ပါသည်။

➡ ဘိက္ခုနီ သာသနာ လမ်းစပေါ်သော နေ့လည်းဖြစ်ပါသည်။

ဤကဲ့သို့ အကြောင်းအချက်များကို အကြောင်းပြု၍ နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့အဖြစ် သတ်မှတ်ကြပါသည်။ နယုန်လပြည့် မဟာသမယနေ့တွင် လမဟာသမယသုတ်ကို ရွတ်ဖတ်ပူဇော်သင့်ပါသည်၊

မဟာသမယသုတ်ကို အစဉ်အမြဲ ရွတ်ဖတ်ပူဇော်နေပါက နတ်များ၏ ချစ်ခင်မှုကို ခံရကြောင်း၊အိမ်သစ် တိုက်သစ် နေရာသစ်တို့၌ မင်္ဂလာယူလိုသော သူတို့သည် လမဟာသမယသုတ်ကို ရွတ်ဖတ်သင့်ကြောင်း အဋ္ဌာကထာဆရာ တိုက်တွန်းခဲ့ပါသည်။

Credit – Buddha Myanmar.

(Zawgyi)

နယုန္လျပည့္ (မဟာသမယအခါေတာ္ေန႔)

နယုန္လသည္ ျမန္မာလမ်ားတြင္ တတိယေျမာက္လျဖစ္သည္ နယုန္လ၏ ရာသီပန္းကား စပယ္ျမတ္ေလးပန္းျဖစ္၏၊နယုန္လတြင္ ေရွးျမန္မာမင္းမ်ား လက္ထက္အခါက စာေတာ္ျပန္ပြဲမ်ား က်င္းပေလ့ရွိ၏ ယခုေခတ္ ပထမျပန္စာေမးပြဲသည္ ေရွးေခတ္နယုန္လ စာေတာ္ျပန္ပြဲမွ ဆင္းသက္လာျခင္း ျဖစ္သည္။

နယုန္လျပည့္ေန႔တြင္ ကပိလဝတ္ျပည္ မဟာဝုန္ေတာႀကီးအတြင္း၌ မဟာသမယသုတ္ေတာ္ကို ျမတ္စြာဘုရား ေဟာၾကားေတာ္မူသည္ကို အေၾကာင္းျပဳ၍ နယုန္လျပည့္ေန႔ကို အခါေတာ္ေန႔အျဖစ္ သတ္မွတ္ၾကပါသည္။

ျမတ္စြာဘုရား သက္ရွိထင္ရွားရွိစဥ္အခါက ကပိလဝတ္ျပည္မွ လယ္သမားမ်ားႏွင့္ ေကာလိယျပည္မွ လယ္သမားမ်ား ေရာဟိနီျမစ္ေရကို အေၾကာင္းျပဳ ၍ ေရလုပြဲႀကီး ဆင္ႏြဲခဲ့ၾက၏၊ ႏွစ္ဖက္ႏိုင္ငံမွ လူအမ်ားသည္ တိုက္ခိုက္ၾကေတာ့မည့္ အေျခအေနသို႔ ေရာက္ရွိေနၾက၏ လယ္သမားမ်ားကို အေၾကာင္းျပဳ ၍ ႏွစ္ဖက္ႏိုင္ငံမွ မင္းညီမင္းသားမ်ား စစ္သည္ေတာ္မ်ားသည္လည္း ေရာဟိနီျမစ္သို႔ ေရာက္လာၾက၏၊

ပဋိပကၡျဖစ္မည့္ေနရာသို႔ ျမတ္စြာဘုရား ေရာက္ရွိလာၿပီး ၿငိမ္းခ်မ္းေရးကို ေရွးရႈ၍ ဇာတ္ဝတၳဳ မ်ားကို သာဓကထုတ္ကာ ၿငိမ္းခ်မ္းေရးတရား ေဟာၾကား ေတာ္မူပါသည္။

ျမတ္စြာဘုရားသည္ ဖႏၵနဇာတ္၊ ပထဝီဥျႏၵယဇာတ္၊လဋဳကိကဇာတ္၊တို႔ကို ေဟာ၍ ခိုက္ရန္ျဖစ္ျခင္းကို ၿငိမ္းေအးေစပါသည္။ ႐ုကၡဓမၼဇာတ္၊ ဝဋကဇာတ္ တို႔ကို ေဟာ၍ ညီၫြတ္ေရး ရေစခဲ့ပါသည္။

တရားနာၾကားၿပီးေသာအခါ ႏွစ္ဖက္ႏိုင္ငံမွ လူအမ်ားသည္ ေဒါသၿငိမ္းကာ လက္နက္စြန႔္၍ ေမတၱာဓာတ္ သက္ဝင္လာၾကပါသည္၊တစ္ဖက္ ၂၅၀ စီေသာ ႏွစ္ျပည္ေထာင္ မွ မင္းသားငါးရာတို႔ သာသနာ့ေဘာင္ဝင္၍ ရဟန္းျပဳ ၾကပါသည္။

ျမတ္စြာဘုရားသည္ ထိုရဟန္းငါးရာကို ဟိဝႏၲာေတာအတြင္းရွိ ကုဏာလေရအိုင္သို႔ တန္ခိုးေတာ္ျဖင့္ ေခၚေဆာင္၍ ကုဏာလဇာတ္ကို ေဟာေတာ္ မူပါသည္၊တရားအဆုံး၌ ရဟန္းငါးရာလုံး ေသာတာပန္ ျဖစ္ေတာ္မူၾကပါသည္။

ျမတ္စြာဘုရားသည္ ကုဏာလေရအိုင္မွ ကပိလဝတ္ျပည္ အနီးမဟာဝုန္ေတာႀကီးသို႔ ျပန္လည္ႂကြေရာက္ေတာ္မူရာ အျပန္ခရီးတြင္ ေသာတာပန္ရဟန္း ငါးရာလုံးမိမိတို႔ ၏ တန္ခိုးျဖင့္ လိုက္ပါလာၾကပါသည္၊ထိုရဟန္းငါးရာတို႔သည္ မဟာဝုန္ေတာႀကီးထဲ၌ ဆက္လက္တရားအားထုတ္ရာ အားလုံးရဟႏၲာ ျဖစ္ေတာ္မူၾကပါသည္။

ရဟႏၲာငါးရာတို႔သည္ မိမိတို႔ ရရွိၿပီးေသာ တရားထူးကို ေလွ်ာက္ထားရန္ ျမတ္စြာဘုရားကို ဖူးေျမာ္ရန္ နယုန္လျပည့္ေန႔ ညခ်မ္းအခ်ိန္တြင္ ျမတ္စြာဘုရား ထံေတာ္ေမွာက္စု႐ုံးေရာက္ရွိ လာၾကပါသည္ ဤကဲ့သို႔ ထူးျခားေသာ သံဃာ့အစည္းအေဝးႀကီးကို ေတြ႕ျမင္ၾကည္ညိဳ ၾကေသာနတ္ျဗဟၼာ၊အသုရာႏွင့္ ဂဠဳန္နဂါးတို႔သည္ မဟာဝုန္ေတာႀကီးသို႔ အုပ္စုလိုက္ စု႐ုံးေရာက္ရွိလာၾကပါသည္။

နတ္ျဗဟၼာမ်ား စု႐ုံးစည္းေဝးမိၾကေသာ အခ်ိန္ကို မဟာသမယဟု ေခၚဆိုၾကပါသည္၊ေရာက္ရွိလာေသာ နတ္ျဗဟၼာတို႔က တလွည့္စီ ျမတ္စြာဘုရားကို အနီးကပ္ ဖူးေျမာ္ၾကသည့္အခါ နတ္ျဗဟၼာတို႔ကို ရဟႏၲာငါးရာတို႔ႏွင့္ မိတ္ဆက္ေပးသည့္အေနျဖင့္ နတ္ျဗဟၼာတို႔၏ အမည္နာမ၊ ဘုံ႒ာန၊ တန္ခိုးဣဒၶိပါဒ္၊ အေႁခြအရံတို႔ကို ထုတ္ေဖာ္ႁမြတ္ၾကားခ်က္ကို မဟာသမယသုတ္ဟု ေခၚပါသည္။

မဟာသမယသုတ္ ေဟာၾကားၿပီးေနာက္ စ႐ိုက္အားေလွ်ာ္စြာ ေအာက္ပါသုတ္ေတာ္မ်ားကို ဆက္လက္ေဟာၾကားေတာ္မူပါသည္။

ရာဂစ႐ိုက္အားႀကီးသူတို႔အတြက္➡ သမၼာပရိဗၺာဇနိယသုတ္။

ေဒါသစ႐ိုက္အားႀကီးသူတို႔အတြက္➡ ကလဟဝိဝါဒသုတ္။

ေမာဟစ႐ိုက္အားႀကီးသူတို႔အတြက္➡ မဟာဗ်ဴ ဟသုတ္။

သဒၶါစ႐ိုက္အားႀကီးသူတို႔အတြက္➡ တုဝဋကသုတ္။

ပညာစ႐ိုက္အားႀကီးသူတို႔အတြက္➡ ပုရာေဘဒသုတ္တို႔ကို ေဟာၾကားေတာ္မူရာ နတ္ျဗဟၼာေပါင္း ကုေဋတစ္သိန္းစီ ကြၽတ္တန္းဝင္ၾကပါသည္၊

စ႐ိုက္ေျခာက္ပါး အားေလွ်ာ္စြာ သုတ္ေတာ္မ်ားကို ေဟာၾကားသည့္အခါ နတ္ျဗဟၼာတို႔ လြယ္ကူးနားလည္ႏိုင္ေစရန္ နိမၼိတ႐ုပ္ပြားေတာ္တစ္ဆူ ဖန္ဆင္း ေတာ္မူပါသည္၊နိမၼိတဘုရားက ေမး၍ ပကတိဘုရားက ေျဖဆိုကာ အေမး အေျဖ နည္းျဖင့္ ေဟာၾကားေတာ္မူပါသည္။

နယန္လျပည့္ေန႔တြင္

➡ ေရလုၾကေသာ လယ္သမားမ်ား ျငင္းခုံခိုက္ရန္ေဘးမွ ကင္းေဝးခဲ့ပါသည္။

➡ ကပိလဝတ္ႏွင့္ ေကာလိယႏွစ္ျပည္ေထာင္ စစ္ခင္းေတာ့မည့္ေဘးမွ ကင္းေဝးေစခဲ့ပါသည္။ျမတ္စြာဘုရားလက္ထက္ေတာ္အခါ၌ ရဟန္းေတာ္မ်ားႏွင့္ နတ္ျဗဟၼာ၊နဂါးဂဠဳန္တို႔ ဤတစ္ႀကိမ္သာ စု႐ုံးမိၾကပါသည္။

➡ မင္းသားငါးရာ တၿပိဳင္နက္ သာသနာ့ေဘာင္သို႔ ဝင္ေရာက္ခဲ့ၾကပါသည္ ထိုရဟန္းငါးရာလုံး ရဟႏၲာခ်ည္းျဖစ္ခဲ့ၾကပါသည္။

➡ နိမၼိတဘုရားက ေမး၍ ပကတိဘုရားက ေျဖဆိုကာ တရားေဟာေတာ္မူခဲ့ၾကပါသည္။

➡ မဟာသမယသုတ္ကို အေၾကာင္းျပဳ ၍ ဂဠဳန္ႏွင့္နဂါးတို႔ ခိုက္ရန္မဖက္ ေမတၱာသက္ဝင္ခဲ့ၾကပါသည္။

➡ မဟာသမယဆိုင္ရာ သုတ္ေတာ္ခုႏွစ္သုတ္ကို ေဟာၾကားခဲ့ပါသည္။

➡ ဘိကၡဳနီ သာသနာ လမ္းစေပၚေသာ ေန႔လည္းျဖစ္ပါသည္။

ဤကဲ့သို႔ အေၾကာင္းအခ်က္မ်ားကို အေၾကာင္းျပဳ၍ နယုန္လျပည့္ေန႔ကို မဟာသမယအခါေတာ္ေန႔အျဖစ္ သတ္မွတ္ၾကပါသည္။ နယုန္လျပည့္ မဟာသမယေန႔တြင္ လမဟာသမယသုတ္ကို ႐ြတ္ဖတ္ပူေဇာ္သင့္ပါသည္၊

မဟာသမယသုတ္ကို အစဥ္အၿမဲ ႐ြတ္ဖတ္ပူေဇာ္ေနပါက နတ္မ်ား၏ ခ်စ္ခင္မႈကို ခံရေၾကာင္း၊အိမ္သစ္ တိုက္သစ္ ေနရာသစ္တို႔၌ မဂၤလာယူလိုေသာ သူတို႔သည္ လမဟာသမယသုတ္ကို ႐ြတ္ဖတ္သင့္ေၾကာင္း အ႒ာကထာဆရာ တိုက္တြန္းခဲ့ပါသည္။

Credit – Buddha Myanmar.

Post a Comment

Previous Post Next Post