(Unicode)

မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ အာဏာကို ဆုပ်ကိုင် ထားမှုအပိုင်းမှာ အဖိုးနဲ့ ဖခင်ထက်ကို ပိုတယ်လို့ ဆိုရမှာပါ။ သူက ပညာတတ်တော့ စံနစ်ပိုကျပြီး၊ ရက်စက်စရာရှိရင် ပိုပြီးရက်စက်တတ်ပါတယ်။ ဘယ်လူက လူကောင်း၊ ဘယ်လူက လူဆိုးဆိုတဲ့ ထက်မြတ်တဲ့ ခွဲခြားမှုလည်း လုပ်နိုင်တာကြောင့် သူ့ သမိုင်းမှာ သွေးစွန်း ခဲ့တာတွေ မကြာခဏပါ။ မြောက်ကိုရီးယား အာဏာရှင်တွေဟာ ထုံးစံအတိုင်း သွေးစွန်းတဲ့သမိုင်းတွေ ရှိခဲ့ပြီး၊ အထူးသဖြင့် သူတို့ကို ပုန်ကန်တဲ့သူ၊ ပုန်ကန်မယ်လို့ အထင်ရှိရတဲ့သူဆိုရင် ရက်ရက်စက်စက် ကိုင်တွယ်ဖြေရှင်းလေ့ရှိ ပါတယ်။ အခုလည်း ညီမဖြစ်သူ ကင်ယိုဂျောင်ဟာ ရှေ့သွားရှိတဲ့ အတိုင်း သွားရလေမလား စိတ်ဝင်စားစရာပါ။ ကင်ယိုဂျောင်ဆိုတာ ခေါင်းဆောင်ကင် အထူးချစ်ခင်ရတဲ့ ညီမပါ။



သူမဟာ အစ်ကိုတွေ၊ ဖအေတူမအေကွဲ မိသားစု ဝင်တွေ မရခဲ့တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ၊ ရာထူးတွေကို အစ်ကို ပေးသနားခြင်း ခံခဲ့ရတာကြောင့်၊ ကင်အနေနဲ့ သူ မရှိတဲ့အခါ ညီမကို အရိုက်အရာ လွှဲပြောင်းပေးဖို့ လျာထားတယ်ဆိုတာ မြင်သာစေမှာပါ။ သို့သော်လည်း ကင်ဂျုံအန်ဟာ ရက်အတန်ကြာ လူမြင်ကွင်း ကနေ ပျောက်ကွယ်ပြီးနောက် သတင်းတွေ ဆက်တိုက် ထွက်လာခဲ့ပါတယ်။ အထူးသဖြင့် ကင်ယိုဂျောင်က အရိုက်အရာကို လုယူဖွယ်ရှိတယ်၊ ဒါမှမဟုတ် ကင်မရှိရင် သူမ ခေါင်းဆောင်ဖြစ်လာလိမ့်မယ်ဆိုတဲ့ သတင်းတွေပါ။ ဒီသတင်းတွေဟာ မြောက်တခွင် မှာလည်း ပျံ့နှံ့ခဲ့ တာကြောင့် ဒီသတင်းကို ကင်ဂျုံအန်အနေ နဲ့ မသိဘူးမဟုတ်ဘူး … သိကို သိပါလိမ့်မယ်။ ထုံးစံအတိုင်းဆိုရင်တော့ ကင်ယိုဂျောင်ဟာ အန္တရာယ်စက်ကွင်းထဲမှာ ရောက်နေပြီလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။



အချက်အလက်တွေအရ ကင်ဂျုံအန် ဟာ သူ အာဏာရတဲ့ ပထမသက်တမ်း (၅)နှစ် အတွင်းမှာ လူပေါင်း (၃၄၀)ကို ကွပ်မျက် ခဲ့တယ်လို့ သိရပါတယ်။ ဒီအထဲမှာ (၁၂၀)က တကယ့် ရာထူးကြီးတွေ ယူထားသူတွေပါ။ ဒီအထဲမှာ ဦးလေးဖြစ်တဲ့ ဂျန်ဆောင်သက်လည်း ပါဝင်ပါတယ်။ တပ်မတော်မှာ ရာထူး အကြီးဆုံး ပုဂ္ဂိုလ်ကြီးပါ။ မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူ၊ ယမန်နှစ်က ‘My Favourite Dictators’ အမည်ရစာအုပ်ကို ရေးသားခဲ့သူ Chris Mikul ကတော့ ကင်ဟာ အခုနောက်ပိုင်း သူရဲ့အာဏာနယ်ပယ်ကို အရှိန်မြင့်စွာ ပိုမိုချဲ့ထွင်နေပြီး၊ ပိုမိုကြမ်း တမ်းတဲ့ ဖြုတ်ထုတ်ရှင်း စနစ်ကို ကျင့်သုံးလာနေတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ ကင်ယိုဂျောင် လည်း ပါကောင်း ပါသွားနိုင်ပါတယ်။ ဒါပေမယ့် ကင်ယိုဂျောင်ဟာ တခြားသူတွေထက် ပညာပိုတတ်၊ ပါးနပ်သူမို့ ဒီအန္တရာယ်ကနေ ကင်းလွတ်ကောင်း ကင်းလွတ်နေနိုင် ပါတယ်။



Credit Celecrazynews
Ref Express


(Zawgyi)


ေျမာက္ ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ဟာ အာဏာကို ဆုပ္ကိုင္ ထားမႈအပိုင္းမွာ အဖိုးနဲ႔ ဖခင္ထက္ကို ပိုတယ္လို႔ ဆိုရမွာပါ။ သူက ပညာတတ္ေတာ့ စံနစ္ပိုက်ၿပီး၊ ရက္စက္စရာရွိရင္ ပိုၿပီးရက္စက္တတ္ပါတယ္။ ဘယ္လူက လူေကာင္း၊ ဘယ္လူက လူဆိုးဆိုတဲ့ ထက္ျမတ္တဲ့ ခြဲျခားမႈလည္း လုပ္ႏိုင္တာေၾကာင့္ သူ႔ သမိုင္းမွာ ေသြးစြန္း ခဲ့တာေတြ မၾကာခဏပါ။ ေျမာက္ကိုရီးယား အာဏာရွင္ေတြဟာ ထုံးစံအတိုင္း ေသြးစြန္းတဲ့သမိုင္းေတြ ရွိခဲ့ၿပီး၊ အထူးသျဖင့္ သူတို႔ကို ပုန္ကန္တဲ့သူ၊ ပုန္ကန္မယ္လို႔ အထင္ရွိရတဲ့သူဆိုရင္ ရက္ရက္စက္စက္ ကိုင္တြယ္ေျဖရွင္းေလ့ရွိ ပါတယ္။ အခုလည္း ညီမျဖစ္သူ ကင္ယိုေဂ်ာင္ဟာ ေရွ႕သြားရွိတဲ့ အတိုင္း သြားရေလမလား စိတ္ဝင္စားစရာပါ။ ကင္ယိုေဂ်ာင္ဆိုတာ ေခါင္းေဆာင္ကင္ အထူးခ်စ္ခင္ရတဲ့ ညီမပါ။



သူမဟာ အစ္ကိုေတြ၊ ဖေအတူမေအကြဲ မိသားစု ဝင္ေတြ မရခဲ့တဲ့ ဘြဲ႕ထူးဂုဏ္ထူးေတြ၊ ရာထူးေတြကို အစ္ကို ေပးသနားျခင္း ခံခဲ့ရတာေၾကာင့္၊ ကင္အေနနဲ႔ သူ မရွိတဲ့အခါ ညီမကို အ႐ိုက္အရာ လႊဲေျပာင္းေပးဖို႔ လ်ာထားတယ္ဆိုတာ ျမင္သာေစမွာပါ။ သို႔ေသာ္လည္း ကင္ဂ်ဳံအန္ဟာ ရက္အတန္ၾကာ လူျမင္ကြင္း ကေန ေပ်ာက္ကြယ္ၿပီးေနာက္ သတင္းေတြ ဆက္တိုက္ ထြက္လာခဲ့ပါတယ္။ အထူးသျဖင့္ ကင္ယိုေဂ်ာင္က အ႐ိုက္အရာကို လုယူဖြယ္ရွိတယ္၊ ဒါမွမဟုတ္ ကင္မရွိရင္ သူမ ေခါင္းေဆာင္ျဖစ္လာလိမ့္မယ္ဆိုတဲ့ သတင္းေတြပါ။ ဒီသတင္းေတြဟာ ေျမာက္တခြင္ မွာလည္း ပ်ံ႕ႏွံ႔ခဲ့ တာေၾကာင့္ ဒီသတင္းကို ကင္ဂ်ဳံအန္အေန နဲ႔ မသိဘူးမဟုတ္ဘူး … သိကို သိပါလိမ့္မယ္။ ထုံးစံအတိုင္းဆိုရင္ေတာ့ ကင္ယိုေဂ်ာင္ဟာ အႏၲရာယ္စက္ကြင္းထဲမွာ ေရာက္ေနၿပီလို႔ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။



အခ်က္အလက္ေတြအရ ကင္ဂ်ဳံအန္ ဟာ သူ အာဏာရတဲ့ ပထမသက္တမ္း (၅)ႏွစ္ အတြင္းမွာ လူေပါင္း (၃၄၀)ကို ကြပ္မ်က္ ခဲ့တယ္လို႔ သိရပါတယ္။ ဒီအထဲမွာ (၁၂၀)က တကယ့္ ရာထူးႀကီးေတြ ယူထားသူေတြပါ။ ဒီအထဲမွာ ဦးေလးျဖစ္တဲ့ ဂ်န္ေဆာင္သက္လည္း ပါဝင္ပါတယ္။ တပ္မေတာ္မွာ ရာထူး အႀကီးဆုံး ပုဂၢိဳလ္ႀကီးပါ။ ေျမာက္ကိုရီးယားအေရး ကြၽမ္းက်င္သူ၊ ယမန္ႏွစ္က ‘My Favourite Dictators’ အမည္ရစာအုပ္ကို ေရးသားခဲ့သူ Chris Mikul ကေတာ့ ကင္ဟာ အခုေနာက္ပိုင္း သူရဲ႕အာဏာနယ္ပယ္ကို အရွိန္ျမင့္စြာ ပိုမိုခ်ဲ႕ထြင္ေနၿပီး၊ ပိုမိုၾကမ္း တမ္းတဲ့ ျဖဳတ္ထုတ္ရွင္း စနစ္ကို က်င့္သုံးလာေနတယ္လို႔ ဆိုပါတယ္။ ဒီအထဲမွာ ကင္ယိုေဂ်ာင္ လည္း ပါေကာင္း ပါသြားႏိုင္ပါတယ္။ ဒါေပမယ့္ ကင္ယိုေဂ်ာင္ဟာ တျခားသူေတြထက္ ပညာပိုတတ္၊ ပါးနပ္သူမို႔ ဒီအႏၲရာယ္ကေန ကင္းလြတ္ေကာင္း ကင္းလြတ္ေနႏိုင္ ပါတယ္။



Credit Celecrazynews
Ref Express

Post a Comment

Previous Post Next Post