(Unicode)

အမေရိကန်နိုင်ငံမှာ တက္ကဆက်နဲ့ အရီဇိုးနား ပြည်နယ်အပါအဝင် ပြည်နယ်ပေါင်း ဒါဇင်ဝက်လောက်က ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာတွေနဲ့ ပြည့်နေပြီး အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပြန်လည်ဖွင့်လှစ်မှုဟာ ဒုတိယ အကြိမ်ဗိုင်းရပ်စ် ကူးစက်မှု (Second Wave) ဖြစ်ပေါ်စေတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။



ကိုရိုနာဗိုင်းရပ်စ် တစ်ကျော့ပြန် ကူးစက်မှုကြောင့် ကြာသပတေးနေ့က ကမ္ဘာလုံးဆိုင်ရာ စတော့ရှယ်ယာ ဈေးကွက်တွေ ကျဆင်းသွားခဲ့ပါတယ်။ အခုလို ဗိုင်းရပ်စ်ကူးစက် လူနာ အရေအတွက် များပြားလာခြင်းဟာ ဗိုင်းရပ်စ်စမ်းသပ်စစ်ဆေးမှု တိုးမြှင့်လိုက်ခြင်းကို ပြသနေပါတယ်။ ပြည်နယ်အများစုမှာ ဆေးရုံတက် ကုသမှု ခံယူရသူတွေ များပြားနေပြီး တစ်ချို့ဟာ အထူးကြပ်မတ် ကုသရေးဆောင် (ICU) မှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။


တက္ကဆက်ပြည်နယ်မှာ စံချိန်တင် ၃ ရက်ဆက်တိုက် ဆေးရုံတက် လူနာတွေ မြင့်တက်နေခဲ့ပြီး မြောက်ကာရိုလိုင်းနားမှာတော့ ICU ရောက်လူနာ ၁၃ ရာခိုင်နူန်းထိ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဟူစတန်မြို့တော်ဝန်က လိုအပ်ရင် မြို့ရှိ NFL ဘေ့စ်ဘော အားကစားကွင်းကို အသွင်ပြောင်းဆေးရုံအဖြစ်ပြောင်းဖို့ အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။


အရီဇိုးနား ပြည်နယ်မှာ ဆေးရုံတင်ထားရတဲ့ ဗိုင်းရပ်စ်ကူးစက်လူနာ အရင်ထက် ၄ ဆ ပိုမိုများပြားလာပြီး အခုသီတင်းပတ်အတွင်း ဆေးရုံတွေမှာ အရေးပေါ် အစီအမံတွေနဲ့ ICU စွမ်းရည်တွေ မြင့်တင်ကြဖို့ ပြည်နယ်ကျန်းမာရေး ဒါရိုက်တာတစ်ဦးက ပြောခဲ့ပါတယ်။ပြီးခဲ့တဲ့ သီတင်း ၂ ပတ်က စတင်ခဲ့တဲ့ လူမျိုးရေး ခွဲခြားမှုနဲ့ ရဲတပ်ဖွဲ့ရဲ့ ရက်စက်မှုတွေအပေါ် တစ်နိုင်ငံလုံးရဲ့ ဆန္ဒပြမှုတွေမှ ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်လာနိုင်တယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက ပြောဆိုပါတယ်။ အမေရိကန်နိုင်ငံမှာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၂.၁ သန်းကောျ်ရှိလာပြီး သေဆုံးသူ ၁၁၆,၃၉၇ ဦးထိ ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

(Zawgyi)

အေမရိကန္ႏိုင္ငံမွာ တကၠဆက္နဲ႔ အရီဇိုးနား ျပည္နယ္အပါအ၀င္ ျပည္နယ္ေပါင္း ဒါဇင္၀က္ေလာက္က ေဆးရံုေတြမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္လူနာေတြနဲ႔ ျပည့္ေနၿပီး အေမရိကန္ႏိုင္ငံရဲ႕ စီးပြားေရး ျပန္လည္ဖြင့္လွစ္မႈဟာ ဒုတိယ အႀကိမ္ဗိုင္းရပ္စ္ ကူးစက္မႈ (Second Wave) ျဖစ္ေပၚေစတယ္ဆိုတဲ့ စိုးရိမ္ပူပန္မႈေတြ ျမင့္တက္ေနခဲ့ပါတယ္။


ကိုရိုနာဗိုင္းရပ္စ္ တစ္ေက်ာ့ျပန္ ကူးစက္မႈေၾကာင့္ ၾကာသပေတးေန႔က ကမာၻလံုးဆိုင္ရာ စေတာ့ရွယ္ယာ ေစ်းကြက္ေတြ က်ဆင္းသြားခဲ့ပါတယ္။ အခုလို ဗိုင္းရပ္စ္ကူးစက္ လူနာ အေရအတြက္ မ်ားျပားလာျခင္းဟာ ဗိုင္းရပ္စ္စမ္းသပ္စစ္ေဆးမႈ တိုးျမွင့္လိုက္ျခင္းကို ျပသေနပါတယ္။ ျပည္နယ္အမ်ားစုမွာ ေဆးရံုတက္ ကုသမႈ ခံယူရသူေတြ မ်ားျပားေနၿပီး တစ္ခ်ိဳ႕ဟာ အထူးၾကပ္မတ္ ကုသေရးေဆာင္ (ICU) မွာ ေရာက္ရွိေနတယ္လို႔ သိရပါတယ္။


တကၠဆက္ျပည္နယ္မွာ စံခ်ိန္တင္ ၃ ရက္ဆက္တိုက္ ေဆးရံုတက္ လူနာေတြ ျမင့္တက္ေနခဲ့ၿပီး ေျမာက္ကာရိုလိုင္းနားမွာေတာ့ ICU ေရာက္လူနာ ၁၃ ရာခိုင္ႏူန္းထိ ရွိေနၿပီျဖစ္တယ္လို႔ သိရပါတယ္။ ဟူစတန္ၿမိဳ႕ေတာ္၀န္က လိုအပ္ရင္ ၿမိဳ႕ရွိ NFL ေဘ့စ္ေဘာ အားကစားကြင္းကို အသြင္ေျပာင္းေဆးရံုအျဖစ္ေျပာင္းဖို႔ အဆင္သင့္ျဖစ္ေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။


အရီဇိုးနား ျပည္နယ္မွာ ေဆးရံုတင္ထားရတဲ့ ဗိုင္းရပ္စ္ကူးစက္လူနာ အရင္ထက္ ၄ ဆ ပိုမိုမ်ားျပားလာၿပီး အခုသီတင္းပတ္အတြင္း ေဆးရံုေတြမွာ အေရးေပၚ အစီအမံေတြနဲ႔ ICU စြမ္းရည္ေတြ ျမင့္တင္ၾကဖို႔ ျပည္နယ္က်န္းမာေရး ဒါရိုက္တာတစ္ဦးက ေျပာခဲ့ပါတယ္။ၿပီးခဲ့တဲ့ သီတင္း ၂ ပတ္က စတင္ခဲ့တဲ့ လူမ်ဳိးေရး ခြဲျခားမႈနဲ႔ ရဲတပ္ဖြဲ႔ရဲ႕ ရက္စက္မႈေတြအေပၚ တစ္ႏိုင္ငံလံုးရဲ႕ ဆႏၵျပမႈေတြမွ ဗိုင္းရပ္စ္ကူးစက္မႈေတြ ျမင့္တက္လာႏိုင္တယ္လို႔ က်န္းမာေရး ကၽြမ္းက်င္သူေတြက ေျပာဆိုပါတယ္။ အေမရိကန္ႏိုင္ငံမွာ အခုဆိုရင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္လူနာ ၂.၁ သန္းေကာ်္ရိွလာၿပီး ေသဆံုးသူ ၁၁၆,၃၉၇ ဦးထိ ရွိေနၿပီ ျဖစ္တယ္လို႔ သိရပါတယ္။


Credit Original

Post a Comment

Previous Post Next Post