ခရမ်း သုံးခွမြို့နယ်များအတွင်း နွေရာသီရေကန်များခနိးခြောက်ပျက်စီးလာသဖြင့် ဦးထွန်းထွန်းဦး(ရှင်သန်)အဖွဲ့ မှ နာယက ဘုန်းဘုန်းကြီးကို လျှောက်ထားသဖြင့် လှူဒါန်းထားသောရေကန်တူးဖော်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသောပင်လယ်နှင့် ၃ဖာလုံသာဝေးသည့်

ဘိုကလေးကျေးရွာရေကန်သို့ ကြွရောက်တော်မူ



ယခုရေကန်အကျယ်မှ ၂ဧကနီးပါးဖြစ်ပြီး ရေကန်မှ ထွက်သော မြေများ ကို မြေသယ်ကားများဖြင့် လမ်းခင်းခြင်း ကျောင်းမြေဖို့ခြင်းလုပ်ငန်းများဆောင်ရွက်တာဆိုလျှင် အကြိမ်ရေ ၁၂၀ကျော် ရှိပါပြီ




⭐️ဘုန်းဘုန်းကြီးက ကြီးကြပ်ကူညီ ဆောင်ရွက်ပေးနေသော ရန်ကုန်တောင်ပိုင်းခရိုင်မှူး ကိုခေါ် ၍ ရေထွက်ချင်လားဟုမေးသောအခါ ခရိုင်မှူးက ရေထွက်ချင်ပါတယ်ဟု ပြန်ပြီး လျှောက်ထားသဖြင့် ဘုန်းဘုန်း က




ဘုရား နှင့် သံဃာတော်များကို သောက်တော်ရေကပ်လှူချင်ပါတယ်ဟု “မြေဖုတ်ဘီလူး” ကိုပြောလိုက် ပြီး ဘုန်းဘုန်းညွှန်ပြတယ့်နေရာကိုတူးလိုက်ပါလို့မိန့်ပါတယ်၊




မြေတူးသမားက ညွှန်ပြတယ့်နေရာကို ၁၀မိနစ်နီးပါးခန့်တူးဖော်ပြီး အနက်၁၇ပေလောက်အရောက် မှာ

စမ်းရေများထွက်ပါတယ် စမ်းရေကို ဘုန်းဘုန်းကြီး အား ကပ်သောအခါ၌ ရေကချိုပြီး မြေနံ့ဆိုးမရှိတာကိုသိရပါတယ် နောက် ၁၀/၁၅မိနစ်အကြာမှာ ရေများတဖြည်းဖြည်းထွက်လာပါတော့တယ်ဗျာ


ကုသိုလ်များ၏ သဒ္ဓါတရားအစွမ်း၊ ဘုရားနှင့် သံဃာတော်များကို ကပ်လှူပူဇော်ပေးခြင်း စသောကုသိုလ်စိတ်များကြောင့် ယနေ့အတွက် အလွန်ပင်ဝမ်းသာပိတီဖြစ်မိပါတယ်

 ရုပ်သံကြည့်ရန် (၁)  

ရုပ်သံကြည့်ရန် (၂)

ရုပ်သံကြည့်ရန်(၃)  


ရုပ်သံကြည့်ရန် (၄)

ရုပ်သံကြည့်ရန် (၅)

 #

Post a Comment

Previous Post Next Post