(Unicode)

ဆိုင်တည်နေရာက ရွှေပေါက်ကံ ဆင်ဖုံရွာ ထိပ်တဲ့ ….ဒီနေ့မနက် အရေးပေါ် ကယ်တင်လက်ခံပေးလိုက်ရတဲ့ အရမ်းသနားစရာကောင်းလွန်းတဲ့ ခလေးတွေပါ….

တနေ့ ဘယ်နှစ်ကောင်နူန်းနဲ့ အသတ်ခံရမလည်းဆိုတာကတော့ လာရောက်..စားသောက်မဲ့ သူ ရဲ့ပေါမှာမူတည်ပါတယ်..

နေပြည်တော်က ဇနီးမောင်နှံ နှစ်ယောက်က.. ရန်ကုန်ကိုပြန်လာရင်းနဲ့..သူ့.ရဲ့..အလုပ်သမားလေးက.သူ့ကိုပြောပြတယ်တဲ့ ထန်းရေ.ဆိုင်မှာ..အကုန်ရတယ်တဲ့..




နေရာအတိအကျ သိရပါတယ်…ကြောင်သားလည်းရတယ်တဲ့ ဒါနဲ့သူက တောကြောင်လား.မေးကြည့်တော့ ဟာ.ဘယ်ကလာ.. အိမ်ကြောင်တွေတဲ့..

ခုတောင်တသုတ်ထပ်ရောက်နေတယ်တဲ့.သနားစရာလေးတွေတဲ့.အငယ်လေး တွေတောင်ပါတယ်တဲ့ အာ့လိုပြောတော့ သူ့ရင်ထည်းမကောင်းလွန်းလို့.. သွားကွာတဲ့…သွားကြည့်စမ်းတဲ့ ဘယ်နှစ်ကောင်လောက်ရှိမလည်းတဲ့ တခါထည်းမေးခဲ့..ဝယ်ချင်လို့ပါ..ပြောတဲ့ အရှင်..တွေလိုချင်တာနော်လို့ပါ..ပြောတဲ့.. ပြေပြေလယ်လယ်.လေးလည်းပြောတဲ့…




ငါ.ကတော့မသွားချင်ဘူးတဲ့ မခံစားနိုင်ဘူးတဲ့ အာ့ဒါနဲ့သူ့. တပည့်လေးတွေပြန်လာတော့ ဆယ်ကောင်လောက်ရှိတယ်တဲ့ ရောင်းမယ်တဲ့ တစ်ကောင်တစ်သောင်း..တဲ့ ရတယ်.ပေးမယ်ဝယ်မယ်.. ပြီးတော့. အကျိုးအကြောင်းတွေရှင်းပြ.. ..ချက်ချင်းလှောင်အိမ်စီစည် ပိုက်စံစီစည်ပြီး.သွားဝယ် ခြံကိုတခါထည်းသယ်လာ…



အိုး…ခြံလည်းရောက်ရော.. ကြည့်လိုက်တော့.. သနားလိုက်တာ…တကယ်ပါ.. ဘာမှမသိရှာကြဘူး ကံအရမ်းကောင်းတဲ့ခလေးတွေပါ.. နေလည်းမကောင်းကြဘူး…

အတော့ရက်စက်တဲ့.လူသားတွေ ဖမ်းကြ.ရောင်းကြ.. သတ်ကြ..ဘယ်နေရာကဘယ်လိုတွေဖမ်းလာပြီး ဘယ်လောက်တောင်.သေနေ.ကြပြီး.ပြီးလည်းဆိုတာ မစဉ်းစားရဲအောင်ပါဘဲ..


ပျောက်လိုက်တဲ့.သခင်တွေလည်း…ဘယ်လောက်ခံစားနေကြရမလည်း တွေးကြည့်လိုက်ရင်.တကယ်ရင်ထည်းမကောင်းဘူး ခုလည်းခလေးတွေပုံ.အနီးကပ်.အကုန်ရိုက်ထားပြီးတင်ပေးလိုက်ပါတယ်..


ခလေးတွေကံအရမ်းကောင်းတယ်ဆိုပေမဲ့. ခလေးအားလုံးကို… ..အတော်လေး..ကျန်းမာအောင်..လိုအပ်တဲ့ကုသမှူတွေလုပ်ပေးရပါအုန်းမယ် အတော်လေးလည်းပြုစု့ရပါအုန်းမယ်… သူတို့လေးတွေကို… ကံကောင်းအောင်..ဆုတောင်းပေးကြပါအုန်း နော်

Zwe Thiri Aung & Phyu PyarThwin


(Zawgyi)



















Post a Comment

Previous Post Next Post