(Unicode)

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ ဒေါ်ဖွားရှင်လမ်းရှိ SHIN SUNG အထည်ချုပ်စက်ရုံမှာ မေလ ၂၈ ရက်တွင် ယာယီပိတ်သိမ်းခြင်းကြောင့် အလုပ်သမား ၂၀၀၀ ကျော်ခန့်အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင် အလုပ်သမားတစ်ထောင်ခန့်မှ စက်ရုံပြန်ဖွင့်ချိန်တွင်မူလရာထူး လစာအတိုင်းပြန်လည်းရရှိစေရန် မြို့နယ်ညှိနှိုန်းဖျန်ဖြေရေးကော်မတီတွင်အလုပ်ရှင်နှင့် ညှိနှိုင်းနေတယ်လို့ အလုပ်သမားများထံမှ သိရပါတယ်။

“အခုလောလောဆယ်တော့ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးမှာ တစ်ကြိမ်ဘဲ ရှင်းရသေးတယ်။ အဲ့ဒီထဲကမှ အလုပ်သမားတစ်ထောင်လောက်က စက်ရုံပြန်ဖွင့်ရင် မူလရာထူး လစာအတိုင်းပြန်ရချင်တယ်။ စက်ရုံကလည်း ယာယီပိတ်တာဆိုတော့ အလုပ်ရှင်ဘက်က ရက်အကန့်အသတ်မရှိပိတ်တာလို့ တင်ပြတယ်။ အလုပ်သမားတွေက ယာယီဆိုလည်း ကြားလစာကို ညှိနှိုင်းမယ်။ အလုပ်ဖွင့်ရင် မူလရာထူးလစာပြန်ရဖို့တောင်းဆိုနေတာ။ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးမှာ ၉ ရက်နေ့တော့ ပြန်ချိန်းထားတယ်။


အလုပ်ရှင်ကတော့ Covid-19 ကြောင့်အော်ဒါမရလို့ လူလျှော့တယ် ရာယီပိတ်တယ်ပေါ့။ ပြန်လည်ပတ်ဖို့ မလည်ပတ်ဖို့က အခြေအနေကြည့်ရမယ်ပြောတယ်။ ဒီစက်ရုံက ပဲခူးနဲ့တခြားမြို့တစ်ခုမှာလည်းရှိတယ်ပြောတယ်။ အဲ့ဒီစက်ရုံတွေတော့ လူမလျှော့ဘူးပေါ့။ ဒီစက်ရုံကိုတော့ အလုပ်သမားသမဂ္ဂလည်းရှိတော့ ဖြိုခွင်းချင်လို့ပိတ်တာလို့ အလုပ်သမားတွေကတင်ပြထားတယ်” ဟုလှိုင်သာယာမြို့နယ် အလုပ်သမားညှိနှိုင်းဖျန်ဖြေရေးကော်မတီမှ အလုပ်သမားကိုယ်စားလှယ် ဒေါ်ကြည်ကြည်ထွန်းကပြောပါတယ်။

(SHIN SUNG) ရှင်စောင်း အထည်ချုပ်စက်ရုံတွင် အထည်ကုန်ကြမ်းနှင့် လုပ်သားအင်အားအလုံအလောက်ရှိသော်လည်း ကိုဗစ်ကူးစက်မှုအခြေအနေကြောင့် ဥရောပမှ ပစ္စည်းလက်ခံမည့်သူမရှိဘဲ ပစ္စည်းမှာယူမှုခေတ္တရပ်ဆိုင်းထားမှုကြောင့် စက်ရုံယာယီပိတ်သိမ်းရခြင်းဖြစ်ကြောင်း စက်ရုံပိုင်ရှင်ကပြောဆိုကြောင်း သိရပါတယ်။“လက်ရှိမှာအလုပ်သမားတွေက ကိုဗစ်ကာလမှာ စားစရာမရှိ အခက်အခဲရှိတော့ လျော်ကြေးတော့ ယူသွားကြပြီ။


ပထမကျွန်တော်တို့က လျော်ကြေးမယူဘူးဆိုပြီး တိုင်စာတင်ထားတာ အခုက စားဝတ်နေရေးအဆင်မပြေတော့ ယူလိုက်ရတော့ အဲ့ဒါတင်ထားတာလည်းပြန်ပိတ်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့အလုပ်သမားတွေကတော့ အလုပ်ပြန်လိုချင်ကြတာပေါ့။အလုပ်ရှင်ဘက်ကတော့ စက်ရုံကအပြီးပိတ်ထားတာမဟုတ်ဘူး။ ဒါပေမဲ့ပြန်ဖွင့်ဖို့ဘယ်လောက်ကြာမယ်မသိတော့ ညှိနှိုင်းလစာမပေးချင်ဘူး။ လျော်ကြေးကိုဘဲယူပြီး ရသင့်ရထိုက်တဲ့လျော်ကြေးတွေထုတ်ပြီး အကုန်ထုတ်လိုက်တယ်ပေါ့။ အော်ဒါရလို့ စက်ရုံပြန်လည်ပတ်ရင်လည်း သူတို့က လူအသစ်တွေနဲ့ဘဲလုပ်ချင်တာ။

ရှင်စောင်း စက်ရုံ ၆ ရုံရှိတာမှာ အလုပ်သမားသမဂ္ဂက ကျွန်တော်တို့စက်ရုံဘဲရှိပြီး လူလည်းအရမ်းညီလို့ ပိတ်တဲ့ပုံစံဖြစ်နေတယ်။ တခြားစက်ရုံမှာဆို အိုဗာတိုင်တွေခေါ် လူအသစ်တွေလည်းခေါ်နေတယ်။ ကျွန်တော်တို့ဘက်က လျော်ကြေးငွေလည်းယူထားပြီးပီဆိုတော့ အလုပ်ပြန်ဖွင့်ရင် ကျွန်တော်တို့ကိုဦးစားပေးအနေနဲ့ခန့်စေချင်တယ်” ဟု ရှင်စောင်း အထည်ချုပ်စက်ရုံအလုပ်သမား သမဂ္ဂဥက္ကဌ ကိုကျော်မင်းဦးက ပြောပါတယ်။SHIN SUNG အထည်ချုပ် စက်ရုံသည် ကိုရီးယားနိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး အလုပ်သမား ၂၁၀၈ ဦးရှိကာ ဥရောပ (EURO) သို့အထည်တင်ပို့နေခြင်းဖြစ်ကြောင်း သိရပါတယ်။

ဝေယံ

(Zawgyi)

လိႈင္သာယာၿမိဳ႕နယ္၊ ေ႐ႊလင္ပန္းစက္မႈဇုန္၊ ေဒၚဖြားရွင္လမ္းရွိ SHIN SUNG အထည္ခ်ဳပ္စက္႐ုံမွာ ေမလ ၂၈ ရက္တြင္ ယာယီပိတ္သိမ္းျခင္းေၾကာင့္ အလုပ္သမား ၂၀၀၀ ေက်ာ္ခန္႔အလုပ္လက္မဲ့ျဖစ္ခဲ့ၿပီး လက္ရွိအခ်ိန္တြင္ အလုပ္သမားတစ္ေထာင္ခန္႔မွ စက္႐ုံျပန္ဖြင့္ခ်ိန္တြင္မူလရာထူး လစာအတိုင္းျပန္လည္းရရွိေစရန္ ၿမိဳ႕နယ္ညႇိႏႈိန္းဖ်န္ေျဖေရးေကာ္မတီတြင္အလုပ္ရွင္ႏွင့္ ညႇိႏႈိင္းေနတယ္လို႔ အလုပ္သမားမ်ားထံမွ သိရပါတယ္။

“အခုေလာေလာဆယ္ေတာ့ ၿမိဳ႕နယ္ညႇိႏႈိင္းဖ်န္ေျဖေရးမွာ တစ္ႀကိမ္ဘဲ ရွင္းရေသးတယ္။ အဲ့ဒီထဲကမွ အလုပ္သမားတစ္ေထာင္ေလာက္က စက္႐ုံျပန္ဖြင့္ရင္ မူလရာထူး လစာအတိုင္းျပန္ရခ်င္တယ္။ စက္႐ုံကလည္း ယာယီပိတ္တာဆိုေတာ့ အလုပ္ရွင္ဘက္က ရက္အကန္႔အသတ္မရွိပိတ္တာလို႔ တင္ျပတယ္။ အလုပ္သမားေတြက ယာယီဆိုလည္း ၾကားလစာကို ညႇိႏႈိင္းမယ္။ အလုပ္ဖြင့္ရင္ မူလရာထူးလစာျပန္ရဖို႔ေတာင္းဆိုေနတာ။ ၿမိဳ႕နယ္ညႇိႏႈိင္းဖ်န္ေျဖေရးမွာ ၉ ရက္ေန႔ေတာ့ ျပန္ခ်ိန္းထားတယ္။



အလုပ္ရွင္ကေတာ့ Covid-19 ေၾကာင့္ေအာ္ဒါမရလို႔ လူေလ်ွာ့တယ္ ရာယီပိတ္တယ္ေပါ့။ ျပန္လည္ပတ္ဖို႔ မလည္ပတ္ဖို႔က အေျခအေနၾကည့္ရမယ္ေျပာတယ္။ ဒီစက္႐ုံက ပဲခူးနဲ႔တျခားၿမိဳ႕တစ္ခုမွာလည္းရွိတယ္ေျပာတယ္။ အဲ့ဒီစက္႐ုံေတြေတာ့ လူမေလွ်ာ့ဘူးေပါ့။ ဒီစက္႐ုံကိုေတာ့ အလုပ္သမားသမဂၢလည္းရွိေတာ့ ၿဖိဳခြင္းခ်င္လို႔ပိတ္တာလို႔ အလုပ္သမားေတြကတင္ျပထားတယ္” ဟုလႈိင္သာယာၿမိဳ႕နယ္ အလုပ္သမားညႇိႏႈိင္းဖ်န္ေျဖေရးေကာ္မတီမွ အလုပ္သမားကိုယ္စားလွယ္ ေဒၚၾကည္ၾကည္ထြန္းကေျပာပါတယ္။

(SHIN SUNG) ရွင္ေစာင္း အထည္ခ်ဳပ္စက္႐ုံတြင္ အထည္ကုန္ၾကမ္းႏွင့္ လုပ္သားအင္အားအလုံအေလာက္ရွိေသာ္လည္း ကိုဗစ္ကူးစက္မႈအေျခအေနေၾကာင့္ ဥေရာပမွ ပစၥည္းလက္ခံမည့္သူမရွိဘဲ ပစၥည္းမွာယူမႈေခတၱရပ္ဆိုင္းထားမႈေၾကာင့္ စက္႐ုံယာယီပိတ္သိမ္းရျခင္းျဖစ္ေၾကာင္း စက္႐ုံပိုင္ရွင္ကေျပာဆိုေၾကာင္း သိရပါတယ္။“လက္ရွိမွာအလုပ္သမားေတြက ကိုဗစ္ကာလမွာ စားစရာမရွိ အခက္အခဲရွိေတာ့ ေလ်ာ္ေၾကးေတာ့ ယူသြားၾကၿပီ။



ပထမကြၽန္ေတာ္တို႔က ေလ်ာ္ေၾကးမယူဘူးဆိုၿပီး တိုင္စာတင္ထားတာ အခုက စားဝတ္ေနေရးအဆင္မေျပေတာ့ ယူလိုက္ရေတာ့ အဲ့ဒါတင္ထားတာလည္းျပန္ပိတ္ဖို႔ ရည္႐ြယ္ထားပါတယ္။ ဒါေပမဲ့အလုပ္သမားေတြကေတာ့ အလုပ္ျပန္လိုခ်င္ၾကတာေပါ့။အလုပ္ရွင္ဘက္ကေတာ့ စက္႐ုံကအၿပီးပိတ္ထားတာမဟုတ္ဘူး။ ဒါေပမဲ့ျပန္ဖြင့္ဖို႔ဘယ္ေလာက္ၾကာမယ္မသိေတာ့ ညႇိႏႈိင္းလစာမေပးခ်င္ဘူး။ ေလ်ာ္ေၾကးကိုဘဲယူၿပီး ရသင့္ရထိုက္တဲ့ေလ်ာ္ေၾကးေတြထုတ္ၿပီး အကုန္ထုတ္လိုက္တယ္ေပါ့။ ေအာ္ဒါရလို႔ စက္႐ုံျပန္လည္ပတ္ရင္လည္း သူတို႔က လူအသစ္ေတြနဲ႔ဘဲလုပ္ခ်င္တာ။

ရွင္ေစာင္း စက္ရံု ၆ ႐ုံရွိတာမွာ အလုပ္သမားသမဂၢက ကြၽန္ေတာ္တို႔စက္႐ုံဘဲရွိၿပီး လူလည္းအရမ္းညီလို႔ ပိတ္တဲ့ပုံစံျဖစ္ေနတယ္။ တျခားစက္႐ုံမွာဆို အိုဗာတိုင္ေတြေခၚ လူအသစ္ေတြလည္းေခၚေနတယ္။ ကြၽန္ေတာ္တို႔ဘက္က ေလ်ာ္ေၾကးေငြလည္းယူထားၿပီးပီဆိုေတာ့ အလုပ္ျပန္ဖြင့္ရင္ ကြၽန္ေတာ္တို႔ကိုဦးစားေပးအေနနဲ႔ခန္႔ေစခ်င္တယ္” ဟု ရွင္ေစာင္း အထည္ခ်ဳပ္စက္႐ုံအလုပ္သမား သမဂၢဥကၠဌ ကိုေက်ာ္မင္းဦးက ေျပာပါတယ္။SHIN SUNG အထည္ခ်ဳပ္ စက္႐ုံသည္ ကိုရီးယားႏိုင္ငံသားပိုင္စက္႐ုံျဖစ္ၿပီး အလုပ္သမား ၂၁၀၈ ဦးရွိကာ ဥေရာပ (EURO) သို႔အထည္တင္ပို႔ေနျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ေဝယံ

Post a Comment

Previous Post Next Post