(Unicode)

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မူဆယ်မြို့အနီး မြန်မာ-တရုတ်နယ်ခြားအဖြစ် သတ်မှတ်ထားသည့် ရွှေလီမြစ်ရေသည် ဇွန်လ ၁၀ ရက်မှ စတင်၍ အနီရောင်အဖြစ် ပြောင်းလဲကာ စီးဆင်းနေမှုကြောင့် ယင်းမြစ်အနီးရှိ ဒေသခံများမှ စိုးရိမ်ပူပန်မှုများ ရှိနေပြီး ဆန်းစစ်ချက်များ ပြုလုပ်လျက်ရှိကြောင်း မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
.
“မြန်မာနိုင်ငံဘက်ကို ရွှေလီမြစ် စီးဝင်တဲ့ ကောင်းခန်ရွာနားကစပြီး ရေက အနီရောင်ဖြစ်တာ စစ်ဆေးတွေ့ရှိရတယ်။ မိုးရေကြောင့် မြေသားပျော်ဝင်တယ် ဆိုရင်လည်း ဒီလိုမဖြစ်နိုင်ဘူးလို့ ယူဆတယ်။ ဓါတုဆေးတစ်ခုခု ပျော်ဝင်နေတဲ့ အနေအထားမျိုး မြင်တွေ့ရလို့ ဆန်းစစ်ပေးဖို့ ခရိုင်ကို တင်ပြပြီး ပြည်ပရေးရာနဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်” ဟု မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။



.
အဆိုပါ မြစ်ရေသည် ဇွန်လ ၁၀ ရက်မှ စတင်၍ အရောင်ပြောင်းလဲမှု ဖြစ်ပွားလာခြင်းဖြစ်ပြီး ရေနမူနာ ရယူခြင်း၊ စောင့်ကြည့်ခြင်းများ ပြုလုပ်ခဲ့ရာ ကျင်စန်းကျော့ဘက်ရှိ ကောင်းခန်ရွာအနီး၊ မြန်မာနိုင်ငံဘက်သို့ ရွှေလီမြစ် စီးဝင် သည့်နေရာတွင် တရုတ်နိုင်ငံဘက်မှ စီးဝင်သည့် ရေများဖြစ်ကြောင်း တွေ့ရှိရသဖြင့် တရုတ်နိုင်ငံဘက်သို့ ဆန်းစစ်နိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
.
“ကိုယ့်နိုင်ငံ နယ်မြေထဲမှာလား ဆိုပြီး ဆန်းစစ်တယ်။ ရွှေလီမြစ်ကမ်းဘေးက ပျော့ဖတ်စက်ရုံတွေကိုလည်း စစ်ဆေး တယ်။ နမ့်ပေါ်ချောင်းနဲ့ ချောင်းတွေ အရောင်ပြောင်းတာကို သေချာဆန်းစစ်ပြီး ရွှေလီမြစ်အောက်ဘက်က စိုက်ခင်း တွေကို လတ်တလော မြစ်ရေမသုံးစွဲကြဖို့ အကြောင်းကြားထားရတယ်။ အုပ်ချုပ်ရေးဘက်ကတော့ ဟိုဘက်ကို မေး ထားတယ်။ အခုချိန်ထိတော့ မသိရသေးဘူး။ ဒီဘက်မှာလည်း ဓါတုစွန့်ပစ်ရေတွေ မြစ်ထဲရောက်သလားဆိုပြီး စစ်တယ်။ ဒါပေမဲ့ မြစ်ရေနီတာကတော့ တရုတ်ဘက်က လာတာတွေ့ရပါတယ်” ဟု မူဆယ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ပြောသည်။


.
ရွှေလီမြစ်ရေအရောင် ပြောင်းလဲမှုနှင့် ပတ်သက်၍ အဖွဲ့စုံဖြင့် လိုက်လံဆန်းစစ်ရာ စွမ်ဆော်ရပ်ကွက်၊ ခိုဝိန်းနယ်မြေ အတွင်းရှိ တရုတ်ရိုးရာ ပျော့ဖတ်စက်ရုံကို ရွာသားများမှ တိုင်ကြားသဖြင့် စစ်ဆေးချက်များပြုလုပ်ခဲ့ပြီး စက်ရုံမှ ထွက်ရှိ သည့် စွန့်ပစ်ရေများအား သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်မှုရှိ/မရှိ စစ်ဆေးနေကြောင်း သိရသည်။
.
“မြစ်ရေက နီနေတာ ၂ ရက်ရှိပြီ။ အတိတ်နိမိတ်လား၊ ဓါတုစွန့်ပစ်ရေတွေလားတော့ မသိဘူး။ မြင်ရတာ စိတ် မကောင်းဘူး။ နိမိတ်ဆိုရင်လည်း မကောင်းဘူး။ အဆိပ်သင့်ရေတွေဆိုရင်လည်း သုံးစွဲသူတွေအတွက် မကောင်းဘူး” ဟု တရုတ်နိုင်ငံ၊ ကြယ်ဂေါင်မြို့ရှိ မိုးမခဖောင်ဒေးရှင်းမှ ဒေါ်မိုးမခက ပြောသည်။


.
ရွှေလီမြစ်သည် တရုတ်နိုင်ငံ ကုန်းမြင့်ဒေသတွင် မြစ်ဖျားခံပြီး မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီးတို့ကို ဖြတ်သန်းစီးဆင်းကာ ကသာမြို့အနီးတွင် ဧရာဝတီမြစ်ထဲသို့ စီးဝင်သည့် မြစ်တစ်ခု ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #Musei #MinZawMin

(Zawgyi)

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မူဆယ္ၿမိဳ့အနီး ျမန္မာ-တ႐ုတ္နယ္ျခားအျဖစ္ သတ္မွတ္ထားသည့္ ေရႊလီျမစ္ေရသည္ ဇြန္လ ၁၀ ရက္မွ စတင္၍ အနီေရာင္အျဖစ္ ေျပာင္းလဲကာ စီးဆင္းေနမွုေၾကာင့္ ယင္းျမစ္အနီးရွိ ေဒသခံမ်ားမွ စိုးရိမ္ပူပန္မွုမ်ား ရွိေနၿပီး ဆန္းစစ္ခ်က္မ်ား ျပဳလုပ္လ်က္ရွိေၾကာင္း မူဆယ္ၿမိဳ့နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။
.
“ျမန္မာနိုင္ငံဘက္ကို ေရႊလီျမစ္ စီးဝင္တဲ့ ေကာင္းခန္ရြာနားကစၿပီး ေရက အနီေရာင္ျဖစ္တာ စစ္ေဆးေတြ႕ရွိရတယ္။ မိုးေရေၾကာင့္ ေျမသားေပ်ာ္ဝင္တယ္ ဆိုရင္လည္း ဒီလိုမျဖစ္နိုင္ဘူးလို့ ယူဆတယ္။ ဓါတုေဆးတစ္ခုခု ေပ်ာ္ဝင္ေနတဲ့ အေနအထားမ်ိဳး ျမင္ေတြ႕ရလို့ ဆန္းစစ္ေပးဖို့ ခရိုင္ကို တင္ျပၿပီး ျပည္ပေရးရာနဲ႔ ဆက္သြယ္ေဆာင္ရြက္ေနပါတယ္” ဟု မူဆယ္ၿမိဳ့နယ္ အုပ္ခ်ဳပ္ေရးမွူး ဦးသူရိန္က ကေမၻာဇတိုင္းသို့ ေျပာသည္။
.
အဆိုပါ ျမစ္ေရသည္ ဇြန္လ ၁၀ ရက္မွ စတင္၍ အေရာင္ေျပာင္းလဲမွု ျဖစ္ပြားလာျခင္းျဖစ္ၿပီး ေရနမူနာ ရယူျခင္း၊ ေစာင့္ၾကည့္ျခင္းမ်ား ျပဳလုပ္ခဲ့ရာ က်င္စန္းေက်ာ့ဘက္ရွိ ေကာင္းခန္ရြာအနီး၊ ျမန္မာနိုင္ငံဘက္သို့ ေရႊလီျမစ္ စီးဝင္ သည့္ေနရာတြင္ တ႐ုတ္နိုင္ငံဘက္မွ စီးဝင္သည့္ ေရမ်ားျဖစ္ေၾကာင္း ေတြ႕ရွိရသျဖင့္ တ႐ုတ္နိုင္ငံဘက္သို့ ဆန္းစစ္နိုင္ရန္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
.
“ကိုယ့္နိုင္ငံ နယ္ေျမထဲမွာလား ဆိုၿပီး ဆန္းစစ္တယ္။ ေရႊလီျမစ္ကမ္းေဘးက ေပ်ာ့ဖတ္စက္႐ုံေတြကိုလည္း စစ္ေဆး တယ္။ နမ့္ေပၚေခ်ာင္းနဲ႔ ေခ်ာင္းေတြ အေရာင္ေျပာင္းတာကို ေသခ်ာဆန္းစစ္ၿပီး ေရႊလီျမစ္ေအာက္ဘက္က စိုက္ခင္း ေတြကို လတ္တေလာ ျမစ္ေရမသုံးစြဲၾကဖို့ အေၾကာင္းၾကားထားရတယ္။ အုပ္ခ်ဳပ္ေရးဘက္ကေတာ့ ဟိုဘက္ကို ေမး ထားတယ္။ အခုခ်ိန္ထိေတာ့ မသိရေသးဘူး။ ဒီဘက္မွာလည္း ဓါတုစြန႔္ပစ္ေရေတြ ျမစ္ထဲေရာက္သလားဆိုၿပီး စစ္တယ္။ ဒါေပမဲ့ ျမစ္ေရနီတာကေတာ့ တ႐ုတ္ဘက္က လာတာေတြ႕ရပါတယ္” ဟု မူဆယ္ၿမိဳ့နယ္ မဲဆႏၵနယ္ အမွတ္ (၁) မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေက်ာ္သိန္းက ေျပာသည္။
.
ေရႊလီျမစ္ေရအေရာင္ ေျပာင္းလဲမွုႏွင့္ ပတ္သက္၍ အဖြဲ႕စုံျဖင့္ လိုက္လံဆန္းစစ္ရာ စြမ္ေဆာ္ရပ္ကြက္၊ ခိုဝိန္းနယ္ေျမ အတြင္းရွိ တ႐ုတ္ရိုးရာ ေပ်ာ့ဖတ္စက္႐ုံကို ရြာသားမ်ားမွ တိုင္ၾကားသျဖင့္ စစ္ေဆးခ်က္မ်ားျပဳလုပ္ခဲ့ၿပီး စက္႐ုံမွ ထြက္ရွိ သည့္ စြန႔္ပစ္ေရမ်ားအား သတ္မွတ္စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ ညီညြတ္မွုရွိ/မရွိ စစ္ေဆးေနေၾကာင္း သိရသည္။
.
“ျမစ္ေရက နီေနတာ ၂ ရက္ရွိၿပီ။ အတိတ္နိမိတ္လား၊ ဓါတုစြန႔္ပစ္ေရေတြလားေတာ့ မသိဘူး။ ျမင္ရတာ စိတ္ မေကာင္းဘူး။ နိမိတ္ဆိုရင္လည္း မေကာင္းဘူး။ အဆိပ္သင့္ေရေတြဆိုရင္လည္း သုံးစြဲသူေတြအတြက္ မေကာင္းဘူး” ဟု တ႐ုတ္နိုင္ငံ၊ ၾကယ္ေဂါင္ၿမိဳ့ရွိ မိုးမခေဖာင္ေဒးရွင္းမွ ေဒၚမိုးမခက ေျပာသည္။
.
ေရႊလီျမစ္သည္ တ႐ုတ္နိုင္ငံ ကုန္းျမင့္ေဒသတြင္ ျမစ္ဖ်ားခံၿပီး ျမန္မာနိုင္ငံအတြင္း ရွမ္းျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းေဒသ ႀကီးတို့ကို ျဖတ္သန္းစီးဆင္းကာ ကသာၿမိဳ့အနီးတြင္ ဧရာဝတီျမစ္ထဲသို့ စီးဝင္သည့္ ျမစ္တစ္ခု ျဖစ္ေၾကာင္း သိရသည္။
.
#KBZTai #Shan #Musei #MinZawMin

Post a Comment

Previous Post Next Post