(Unicode)

အိန္ဒိယနိုင်ငံမှာ ကျမ်းစာသင်ကျောင်းသွားတက်ရာကနေ ငွေပြတ်လပ်ပြီး အခက်အခဲကြုံနေတာကြောင့် မြန်မာဘက်ခြမ်း တမူးမြို့ကို ခိုးဝင်လာတဲ့ ၆ ဦးရဲ့ ဓာတ်ခွဲနမူနာရယူပြီး တမူးဆေးရုံမှာ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ သူတို့ ၆ ဦးကို မနေ့ မနက်ပိုင်းက ချောင်းနက်ကြီးရွာမှာ တွေ့ရှိလို့ ခေါ်ဆောင်ကာ တမူးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကာ ဓာတ်ခွဲနမူနာယူပြီး ဆက်လက်စောင့်ကြည့်နေတယ်လို့ တမူးမြို့နယ် လဝကဦးစီးမှူး ဦးအောင်ကျော်စိုးက ဒီဗွီဘီကို ပြောပါတယ်။



ချင်းတိုင်းရင်းသား ၆ ဦးဟာ အိန္ဒိယနိုင်ငံ၊ နာဂလန်းပြည်နယ်၊ Phek Pfutsero မြို့ရှိ ကျမ်းစာသင်ကျောင်းမှာ ပညာသင်ကြားရာက ငွေပြတ်လပ်ပြီး ပြန်လာတာဖြစ်ကြောင်း၊ သူတို့ပြန်လာချိန် အိန္ဒိယနယ်စပ်ဂိတ်တွေလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။

“ကျမ်းစာသင်ကျောင်းတက်ပြီး၊ ပိုက်ဆံပြတ်ပြီး၊ အစာရေစာပြတ်လို့ ပြန်လာတယ်လို့ ပြောပါတယ်” လို့ ဦးအောင်ကျော်စိုးက ပြောပါတယ်။ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားပြီးနောက် မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်တွေကို ရောဂါကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှစ်နိုင်ငံစလုံးက မတ်လအတွင်းမှ စ တင်ပိတ်ထားခဲ့ကြောင်း၊ တရားဝင်နည်းလမ်းနဲ့ ပြန်လာလိုသူတွေကို နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းကာ နယ်စပ်မှာပြန်လည် လက်ခံပေးနေတယ်လို့ သိရပါတယ်။



တမူးမြို့နယ် လဝကဦးစီးမှူး ဦးအောင်ကျော်စိုးက “အမှန်တကယ်က ဂိတ်ကပိတ်ထားတော့ ခိုးပေါက်ကနေ လာကြတာပါ” လို့ ပြောပါတယ်။ ခိုးဝင်လာတဲ့ ၆ ဦးကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းကာ အထက်အဆင့်ဆင့်ကို တင်ပြထားတယ်လို့ ဆိုပါတယ်။ ပြန်ဝင်လာမယ့်သူတွေဟာ လူမှုအဖွဲ့အစည်းတွေကတဆင့် ချိတ်ဆက်ပြီး စာရင်းပေးလာကြသလို လွှတ်တော်ကိုယ်စားလှယ်တွေဆီကို အကြောင်းကြားလာတာကြောင့် ပြန်လက်ခံပေးတာလို့ တမူးမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ပြောထားပါတယ်။ လတ်တလောမှာလည်း အိန္ဒိယမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ပြန်လည်လက်ခံသွားမယ်လို့ ဆိုပါတယ်။

ဒီဗွီဘီ


(Zawgyi)


အိႏၵိယႏိုင္ငံမွာ က်မ္းစာသင္ေက်ာင္းသြားတက္ရာကေန ေငြျပတ္လပ္ၿပီး အခက္အခဲႀကဳံေနတာေၾကာင့္ ျမန္မာဘက္ျခမ္း တမူးၿမိဳ႕ကို ခိုးဝင္လာတဲ့ ၆ ဦးရဲ႕ ဓာတ္ခြဲနမူနာရယူၿပီး တမူးေဆး႐ုံမွာ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။ သူတို႔ ၆ ဦးကို မေန႔ မနက္ပိုင္းက ေခ်ာင္းနက္ႀကီး႐ြာမွာ ေတြ႕ရွိလို႔ ေခၚေဆာင္ကာ တမူးျပည္သူ႔ေဆး႐ုံႀကီးကို ပို႔ေဆာင္ကာ ဓာတ္ခြဲနမူနာယူၿပီး ဆက္လက္ေစာင့္ၾကည့္ေနတယ္လို႔ တမူးၿမိဳ႕နယ္ လဝကဦးစီးမႉး ဦးေအာင္ေက်ာ္စိုးက ဒီဗြီဘီကို ေျပာပါတယ္။


ခ်င္းတိုင္းရင္းသား ၆ ဦးဟာ အိႏၵိယႏိုင္ငံ၊ နာဂလန္းျပည္နယ္၊ Phek Pfutsero ၿမိဳ႕ရွိ က်မ္းစာသင္ေက်ာင္းမွာ ပညာသင္ၾကားရာက ေငြျပတ္လပ္ၿပီး ျပန္လာတာျဖစ္ေၾကာင္း၊ သူတို႔ျပန္လာခ်ိန္ အိႏၵိယနယ္စပ္ဂိတ္ေတြလည္း ပိတ္ထားတယ္လို႔ ဆိုပါတယ္။

“က်မ္းစာသင္ေက်ာင္းတက္ၿပီး၊ ပိုက္ဆံျပတ္ၿပီး၊ အစာေရစာျပတ္လို႔ ျပန္လာတယ္လို႔ ေျပာပါတယ္” လို႔ ဦးေအာင္ေက်ာ္စိုးက ေျပာပါတယ္။ကိုဗစ္-၁၉ေရာဂါ ျဖစ္ပြားၿပီးေနာက္ ျမန္မာ-အိႏၵိယ နယ္စပ္ဂိတ္ေတြကို ေရာဂါကြယ္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ႏွစ္ႏိုင္ငံစလုံးက မတ္လအတြင္းမွ စ တင္ပိတ္ထားခဲ့ေၾကာင္း၊ တရားဝင္နည္းလမ္းနဲ႔ ျပန္လာလိုသူေတြကို ႏွစ္ႏိုင္ငံတာဝန္ရွိသူေတြ ညႇိႏႈိင္းကာ နယ္စပ္မွာျပန္လည္ လက္ခံေပးေနတယ္လို႔ သိရပါတယ္။


တမူးၿမိဳ႕နယ္ လဝကဦးစီးမႉး ဦးေအာင္ေက်ာ္စိုးက “အမွန္တကယ္က ဂိတ္ကပိတ္ထားေတာ့ ခိုးေပါက္ကေန လာၾကတာပါ” လို႔ ေျပာပါတယ္။ ခိုးဝင္လာတဲ့ ၆ ဦးကိစၥနဲ႔ပတ္သက္ၿပီး စစ္ေဆးေမးျမန္းကာ အထက္အဆင့္ဆင့္ကို တင္ျပထားတယ္လို႔ ဆိုပါတယ္။ ျပန္ဝင္လာမယ့္သူေတြဟာ လူမႈအဖြဲ႕အစည္းေတြကတဆင့္ ခ်ိတ္ဆက္ၿပီး စာရင္းေပးလာၾကသလို လႊတ္ေတာ္ကိုယ္စားလွယ္ေတြဆီကို အေၾကာင္းၾကားလာတာေၾကာင့္ ျပန္လက္ခံေပးတာလို႔ တမူးၿမိဳ႕နယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးႏိုင္ႏိုင္ဝင္းက ေျပာထားပါတယ္။ လတ္တေလာမွာလည္း အိႏၵိယမွာ ပိတ္မိေနတဲ့ ျမန္မာႏိုင္ငံသား ၁၀၀ ေက်ာ္ကို ျပန္လည္လက္ခံသြားမယ္လို႔ ဆိုပါတယ္။

ဒီဗြီဘီ

Post a Comment

Previous Post Next Post