(Unicode)

ဆန္ဒ ပြပွဲေ တွပြီးရင် အစု လိုက် အပြုံ လိုက် ဗိုင်း ရပ်စ် ကူးစက်ပွဲ တွေ လာတော့ မယ့် အမေရိကန်

ဒီ ရက် ထဲ မှ ည -မနေ့ည ကလည်း ကျွန်တော် နေ တဲ့ မြို့ မှာ ဆန္ဒပြကြတာတွေ ထပ်ဖြစ်ပေ မယ့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပဲ ပြီးဆုံးသွားတယ် လို့ သိ ရ တယ် ။ မနက်စောစော ၇ နာရီ လောက်ကတော့ မြို့ခံ ဘေ့စ်ဘော အသင်းကွင်းထဲ ဝင်ပြီး ဖျက်ဆီးဖို့ ကြိုးစားတာ ရှိခဲ့သေး ပါ သတဲ့ ။

ရဲတပ် ဖွဲ့ရဲ့ သတင်း ထုတ်ပြန် ချက် အရ ကာဖျူးအမိန့် နဲ့ ဖမ်းဆီးခံရမှု တချို့ ရှိတာတွေကို သိရပေမယ့် အလုပ်ကနေ ည ၁၁ နာရီကျော် မှ ပြန်လာရတဲ့ ကျွန်တော့်ရဲ့ အိမ်အပြန်လမ်းကတော့ အေးအေးဆေးဆေးပါပဲ။ အဝေးပြေးလမ်းပေါ်မှာ၊ မြို့ထဲလမ်းတွေ မှာ ကားတွေ သွားလာနေတာ လည်း တွေ့ခဲ့ရတာပါပဲ။ ဆန္ဒပြနေကြတဲ့ မြို့လယ်ကိုတော့ ကွင်းရှောင်မောင်း ရတာပေါ့ ။


ဓာတ်ပုံ အရိုက်ခံချင် တဲ့ သမ္မတ အတွက် လမ်းရှင်းပေးချင်တာနဲ့ပဲ လမ်းပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို တွန်းထိုး ရှင်းလင်းပစ်တာကိုတော့ ရုပ်ဆိုးတဲ့ လုပ်ရပ်လို့ပဲ ခံစားမိတယ်။ ဟူစတန် ရဲတပ်ဖွဲ့ အကြီး အကဲကတော့ သမ္မတကို “ဘာ အထောက်အကူ ပေးရမယ် ဆိုတာ မသိရင် ကျေးဇူးပြုပြီး ပါးစပ် ပိတ်ထားပါ” လို့ ပြောပစ်တာပဲ။

အထက်အရာ ရှိလည်းဖြစ် သူငယ်ချင်း ဆိုလည်း ဟုတ်တဲ့ ကျွန်တော့် မန်နေဂျာက အမေရိကန်နိုင်ငံ သား တယောာက်ပါ။ ပြီးခဲ့တဲ့ ပိတ်ရက်ကတော့ သူ့သမီးက ဆန္ဒပြပွဲကို သွားခဲ့ပါသတဲ့။ အဖေ တယောက် အနေနဲ့ သူ့သမီးကို မှာလိုက်တဲ့ စကားကို ပြန်ပြောပြတယ်။ “ ဆန္ဒပြဖို့ သွားတာ ကို ငါ မတားဘူး ၊ သဘော ထားလည်း အတူတူပဲ။ အေး၊ နောက်နေ့ သတင်းတွေ ထဲက လုယက်နေကြသူ ရဲ့ ပုံတွေထဲမှာ ငါ့သမီး မျက်နှာ ကို မမြင်ရစေနဲ့ ” …တဲ့။



ဆန္ဒပြကြ တာတွေ ဖြစ်နေတဲ့ ကြားမှာ ကိုပဲ နည်းနည်း လေး ရင်အေးစရာက ကိုဗစ်ကြောင့် သေဆုံးနေရ တဲ့ အရေအတွက်က အမေရိကားမှာ အကျဘက်ကို ရောက် လာတာပါ။ ကူးနှုန်းကေ တာ့ ပျှမ်းမျှ တရက် ၂ သောင်းနှုန်းကနေ မကျသေးပါ။  အခုတော့ လည်း လူတချို့က ဘာဖြစ်သွား သလဲ ဆိုတော့ ကူးမှာလောက် ကို ဘာမှတောင် မမှုတော့ သလို တွေပါ။ ဖြစ်လာ တော့လည်း အိမ်ထဲမှာ ခွေနေလိုက်၊ အဖျားအနာခံလိုက်ပြီး ပြန်သက်သာ သွားတော့ လုပ်ငန်းခွင်ကို ပြန်ရောက်လာသူတွေတောင် မနည်းတော့ဘူး။



ဆန္ဒပြပွဲတွေကနေ ကူးစက် ခံရမှု ဘယ်လောက်ထိ မြင့်တက် လာဦးမလဲ ဆိုတဲ့ အဖြေကိုတော့ နောက် နှစ်ပတ် ကျော်လောက်ဆို ပိုသိ ရမယ် ထင်ပါတယ်။ အခုကတော့ ကြည့်နေ၊ ကြည့်စား၊ ကြည့်သွားရင်း အလုပ် လုပ်နေမြဲပါ။ ဒါပေမယ့် အဆင်ပြေပါတယ်လေ။


ချစ်ခြင်းမေတ္တာဖြင့်…


ကလိုစေးထူး
ဇွန်လ ၂ ရက်၊ ၂၀၂၀ ခုနှစ်

(Zawgyi)

ဆႏၵ ျပပြဲေ တြၿပီးရင္ အစု လိုက္ အၿပဳံ လိုက္ ဗိုင္း ရပ္စ္ ကူးစက္ပြဲ ေတြ လာေတာ့ မယ့္ အေမရိကန္

ဒီ ရက္ ထဲ မွ ည -မေန႔ည ကလည္း ကြၽန္ေတာ္ ေန တဲ့ ၿမိဳ႕ မွာ ဆႏၵျပၾကတာေတြ ထပ္ျဖစ္ေပ မယ့္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ပဲ ၿပီးဆုံးသြားတယ္ လို႔ သိ ရ တယ္ ။ မနက္ေစာေစာ ၇ နာရီ ေလာက္ကေတာ့ ၿမိဳ႕ခံ ေဘ့စ္ေဘာ အသင္းကြင္းထဲ ဝင္ၿပီး ဖ်က္ဆီးဖို႔ ႀကိဳးစားတာ ရွိခဲ့ေသး ပါ သတဲ့ ။

ရဲတပ္ ဖြဲ႕ရဲ႕ သတင္း ထုတ္ျပန္ ခ်က္ အရ ကာဖ်ဴးအမိန႔္ နဲ႔ ဖမ္းဆီးခံရမႈ တခ်ိဳ႕ ရွိတာေတြကို သိရေပမယ့္ အလုပ္ကေန ည ၁၁ နာရီေက်ာ္ မွ ျပန္လာရတဲ့ ကြၽန္ေတာ့္ရဲ႕ အိမ္အျပန္လမ္းကေတာ့ ေအးေအးေဆးေဆးပါပဲ။ အေဝးေျပးလမ္းေပၚမွာ၊ ၿမိဳ႕ထဲလမ္းေတြ မွာ ကားေတြ သြားလာေနတာ လည္း ေတြ႕ခဲ့ရတာပါပဲ။ ဆႏၵျပေနၾကတဲ့ ၿမိဳ႕လယ္ကိုေတာ့ ကြင္းေရွာင္ေမာင္း ရတာေပါ့ ။



ဓာတ္ပုံ အ႐ိုက္ခံခ်င္ တဲ့ သမၼတ အတြက္ လမ္းရွင္းေပးခ်င္တာနဲ႔ပဲ လမ္းေပၚမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပသူေတြကို တြန္းထိုး ရွင္းလင္းပစ္တာကိုေတာ့ ႐ုပ္ဆိုးတဲ့ လုပ္ရပ္လို႔ပဲ ခံစားမိတယ္။ ဟူစတန္ ရဲတပ္ဖြဲ႕ အႀကီး အကဲကေတာ့ သမၼတကို “ဘာ အေထာက္အကူ ေပးရမယ္ ဆိုတာ မသိရင္ ေက်းဇူးျပဳၿပီး ပါးစပ္ ပိတ္ထားပါ” လို႔ ေျပာပစ္တာပဲ။

အထက္အရာ ရွိလည္းျဖစ္ သူငယ္ခ်င္း ဆိုလည္း ဟုတ္တဲ့ ကြၽန္ေတာ့္ မန္ေနဂ်ာက အေမရိကန္ႏိုင္ငံ သား တေယာာက္ပါ။ ၿပီးခဲ့တဲ့ ပိတ္ရက္ကေတာ့ သူ႔သမီးက ဆႏၵျပပြဲကို သြားခဲ့ပါသတဲ့။ အေဖ တေယာက္ အေနနဲ႔ သူ႔သမီးကို မွာလိုက္တဲ့ စကားကို ျပန္ေျပာျပတယ္။ “ ဆႏၵျပဖို႔ သြားတာ ကို ငါ မတားဘူး ၊ သေဘာ ထားလည္း အတူတူပဲ။ ေအး၊ ေနာက္ေန႔ သတင္းေတြ ထဲက လုယက္ေနၾကသူ ရဲ႕ ပုံေတြထဲမွာ ငါ့သမီး မ်က္ႏွာ ကို မျမင္ရေစနဲ႔ ” …တဲ့။



ဆႏၵျပၾက တာေတြ ျဖစ္ေနတဲ့ ၾကားမွာ ကိုပဲ နည္းနည္း ေလး ရင္ေအးစရာက ကိုဗစ္ေၾကာင့္ ေသဆုံးေနရ တဲ့ အေရအတြက္က အေမရိကားမွာ အက်ဘက္ကို ေရာက္ လာတာပါ။ ကူးႏႈန္းေက တာ့ ပွ်မ္းမွ် တရက္ ၂ ေသာင္းႏႈန္းကေန မက်ေသးပါ။  အခုေတာ့ လည္း လူတခ်ိဳ႕က ဘာျဖစ္သြား သလဲ ဆိုေတာ့ ကူးမွာေလာက္ ကို ဘာမွေတာင္ မမႈေတာ့ သလို ေတြပါ။ ျဖစ္လာ ေတာ့လည္း အိမ္ထဲမွာ ေခြေနလိုက္၊ အဖ်ားအနာခံလိုက္ၿပီး ျပန္သက္သာ သြားေတာ့ လုပ္ငန္းခြင္ကို ျပန္ေရာက္လာသူေတြေတာင္ မနည္းေတာ့ဘူး။



ဆႏၵျပပြဲေတြကေန ကူးစက္ ခံရမႈ ဘယ္ေလာက္ထိ ျမင့္တက္ လာဦးမလဲ ဆိုတဲ့ အေျဖကိုေတာ့ ေနာက္ ႏွစ္ပတ္ ေက်ာ္ေလာက္ဆို ပိုသိ ရမယ္ ထင္ပါတယ္။ အခုကေတာ့ ၾကည့္ေန၊ ၾကည့္စား၊ ၾကည့္သြားရင္း အလုပ္ လုပ္ေနၿမဲပါ။ ဒါေပမယ့္ အဆင္ေျပပါတယ္ေလ။

ခ်စ္ျခင္းေမတၱာျဖင့္…


ကလိုေစးထူး
ဇြန္လ ၂ ရက္၊ ၂၀၂၀ ခုႏွစ္

Post a Comment

Previous Post Next Post