(Unicode)

တော်တဲ့သူခိုးနဲ့ ထက်မြက်တဲ့ရဲ တွေ့ဆုံကြရာဝယ်.. မုဒုံမြို့ New Star ဖုန်းအရောင်းဆိုင်မှ ဖုန်းများ ခိုးယူထွက်ပြေးသွားသူအား ရက်ပိုင်းအတွင်း ဖမ်းဆီးရမိ။

အမှုမှ တရားခံအား စုံစမ်းဖေါ်ထုတ်ဖမ်းဆီးရန်အတွက် ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့၏ လမ်းညွှန်မှုဖြင့် မြို့မရဲစခန်းမှူး ဒုရဲမှူး အောင်မျိုးထွန်း ဦးဆောင်၍ အရာရှိများခေါင်းဆောင်သော အဖွဲ့(၃)ဖွဲ့ဖြင့် စုံစမ်း ဆောင်ရွက်ခဲ့ရာ အမာခံသတင်းပေး၏ ပြောပြချက်အရ ကျူးလွန်သူမှာ ရန်ကုန်မြို့သို့ ရောက်ရှိနေကြောင်း သတင်းအရ (၁၁.၆.၂၀၂၀) ရက်နေ့ (၂၁း၃၀) အချိန်ခန့်တွင် ဒုစခန်းမှူး ရဲအုပ် ဇော်မင်းအောင် ဦးစီး (၂+၆) အဖွဲ့သည် မော်တော်ယာဉ် (၂) စီးနှင့် အတူ တင်ပြထွက်ခွာခဲ့ပါသည်။



(၁၂.၆.၂၀၂၀) ရက်နေ့ (ဝရး၀၀) အချိန်တွင် အမှုမှ ကျူးလွန်သူ အောင်အောင်(၂၅) နှစ် (ဘ)ဦးသံချောင်း၊ မပတ (မရှိ) ဗမာ/ဗုဒ္ဓ၊ ကျဘမ်းလုပ်၊ ဗမာ/ဗုဒ္ဓ၊ လှိုင်သာယာမြို့နယ်နေသူအား ရန်ကုန်-ပုသိမ် ကားလမ်းမဘေး အတွင်း ပဒံကျေးရွာ၌ ဖမ်းဆီးရမိပြီး ၎င်းထံမှ HUAWEI Y6P အမျိုးအစား ဖုန်း(၁)လုံး၊ VIVO Y11 အမျိုးအစား ဖုန်း(၁)လုံး၊ OPPO A5S အမျိုးအစား ဖုန်း(၁)လုံး၊ ငွေဖြည့်ကဒ်မျိုးစုံ(၃၇ဝဝဝိ/-)ကျပ်နှင့် ခိုးယူရရှိသော ဖုန်း အချို့အား ရောင်းချ၍ ဝယ်ယူထားသော ပုဆိုးအသစ် (၄)ထည်၊ အင်္ကျီအသစ်(၅)ထည်၊ ဘောင်းဘီတိုအသစ်(၂)ထည်၊ စုစုပေါင်း(၁၈ဝဝဝဝိ/-) ကျပ်ခန့်အား သိမ်းဆည်းရမိခဲ့ပြီး ကျုးလွန်သူ နှင့်အတူရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ ကျူးလွန်သူ အောင်အောင်အား လမ်းခရီး၌ စစ်ဆေးခဲ့ပါသည်။



စစ်ဆေးချက်အရ ၎င်းသည် မော်လမြိုင်မြို့၊ ဒိုင်းဝန်းကွင်းရပ်ရှိ အဝေးပြေးကားဝန်းအတွင်း၌ ဖုန်းအချို့အား ရောင်းချခဲ့ကြောင်း ထပ်မံစစ်ဆေးသိရှိရသဖြင့် အထက်အရာရှိကြီးတို့ထံတင်ပြကာ ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းနှင့် ဆက်သွယ်ပြီး မုဒုံမြို့မရဲစခန်းမှ ဒုရဲအုပ် ရာဇာထွန်းနှင့် အဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်သိမ်းဆည်းခဲ့ရာ တက္ကစီယာဉ်မောင်းများ ဝယ်ယူထားသည့် HUAWEI Y6P အမျိုးအစား ဖုန်း (၂)လုံး၊ TECNO အမျိုးအစား ဖုန်း (၁)လုံး၊ VIVO 1904 အမျိုးအစား ဖုန်း (၁)လုံး၊ HUAWEI Y8P အမျိုးအစား ဖုန်း(၁)လုံးနှင့် VIVO Y90 အမျိုးအစား ဖုန်း(၁)လုံး၊စုစုပေါင်း (၆)လုံးတို့အား ထပ်မံသိမ်းဆည်းရရှိခဲ့သည်။



အမှုမှ ကျူးလွန်သူ ခိုးယူခဲ့သည့် ဖုန်း (၂၂)လုံးအနက်မှ ဖုန်း (၁၆)လုံးနှင့် ငွေဖြည့်ကဒ်မျိုးစုံ (၃၇ဝဝဝိ/-)ကျပ်၊ ဖုန်းရောင်းရငွေဖြင့် ဝယ်ယူထားသည့် အဝတ်အစားများအား သိမ်းဆည်းရမိပြီးဖြစ်ပါကြောင်းနှင့် ကျူးလွန်သူ အောင်အောင်အား မုဒုံမြို့မရဲစခန်း၌ ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။



အဆိုပါခိုးမှုကျူးလွန်သူသည် CCTV ၌တွေ့ရှိသောရုပ်နှင့် မတူအောင်ပုံဖျတ်ထားပြီး လက်၌လည်း ဆေးမှင်ကြောင်အသစ်ထိုး၍ ပုံဖျတ်ထားသည်ကို မြင်တွေ့ခဲ့ရပါသည်။ ခိုးမှုကျူးလွန်သူ တရားခံအား မုဒုံမြို့မရဲစခန်းမှ (ပ)၁၃၆၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့် အရေးယူထားပါသည်။


(Zawgyi)

ေတာ္တဲ့သူခိုးနဲ႔ ထက္ျမက္တဲ့ရဲ ေတြ႕ဆုံၾကရာဝယ္.. မုဒုံၿမိဳ႕ New Star ဖုန္းအေရာင္းဆိုင္မွ ဖုန္းမ်ား ခိုးယူထြက္ေျပးသြားသူအား ရက္ပိုင္းအတြင္း ဖမ္းဆီးရမိ။

အမႈမွ တရားခံအား စုံစမ္းေဖၚထုတ္ဖမ္းဆီးရန္အတြက္ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးတို႔၏ လမ္းၫႊန္မႈျဖင့္ ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး ေအာင္မ်ိဳးထြန္း ဦးေဆာင္၍ အရာရွိမ်ားေခါင္းေဆာင္ေသာ အဖြဲ႕(၃)ဖြဲ႕ျဖင့္ စုံစမ္း ေဆာင္႐ြက္ခဲ့ရာ အမာခံသတင္းေပး၏ ေျပာျပခ်က္အရ က်ဴးလြန္သူမွာ ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိေနေၾကာင္း သတင္းအရ (၁၁.၆.၂၀၂၀) ရက္ေန႔ (၂၁း၃၀) အခ်ိန္ခန္႔တြင္ ဒုစခန္းမႉး ရဲအုပ္ ေဇာ္မင္းေအာင္ ဦးစီး (၂+၆) အဖြဲ႕သည္ ေမာ္ေတာ္ယာဥ္ (၂) စီးႏွင့္ အတူ တင္ျပထြက္ခြာခဲ့ပါသည္။



(၁၂.၆.၂၀၂၀) ရက္ေန႔ (၀၇း၀၀) အခ်ိန္တြင္ အမႈမွ က်ဴးလြန္သူ ေအာင္ေအာင္(၂၅) ႏွစ္ (ဘ)ဦးသံေခ်ာင္း၊ မပတ (မရွိ) ဗမာ/ဗုဒၶ၊ က်ဘမ္းလုပ္၊ ဗမာ/ဗုဒၶ၊ လႈိင္သာယာၿမိဳ႕နယ္ေနသူအား ရန္ကုန္-ပုသိမ္ ကားလမ္းမေဘး အတြင္း ပဒံေက်း႐ြာ၌ ဖမ္းဆီးရမိၿပီး ၎ထံမွ HUAWEI Y6P အမ်ိဳးအစား ဖုန္း(၁)လုံး၊ VIVO Y11 အမ်ိဳးအစား ဖုန္း(၁)လုံး၊ OPPO A5S အမ်ိဳးအစား ဖုန္း(၁)လုံး၊ ေငြျဖည့္ကဒ္မ်ိဳးစုံ(၃၇ဝဝဝိ/-)က်ပ္ႏွင့္ ခိုးယူရရွိေသာ ဖုန္း အခ်ိဳ႕အား ေရာင္းခ်၍ ဝယ္ယူထားေသာ ပုဆိုးအသစ္ (၄)ထည္၊ အက်ႌအသစ္(၅)ထည္၊ ေဘာင္းဘီတိုအသစ္(၂)ထည္၊ စုစုေပါင္း(၁၈ဝဝဝဝိ/-) က်ပ္ခန႔္အား သိမ္းဆည္းရမိခဲ့​ၿပီး က်ဳးလြန္သူ ႏွင့္အတူရန္ကုန္ၿမိဳ႕မွ ျပန္လည္ထြက္ခြာခဲ့ရာ က်ဴးလြန္သူ ေအာင္ေအာင္အား လမ္းခရီး၌ စစ္ေဆးခဲ့ပါသည္။



စစ္ေဆးခ်က္အရ ၎သည္ ေမာ္လၿမိဳင္ၿမိဳ႕၊ ဒိုင္းဝန္းကြင္းရပ္ရွိ အေဝးေျပးကားဝန္းအတြင္း၌ ဖုန္းအခ်ိဳ႕အား ေရာင္းခ်ခဲ့ေၾကာင္း ထပ္မံစစ္ေဆးသိရွိရသျဖင့္ အထက္အရာရွိႀကီးတို႔ထံတင္ျပကာ ဒိုင္းဝန္ကြင္းနယ္​​ေျမရဲစခန္းႏွင့္ ဆက္သြယ္ၿပီး မုဒုံၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ ရာဇာထြန္းႏွင့္ အဖြဲ႕မွ သက္ေသမ်ားႏွင့္အတူ သြားေရာက္သိမ္းဆည္းခဲ့ရာ တကၠစီယာဥ္ေမာင္းမ်ား ဝယ္ယူထားသည့္ HUAWEI Y6P အမ်ိဳးအစား ဖုန္း (၂)လုံး၊ TECNO အမ်ိဳးအစား ဖုန္း (၁)လုံး၊ VIVO 1904 အမ်ိဳးအစား ဖုန္း (၁)လုံး၊ HUAWEI Y8P အမ်ိဳးအစား ဖုန္း(၁)လုံးႏွင့္ VIVO Y90 အမ်ိဳးအစား ဖုန္း(၁)လုံး၊စုစုေပါင္း (၆)လုံးတို႔အား ထပ္မံသိမ္းဆည္းရရွိခဲ့သည္။



အမႈမွ က်ဴးလြန္သူ ခိုးယူခဲ့သည့္ ဖုန္း (၂၂)လုံးအနက္မွ ဖုန္း (၁၆)လုံးႏွင့္ ေငြျဖည့္ကဒ္မ်ိဳးစုံ (၃၇ဝဝဝိ/-)က်ပ္၊ ဖုန္းေရာင္းရေငြျဖင့္ ဝယ္ယူထားသည့္ အဝတ္အစားမ်ားအား သိမ္းဆည္းရမိၿပီးျဖစ္ပါေၾကာင္းႏွင့္ က်ဴးလြန္သူ ေအာင္ေအာင္အား မုဒုံၿမိဳ႕မရဲစခန္း၌ ဖမ္းဆီးထားေၾကာင္း သတင္းရရွိသည္။



အဆိုပါခိုးမႈက်ဴးလြန္သူသည္ CCTV ၌ေတြ႕ရွိေသာ႐ုပ္ႏွင့္ မတူေအာင္ပုံဖ်တ္ထားၿပီး လက္၌လည္း ေဆးမွင္ေၾကာင္အသစ္ထိုး၍ ပုံဖ်တ္ထားသည္ကို ျမင္ေတြ႕ခဲ့ရပါသည္။ ခိုးမႈက်ဴးလြန္သူ တရားခံအား မုဒုံၿမိဳ႕မရဲစခန္းမွ (ပ)၁၃၆၉/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ-၃၈၀ ျဖင့္ အမႈဖြင့္ အေရးယူထားပါသည္။

Post a Comment

Previous Post Next Post