(Unicode)

ရက်အတန်ကြာ ပျောက်ကွယ်ပြီးမှ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ဒုတိအကြိမ် လူမြင်ကွင်းသို့ ထွက်ပေါ်လာ…

မြောက်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးနဲ့လူနေမှုအခြေအနေတွေကို ဆွေးနွေးဖို့ပေါ်လစ်ဗျူရိုအစည်းအဝေးကို ခေါင်းဆောင် ကင်မ်ဂျုံအွန်က တက်ရောက်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန (KCNA)မှာ ယမန်နေ့ဇွန်လ (၈) ရက်က သတင်းထုတ်ပြန်ပါတယ်။ အခုလိုတွေ့ရတာဟာ ရက်အတန်ကြာ လူမြင်ကွင်းက ပျောက်ကွယ်ပြီးမှ ဒုတိယအကြိမ် ထွက်ပေါ်လာတာပါ။




ဗီဒီယိုထဲမှာတော့ အဖြူရောင်အင်္ကျီဝတ်ထားတဲ့ ကင်မ်ဂျုံအွန်ဟာ ဝါရင့်လက်ထောက်ကြီးတွေဖြစ်တဲ့ ChoeRyong-hae နဲ့ Pak Pong-jsu တို့နဲ့အတူ ကြီးမားတဲ့စားပွဲဝိုင်းကြီးမှာ ထိုင်နေတာကို တွေ့ရပါတယ်။



ကင်မ်ဂျုံအွန်နဲ့တခြားအရာရှိတို့ဟာ တစ်ယောက်မျှ နှာခေါင်းစည်း မတပ်ထားကြသလို၊ ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး နိုင်ငံပိုင်မီဒီယာမှာထုတ်ပြန်ရာမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအကြောင်းကို ရည်ညွှန်းပြောဆိုတာမျိုးမရှိခဲ့ပါဘူး။



ကင်မ်ဟာ တိုင်းပြည်ရဲ့ ဓါတ်မြေဩဇာထုတ်လုပ်မှုအပါအဝင် ဓါတုလုပ်ငန်းကြီးရဲ့အရေးပါမှုကို အလေးထားပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒီအခြေခံထုတ်ကုန်ဟာ အခုနှစ်မှာ မြောက်ကိုရီးယားမီဒီယာရဲ့ အထူးအာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။

ကင်မ်ကို လူမြင်ကွင်းမှာ ပထမဆုံးတွေ့ခဲ့တာကပြီးခဲ့တဲ့ဇန်နဝါရီလက ဓါတ်မြေဩဇာစက်ရုံဆောက်လုပ်ရေးတစ်ခုမှာ ဖြစ်ပြီး။ မေလထဲမှာတော့အဲဒီဓါတ်မြေဩဇာစက်ရုံဖွင့်ပွဲအခမ်းအနားမှာပဲပြန်တွေ့ရတာဖြစ်ပါတယ်။



အစည်းအဝေးမှာ ကင်မ်ဟာ အိမ်ယာဆောက်လုပ်ရေးအပါအဝင် ပြုံးယမ်းမြို့တော်မှာ နေထိုင်သူတွေရဲ့ လူနေမှုအခြေအနေတွေကို အလေးထားပြောကြားခဲ့တယ်လို့ သိရပါတယ်။


(Zawgyi)


ရက္အတန္ၾကာ ေပ်ာက္ကြယ္ၿပီးမွ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္ ဒုတိအႀကိမ္ လူျမင္ကြင္းသို႕ ထြက္ေပၚလာ…

ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ စီးပြားေရးနဲ႔လူေနမႈအေျခအေနေတြကို ေဆြးေႏြးဖို႔ေပၚလစ္ဗ်ဴ႐ိုအစည္းအေဝးကို ေခါင္းေဆာင္ ကင္မ္ဂ်ဳံအြန္က တက္ေရာက္ခဲ့တယ္လို႔ ႏိုင္ငံပိုင္သတင္းဌာန (KCNA)မွာ ယမန္ေန႕ဇြန္လ (၈) ရက္က သတင္းထုတ္ျပန္ပါတယ္။ အခုလိုေတြ႕ရတာဟာ ရက္အတန္ၾကာ လူျမင္ကြင္းက ေပ်ာက္ကြယ္ၿပီးမွ ဒုတိယအႀကိမ္ ထြက္ေပၚလာတာပါ။



ဗီဒီယိုထဲမွာေတာ့ အျဖဴေရာင္အက်ႌဝတ္ထားတဲ့ ကင္မ္ဂ်ဳံအြန္ဟာ ဝါရင့္လက္ေထာက္ႀကီးေတြျဖစ္တဲ့ ChoeRyong-hae နဲ႔ Pak Pong-jsu တို႔နဲ႔အတူ ႀကီးမားတဲ့စားပြဲဝိုင္းႀကီးမွာ ထိုင္ေနတာကို ေတြ႕ရပါတယ္။



ကင္မ္ဂ်ဳံအြန္နဲ႔တျခားအရာရွိတို႔ဟာ တစ္ေယာက္မွ် ႏွာေခါင္းစည္း မတပ္ထားၾကသလို၊ ဒီအစည္းအေဝးနဲ႔ပတ္သက္ၿပီး ႏိုင္ငံပိုင္မီဒီယာမွာထုတ္ျပန္ရာမွာလည္း ကို႐ိုနာဗိုင္းရပ္စ္ကပ္ေဘးအေၾကာင္းကို ရည္ၫႊန္းေျပာဆိုတာမ်ိဳးမရွိခဲ့ပါဘူး။



ကင္မ္ဟာ တိုင္းျပည္ရဲ႕ ဓါတ္ေျမဩဇာထုတ္လုပ္မႈအပါအဝင္ ဓါတုလုပ္ငန္းႀကီးရဲ႕အေရးပါမႈကို အေလးထားေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။ ဒီအေျခခံထုတ္ကုန္ဟာ အခုႏွစ္မွာ ေျမာက္ကိုရီးယားမီဒီယာရဲ႕ အထူးအာ႐ုံစိုက္ျခင္းကို ခံခဲ့ရပါတယ္။

ကင္မ္ကို လူျမင္ကြင္းမွာ ပထမဆုံးေတြ႕ခဲ့တာကၿပီးခဲ့တဲ့ဇန္နဝါရီလက ဓါတ္ေျမဩဇာစက္႐ုံေဆာက္လုပ္ေရးတစ္ခုမွာ ျဖစ္ၿပီး။ ေမလထဲမွာေတာ့အဲဒီဓါတ္ေျမဩဇာစက္႐ုံဖြင့္ပြဲအခမ္းအနားမွာပဲျပန္ေတြ႕ရတာျဖစ္ပါတယ္။



အစည္းအေဝးမွာ ကင္မ္ဟာ အိမ္ယာေဆာက္လုပ္ေရးအပါအဝင္ ၿပဳံးယမ္းၿမိဳ႕ေတာ္မွာ ေနထိုင္သူေတြရဲ႕ လူေနမႈအေျခအေနေတြကို အေလးထားေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

Credit Original

Post a Comment

Previous Post Next Post