(Unicode)

ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်ဖို့အတွက် စည်ပင်သာယာဈေးတွေမှာ လိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတဲ့ ဈေးသည်တွေကို ဒဏ်တပ်အရေးယူရာမှာ ဒဏ်တပ်ငွေကျပ် ၅၃ သိန်းကျော်ရရှိတယ်လို့ တိုင်းအစိုးရအဖွဲ့က သိရပါတယ်။


ဈေးတွေမှာ ဈေးရောင်းချသူတွေအနေနဲ့ နေထိုင်မကောင်းတာတွေနဲ့ ဖျားနာတာတွေရှိရင် လာမရောင်းချဖို့ စည်းကမ်းထုတ်ထားသလို ဈေးရောင်းချသူတွေအနေနဲ့လည်း Mask တပ်ရောင်းချဖို့ညွှန်ကြားထားပြီး စည်းကမ်းမလိုက်နာလို့ ဒဏ်တပ်အရေးယူခဲ့ရာမှာ ဇွန်လ ၁ ရက်နေ့ထိ စုစုပေါင်း ကျပ် ၅၃၈၀၀၀၀ သိန်းကျော်ရရှိထားပြီလို့ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ဒီဗွီဘီကိုပြောပါတယ်။


“ကူးစက်ရောဂါ ကူးစက်မှုတွေမဖြစ်ပွားအောင် ဈေးတွေမှာ ထိန်းကျောင်းမှုတွေရှိပါတယ်။ ဈေးတွေမှာ လာရောက်ဈေးဝယ်သူတွေကို မြို့နယ်ကိုဗစ်-၁၉ ကော်မတီက Mask တပ်ဖို့ ထိန်း ကျောင်းတာတွေရှိသလို ဈေးရောင်းသူတွေကိုတော့ စည်ပင်သာယာရေးကနေပြီး ညွှန်ကြား ချက်ထုတ်ပြန်ပြီး မလိုက်နာရင် အရေးယူ ဒဏ်ရိုက်မယ်ဆိုပြီး စည်ပင်ဥပဒေအရ ဒဏ်ရိုက် အရေးယူထားပါတယ်လို့ ပြောပါတယ်။”


ဧရာဝတီတိုင်းအတွင်း စည်ပင်သာယာ လက်အောက်ခံဈေး ၁၃၂ ဈေးမှာ နေရာ အကွာ အဝေးသတ်မှတ်တာတွေနဲ့ ဈေးသည်တိုင်း Mask တပ်ရောင်းချနိုင်ဖို့ သက်ဆိုင်ရာမြို့နယ် စည်ပင်အလိုက် ဈေးသည်တွေကို အခမဲ့ပေးဝေတာမျိုးတွေနဲ့ တန်ဖိုးသင့်ဈေးနှုန်းတွေနဲ့ ရောင်းချပေးတာမျိုးတွေပြုလုပ်ပေးပြီးနောက်ပိုင်း စည်းကမ်းမလိုက်နာတဲ့ ဈေးသည်တွေကို အရေးယူဆောင်ရွက်တာတွေပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။


ပျံကျဈေးတွေကို နေရာကျယ်ဝန်းတဲ့ ဘောလုံးကွင်း၊ ကစားကွင်းနဲ့ ဘုရားဝန်းတွေမှာ နေရာရွှေ့ပြောင်း ရောင်းချစေတာမျိုးတွေပြုလုပ်ပေးခဲ့ပေမဲ့ Mask အခမဲ့ပေးဝေတာမျိုးတွေတော့ မရှိဘူးလို့ ဈေးသည်တွေက ပြောပါတယ်။ဈေးရောင်းချသူ မနီလာက “ဈေးပြန်ဖွင့်ချိန်မှာ ဈေးသည် တစ်ဦးကို ငါးထောင်ပေးရတယ်။ လက်ဆေးစင်တွေ၊ ဆပ်ပြာတွေ ဝယ်ဖို့အတွက်ဆိုပြီး ဈေးကော်မတီကို ပေးရတယ်။ ကိုယ်ဖာ့သာကိုယ် စီစဉ်ရတာပေါ့နော်၊ စည်ပင်ကတော့ ပံ့ပိုးတာမရှိပါဘူး။ Mask တွေလည်း ကိုယ်တိုင်ဝယ်ရပါတယ်၊ ထုတ်ပေးတာ ဝေတာမျိုး မရှိပါဘူး”လို့ ပြောပါတယ်။


စည်ပင်သာယာက ဈေးသည်တွေကို တစ်ဦးနဲ့ တစ်ဦး ၆ ပေကွာရောင်းချဖို့ နှာခေါင်းစည်းတပ်ဖို့ လက်အိတ်စွပ်ဖို့ စတဲ့စည်းကမ်းသတ်မှတ်ချက်တွေနဲ့အတူ အချိန်ကန့်သတ် ရောင်းချခိုင်းတာတွေရှိနေလို့ ဈေးဝယ်များတဲ့အချိန်မှာ ရောင်းချခွင့်မရလို့ စားဝတ်နေရေးအဆင်ပြေအောင် မနည်းကြိုးစားရောင်းချနေရတယ်လို့ ဆိုပါတယ်။



ဧရာဝတီတိုင်းမှာ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေကို မလိုက်နာလို့ စည်ပင်ဥပဒေနဲ့အရေးယူခဲ့ပေမဲ့ ခုချိန်ထိ ဈေးတွေမှာရောင်းချနေတဲ့ ဈေးသည်တွေက စည်းကမ်း လိုက်နာမှုမရှိသလို ဈေးဝယ်သူတွေကလည်း စည်းကမ်းလိုက်နာမှု အားနည်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၁ ရက်အထိ ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူ ၂ ဦးရှိနေပြီး ၂ ဦးလုံးက မလေးရှားနိုင်ငံကပြန်လာသူတွေဖြစ်ကာ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။

ဒီဗွီဘီ

(Zawgyi)

ဧရာဝတီတိုင္းမွာ ကိုဗစ္-၁၉ ကပ္ေရာဂါ ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ စည္ပင္သာယာေစ်းေတြမွာ လိုက္နာရမယ့္စည္းမ်ဥ္းစည္းကမ္းေတြကို မလိုက္နာတဲ့ ေဈးသည္ေတြကို ဒဏ္တပ္အေရးယူရာမွာ ဒဏ္တပ္ေငြက်ပ္ ၅၃ သိန္းေက်ာ္ရရွိတယ္လို႔ တိုင္းအစိုးရအဖြဲ႕က သိရပါတယ္။


ေစ်းေတြမွာ ေစ်းေရာင္းခ်သူေတြအေနနဲ႔ ေနထိုင္မေကာင္းတာေတြနဲ႔ ဖ်ားနာတာေတြရွိရင္ လာမေရာင္းခ်ဖို႔ စည္းကမ္းထုတ္ထားသလို ေစ်းေရာင္းခ်သူေတြအေနနဲ႔လည္း Mask တပ္ေရာင္းခ်ဖို႔ၫႊန္ၾကားထားၿပီး စည္းကမ္းမလိုက္နာလို႔ ဒဏ္တပ္အေရးယူခဲ့ရာမွာ ဇြန္လ ၁ ရက္ေန႔ထိ စုစုေပါင္း က်ပ္ ၅၃၈၀၀၀၀ သိန္းေက်ာ္ရရွိထားၿပီလို႔ တိုင္းေဒသႀကီး စည္ပင္သာယာေရးဝန္ႀကီး ဦးေက်ာ္ျမင့္က ဒီဗြီဘီကိုေျပာပါတယ္။


“ကူးစက္ေရာဂါ ကူးစက္မႈေတြမျဖစ္ပြားေအာင္ ေစ်းေတြမွာ ထိန္းေက်ာင္းမႈေတြရွိပါတယ္။ ေစ်းေတြမွာ လာေရာက္ေစ်းဝယ္သူေတြကို ၿမိဳ႕နယ္ကိုဗစ္-၁၉ ေကာ္မတီက Mask တပ္ဖို႔ ထိန္း ေက်ာင္းတာေတြရွိသလို ေစ်းေရာင္းသူေတြကိုေတာ့ စည္ပင္သာယာေရးကေနၿပီး ၫႊန္ၾကား ခ်က္ထုတ္ျပန္ၿပီး မလိုက္နာရင္ အေရးယူ ဒဏ္႐ိုက္မယ္ဆိုၿပီး စည္ပင္ဥပေဒအရ ဒဏ္႐ိုက္ အေရးယူထားပါတယ္လို႔ ေျပာပါတယ္။”


ဧရာဝတီတိုင္းအတြင္း စည္ပင္သာယာ လက္ေအာက္ခံေစ်း ၁၃၂ ေစ်းမွာ ေနရာ အကြာ အေဝးသတ္မွတ္တာေတြနဲ႔ ေစ်းသည္တိုင္း Mask တပ္ေရာင္းခ်ႏိုင္ဖို႔ သက္ဆိုင္ရာၿမိဳ႕နယ္ စည္ပင္အလိုက္ ေစ်းသည္ေတြကို အခမဲ့ေပးေဝတာမ်ိဳးေတြနဲ႔ တန္ဖိုးသင့္ေစ်းႏႈန္းေတြနဲ႔ ေရာင္းခ်ေပးတာမ်ိဳးေတြျပဳလုပ္ေပးၿပီးေနာက္ပိုင္း စည္းကမ္းမလိုက္နာတဲ့ ေစ်းသည္ေတြကို အေရးယူေဆာင္႐ြက္တာေတြျပဳလုပ္ခဲ့တာလို႔ ဆိုပါတယ္။


ပ်ံက်ေစ်းေတြကို ေနရာက်ယ္ဝန္းတဲ့ ေဘာလုံးကြင္း၊ ကစားကြင္းနဲ႔ ဘုရားဝန္းေတြမွာ ေနရာေ႐ႊ႕ေျပာင္း ေရာင္းခ်ေစတာမ်ိဳးေတြျပဳလုပ္ေပးခဲ့ေပမဲ့ Mask အခမဲ့ေပးေဝတာမ်ိဳးေတြေတာ့ မရွိဘူးလို႔ ေစ်းသည္ေတြက ေျပာပါတယ္။ေစ်းေရာင္းခ်သူ မနီလာက “ေစ်းျပန္ဖြင့္ခ်ိန္မွာ ေစ်းသည္ တစ္ဦးကို ငါးေထာင္ေပးရတယ္။ လက္ေဆးစင္ေတြ၊ ဆပ္ျပာေတြ ဝယ္ဖို႔အတြက္ဆိုၿပီး ေစ်းေကာ္မတီကို ေပးရတယ္။ ကိုယ္ဖာ့သာကိုယ္ စီစဥ္ရတာေပါ့ေနာ္၊ စည္ပင္ကေတာ့ ပံ့ပိုးတာမရွိပါဘူး။ Mask ေတြလည္း ကိုယ္တိုင္ဝယ္ရပါတယ္၊ ထုတ္ေပးတာ ေဝတာမ်ိဳး မရွိပါဘူး”လို႔ ေျပာပါတယ္။


စည္ပင္သာယာက ေစ်းသည္ေတြကို တစ္ဦးနဲ႔ တစ္ဦး ၆ ေပကြာေရာင္းခ်ဖို႔ ႏွာေခါင္းစည္းတပ္ဖို႔ လက္အိတ္စြပ္ဖို႔ စတဲ့စည္းကမ္းသတ္မွတ္ခ်က္ေတြနဲ႔အတူ အခ်ိန္ကန႔္သတ္ ေရာင္းခ်ခိုင္းတာေတြရွိေနလို႔ ေစ်းဝယ္မ်ားတဲ့အခ်ိန္မွာ ေရာင္းခ်ခြင့္မရလို႔ စားဝတ္ေနေရးအဆင္ေျပေအာင္ မနည္းႀကိဳးစားေရာင္းခ်ေနရတယ္လို႔ ဆိုပါတယ္။


ဧရာဝတီတိုင္းမွာ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ထုတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္း ေတြကို မလိုက္နာလို႔ စည္ပင္ဥပေဒနဲ႔အေရးယူခဲ့ေပမဲ့ ခုခ်ိန္ထိ ေစ်းေတြမွာေရာင္းခ်ေနတဲ့ ေစ်းသည္ေတြက စည္းကမ္း လိုက္နာမႈမရွိသလို ေစ်းဝယ္သူေတြကလည္း စည္းကမ္းလိုက္နာမႈ အားနည္းေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဇြန္ ၁ ရက္အထိ ဧရာဝတီတိုင္းမွာ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံထားရသူ ၂ ဦးရွိေနၿပီး ၂ ဦးလုံးက မေလးရွားႏိုင္ငံကျပန္လာသူေတြျဖစ္ကာ ပုသိမ္ျပည္သူ႔ေဆး႐ုံႀကီးမွာ ေဆးကုသမႈ ခံယူေနပါတယ္။

ဒီဗီြဘီ


Post a Comment

Previous Post Next Post