(Unicode)

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်ခွဲမှာ ဇွန်လ ၅ ရက်မနက်က ရွာသားတစ်ဦး ခြံထဲ လက်ဖက်သွားခူးရင်း လမ်းမှာမိုင်းထိမှန်ပြီး သေဆုံးသွားပါတယ်။


ကျောက်မဲမြို့မြောက်ဘက် မိုင် ၃၀ အကွာ မိုင်းငေါ့မြို့နယ်ခွဲ ချုံးသစ်ရွာက အသက် ၂၈ နှစ်ရွယ်ရှိ စိုင်းဘဦး ဆိုသူဟာ ဒီနေ့မနက် လက်ဖက်ခူးဖို့ အိမ်ကနေထွက်သွားရင် လက်ဖက်ခြံမ ရောက်ခင် ချုံးသစ်နဲ့ နမ့်တွေကျေးရွာကြားမှာ မိုင်းထိမိခဲ့တာလို့ ကျောက်မဲမြို့ ဇီဝိတဒါနလူမှု ကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပါတယ်။



“ရွာနဲ့ ၁ မိုင်လောက်အကွာရောက်တော့ မိုင်းနင်းမိတာ။ မိုင်းနင်းမိတော့ ဘယ်ဘက်ဒူးအောက်ကကြေမွသွားပြီး ဘယ်ဘက်ပေါင်ကို မိုင်းစမှန်တယ်။ ဒဏ်ရာရတော့ ရွာသားတွေကသူ့ကို မိုင်းငေါ့ဆေးရုံကို ခေါ်လာတယ်။ ဆေးရုံမရောက်ခင် ချုံးသစ် နဲ့ မန်ဟွေရွာကြားမှာဘဲ သွေးထွက်လွန်ပြီးတော့ ဆုံးသွားတယ်လို့ ရွာသားတွေက အကြောင်းကြားလာတယ်။ ကျနော်တို့ အသင်းက သွာတောင်မကူလိုက်ရပါဘူး။”


ကျောက်မဲခရိုင်ထဲမှာ ရွာသားတွေဟာ လက်ဖက်သွားခူးရင်း၊ အလုပ်သွားရင်း၊ ဈေးသွားဈေးလာလုပ်ရင်းနဲ့ မကြာခဏ မိုင်းထိမိတာတွေရှိလို့ လုပ်ကိုင်စားသောက်ရတာ လုံခြုံ မှုမရှိဘူးလို့ ရွာသားတွေကဆိုပါတယ်။မိုင်းထိတဲ့နေရာဘက်မှာ တိုက်ပွဲတွေမရှိပေမဲ့ မိုင်းငေါ့မြို့နယ်ထဲမှာတော့ မြန်မာ့ တပ်မတော် ၊ RCSS ရှမ်းပြည်တပ်မတော်နဲ့ TNLA တအာင်းတပ်တွေ သွားလာလေ့ရှိတယ်လို့ ကျောက်မဲဒေသခံတွေက ပြောပါတယ်။

(Zawgyi)

ရွမ္းျပည္ေျမာက္ပိုင္း၊ ေက်ာက္မဲခ႐ိုင္၊ မိုင္းေငါ့ၿမိဳ႕နယ္ခြဲမွာ ဇြန္လ ၅ ရက္မနက္က ႐ြာသားတစ္ဦး ၿခံထဲ လက္ဖက္သြားခူးရင္း လမ္းမွာမိုင္းထိမွန္ၿပီး ေသဆုံးသြားပါတယ္။


ေက်ာက္မဲၿမိဳ႕ေျမာက္ဘက္ မိုင္ ၃၀ အကြာ မိုင္းေငါ့ၿမိဳ႕နယ္ခြဲ ခ်ဳံးသစ္႐ြာက အသက္ ၂၈ ႏွစ္႐ြယ္ရွိ စိုင္းဘဦး ဆိုသူဟာ ဒီေန႔မနက္ လက္ဖက္ခူးဖို႔ အိမ္ကေနထြက္သြားရင္ လက္ဖက္ၿခံမ ေရာက္ခင္ ခ်ဳံးသစ္နဲ႔ နမ့္ေတြေက်း႐ြာၾကားမွာ မိုင္းထိမိခဲ့တာလို႔ ေက်ာက္မဲၿမိဳ႕ ဇီဝိတဒါနလူမႈ ကူညီေရးအသင္းဥကၠ႒ ဦးတင္ေမာင္သိန္းက ေျပာပါတယ္။



“႐ြာနဲ႔ ၁ မိုင္ေလာက္အကြာေရာက္ေတာ့ မိုင္းနင္းမိတာ။ မိုင္းနင္းမိေတာ့ ဘယ္ဘက္ဒူးေအာက္ကေၾကမြသြားၿပီး ဘယ္ဘက္ေပါင္ကို မိုင္းစမွန္တယ္။ ဒဏ္ရာရေတာ့ ႐ြာသားေတြကသူ႔ကို မိုင္းေငါ့ေဆး႐ုံကို ေခၚလာတယ္။ ေဆး႐ုံမေရာက္ခင္ ခ်ဳံးသစ္ နဲ႔ မန္ေဟြ႐ြာၾကားမွာဘဲ ေသြးထြက္လြန္ၿပီးေတာ့ ဆုံးသြားတယ္လို႔ ႐ြာသားေတြက အေၾကာင္းၾကားလာတယ္။ က်ေနာ္တို႔ အသင္းက သြာေတာင္မကူလိုက္ရပါဘူး။”


ေက်ာက္မဲခ႐ိုင္ထဲမွာ ႐ြာသားေတြဟာ လက္ဖက္သြားခူးရင္း၊ အလုပ္သြားရင္း၊ ေဈးသြားေဈးလာလုပ္ရင္းနဲ႔ မၾကာခဏ မိုင္းထိမိတာေတြရွိလို႔ လုပ္ကိုင္စားေသာက္ရတာ လုံၿခဳံ မႈမရွိဘူးလို႔ ႐ြာသားေတြကဆိုပါတယ္။မိုင္းထိတဲ့ေနရာဘက္မွာ တိုက္ပြဲေတြမရွိေပမဲ့ မိုင္းေငါ့ၿမိဳ႕နယ္ထဲမွာေတာ့ ျမန္မာ့ တပ္မေတာ္ ၊ RCSS ရွမ္းျပည္တပ္မေတာ္နဲ႔ TNLA တအာင္းတပ္ေတြ သြားလာေလ့ရွိတယ္လို႔ ေက်ာက္မဲေဒသခံေတြက ေျပာပါတယ္။

Post a Comment

Previous Post Next Post