(Unicode)

ကိုဗစ် ကပ်ရောဂါဖြစ်ပွားနေချိန် ကွန်ဂိုနိုင်ငံမှာ တကျော့ပြန် အီဘိုလာရောဂါ စတင်ဖြစ်ပွား…

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကျန်းမာရေးဝန်ကြီး “Eteni Longondo” ၏အဆိုပြုချက်အရ နိုင်ငံ၏အရှေ့ဘက်ခြမ်းရှိ Equateur ခရိုင် Mbandaka မြို့တွင် အီဘိုလာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုရှိပြီး အတည်ပြုလူနာ ၆ ဦးကူးစက်ခံခဲ့ရပြီးနောက် ၄ ဦး သေဆုံးကာ ၂ ဦး အထူးကို အထူးကြပ်မတ်ကုသနေရသည်ဟု သိရပါသည်။



အီဘိုလာဗိုင်းရပ်စ် ကူးစက်သူ (၆) ဦးအနက် (၃)ဦးရဲ့ ဓာတ်ခွဲနမူနာတွေ စစ်ဆေးပြီးပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတင်းထုတ်ပြန်ထားပါတယ်။

ဤရောဂါကူးစက်ပျံ့ပွားမှု ဖြစ်လာသောကြောင့် ကိုဗစ်-၁၉ တစ်ခုတည်းသာ လူသားတွေရင်ဆိုင်နေရတဲ့ ကျန်းမာရေးခြိမ်းခြောက်မှု မဟုတ်ကြောင်း ကျွနု်ပ်တို့ကို သတိပေးနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် (Dr. Tedros Adhanom Ghebreyesus) ဒေါက်တာ တက်ဒရိုစ်က တွစ်တာတွင် အတည်ဖော်ပြသွားပါတယ်။



ကွန်ဂိုနိုင်ငံ Mbandaka မြို့၌ WHO ဝန်ထမ်းများ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ လက်ရှိတွင် ကွန်ဂို၏ ဝန်ထမ်းများအား ကူညီပံ့ပိုးမှုများ ပေးရန်အတွက် စီစဉ်နေသည်ဟုလည်း ထပ်မံပြောကြားသွားပါတယ်။

၁၉၇၆ ခုနှစ်ကတည်းက ကွန်ဂိုနိုင်ငံမှာ ပထမဆုံး အီဘိုလာရောဂါ ဖြစ်ပွားမှု စတင် တွေ့ရွိခဲ့ပြီးနောက် အခု တကျော့ပြန် တွေ့ရှိတာက ၁၁ ကြိမ်မြောက် ဖြစ်ပါတယ်။



“အီဘိုလာ ဗိုင်းရပ်စ်အကြောင်းနှင့် ကူးစက်ပုံ”

အီဘိုလာဗိုင်းရပ်စ် ဆိုသည်မှာ သဘာဝ တိရိစ္ဆာန်များမှတဆင့် လူသို့ကူးဆက်သော ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုး ဖြစ်သည်။ အရင်က အီဘိုလာ ဗိုင်းရပ်စ်ရောဂါအား အီဘိုလာ သွေးလွန်ရောဂါ ဟု ခေါ်ဆိုခဲ့သည်။ ဆူဒန်နှင့် ကွန်ဂိုတွင် ၁၉၇၆-ခုနှစ်တွင် စတင်တွေ့ရှိသည်။ ကွန်ဂိုနိုင်ငံရှိ အီဘိုလာမြစ် အမည်ကိုယူပြီး ရောဂါအမည် ပေးထားခြင်းဖြစ်သည်။

ရောဂါကူးဆက်ခံရသူ ၉၀% အသက်ဆုံးရှုံးကာ ရက်ပိုင်းအတွင်း သေဆုံးစေနိုင်သော အေအိုင်ဒီအက်(စ်)ထက် အဆပေါင်းများစွာ ဆိုးရွားသော ဗိုင်းရပ်စ်ရောဂါပိုး ဖြစ်သည်။ အာဖရိကတိုက် အနောက်အလယ်ပိုင်း နိုင်ငံများရှိ လင်းနို့၊ မျောက်၊ ဒရယ်၊ မျောက်ဝံ စသောတိရိစ္ဆာန်များတွင် အီဗိုလာဗိုင်းရပ်စ် တွေ့ရှိရပြီး ရောဂါပိုးရှိသည့် တိရိစ္ဆာန်အသားများကို လူများစားသုံးရာမှ ကူးစက်ကာ ယခုအချိန်ထိ ကူးစက်ခံရသူ ၁၂၀ဝ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။



အာဖရိကတိုက် အလယ်ပိုင်းဒေသနှင့် အနောက်အာဖရိက အစွန်အဖြား ကျေးရွာများတွင် အဓိကဖြစ်နေသည်။ ကွန်ဂို၊ ယူဂန်းဒါးနိုင်ငံ၊ဆူဒန်နိုင်ငံ၊ တောင်အာဖရိက၊ ကုတ်တီဗွား၊ ဂါဘွန်နိုင်ငံများတွင်လည်း အနည်းငယ်ဖြစ်ပွားသည်။

ကူးစက်ခံရပြီး ၂ ရက်၊ ၃ ရက်အတွင်း ခေါင်းကိုက်ခြင်း၊ အကြောများ နာခြင်း၊ အဖျားတက်သည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပြီးနောက် နှာစေး၊ အော့အန်၊ ဝမ်းလျှောခြင်းများ ဖြစ်လာတတ်သည်။



အီဘိုလာ ဗိုင်းရပ်စ် ကူးဆက်ခံရပြီး ၂၁ ရက်အကြာတွင် အပြင်းဖျားခြင်း၊ မလှုပ်ရှားနိုင်အောင် အားအင်ကုန်ဆုံးခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်းတို့ ဖြစ်ကာ မကြာခဏ အော့အန်ပြီး ဝမ်းသွားသည့် ရောဂါလက္ခဏာများ ပြလိမ့်မည်။ ထိုမှတဆင့်ရောဂါပြင်းထန်လာကာ ကျောက်ကပ် ၊ အသည်းတို့၏ လုပ်ဆောင်ချက်များကို ဆိုးဝါးစွာ ပျက်ဆီးစေကာ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းတို့စသော ဒွါရပေါက်များမှ သွေးထွက်ခြင်း၊ အရေပြားတွင် အရည်ကြည်ဖု ပေါက်ပြဲကာ သွေးထွက်ခြင်းစသည့် ခန္ဓာကိုယ် အတွင်းအပြင်တို့မှ သွေးထွက်ကာ နောက်ဆုံး သေဆုံးမည်ဖြစ်သည်။

ထိုထက်ဆိုးဝါးသည်မှာ ရောဂါကူးစက်ခံရသောသူ ထိုင်သွားသည့် ခုံ၊ အိပ်ယာတို့မှတဆင့် ကူးစက်ကြောင်းတွေ့ရသောအခါ အဆိုပါ သုံးနိုင်ငံတွင် တက္ကစီ၊ ကား၊ ရထား၊ လေယာဉ်တို့ကိုပါ ရောဂါစောင့်ကြည့် နေရသည့် အခြေအနေတွင် ရှိနေပြီဖြစ်သည်။



ထိုအီဗိုလာဗိုင်းရပ်စ်အား ကုသရန်ဆေးမရှိသကဲ့သို့ ရောဂါကူးစက်ခံရပါက မည်သို့မှ လုပ်မရတော့ပဲ သီးသန့်ခန်းထဲတွင် ခွဲထားကာ သေဆုံးသည်ကို စောင့်ရမည်ဖြစ်သည်။ ရောဂါပိုး ကူးစက်သူ၏ ၁၀% ကိုသာ ကယ်ဆယ်နိုင်ခဲ့သေးကြောင်း သိရသည်။

(Zawgyi)

ကိုဗစ္ ကပ္ေရာဂါျဖစ္ပြားေနခ်ိန္ ကြန္ဂိုႏိုင္ငံမွာ တေက်ာ့ျပန္ အီဘိုလာေရာဂါ စတင္ျဖစ္ပြား…

ကြန္ဂိုဒီမိုကရက္တစ္သမၼတနိုင္ငံ က်န္းမာေရးဝန္ႀကီး “Eteni Longondo” ၏အဆိုျပဳခ်က္အရ နိုင္ငံ၏အေရွ႕ဘက္ျခမ္းရွိ Equateur ခရိုင္ Mbandaka ၿမိဳ႕တြင္ အီဘိုလာ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမႈရွိၿပီး အတည္ျပဳလူနာ ၆ ဦးကူးစက္ခံခဲ့ရၿပီးေနာက္ ၄ ဦး ေသဆံုးကာ ၂ ဦး အထူးကို အထူးၾကပ္မတ္ကုသေနရသည္ဟု သိရပါသည္။


အီဘိုလာဗိုင္းရပ္စ္ ကူးစက္သူ (၆) ဦးအနက္ (၃)ဦးရဲ႕ ဓာတ္ခြဲနမူနာေတြ စစ္ေဆးၿပီးၿပီလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က သတင္းထုတ္ျပန္ထားပါတယ္။

ဤေရာဂါကူးစက္ပ်ံ႕ပြားမႈ ျဖစ္လာေသာေၾကာင့္ ကိုဗစ္-၁၉ တစ္ခုတည္းသာ လူသားေတြရင္ဆိုင္ေနရတဲ့ က်န္းမာေရးၿခိမ္းေျခာက္မႈ မဟုတ္ေၾကာင္း ကြ်နု္ပ္တို႔ကို သတိေပးေနသည္ဟု ကမာၻ႔က်န္းမာေရးအဖြဲ႔ညႊန္ၾကားေရးမွဴးခ်ဳပ္ (Dr. Tedros Adhanom Ghebreyesus) ေဒါက္တာ တက္ဒရိုစ္က တြစ္တာတြင္ အတည္ေဖာ္ျပသြားပါတယ္။


ကြန္ဂိုႏိုင္ငံ Mbandaka ၿမိဳ႕၌ WHO ဝန္ထမ္းမ်ား ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။ လက္ရွိတြင္ ကြန္ဂို၏ ဝန္ထမ္းမ်ားအား ကူညီပံ့ပိုးမႈမ်ား ေပးရန္အတြက္ စီစဥ္ေနသည္ဟုလည္း ထပ္မံေျပာၾကားသြားပါတယ္။

၁၉၇၆ ခုႏွစ္ကတည္းက ကြန္ဂိုႏိုင္ငံမွာ ပထမဆုံး အီဘိုလာေရာဂါ ျဖစ္ပြားမႈ စတင္ ေတြ႕႐ြိခဲ့ၿပီးေနာက္ အခု တေက်ာ့ျပန္ ေတြ႕ရွိတာက ၁၁ ႀကိမ္ေျမာက္ ျဖစ္ပါတယ္။


“အီဘုိလာ ဗုိင္းရပ္စ္အေၾကာင္းႏွင့္ ကူးစက္ပံု”

အီဘိုလာဗိုင္းရပ္စ္ ဆိုသည္မွာ သဘာဝ တိရိစာၦန္မ်ားမွတဆင့္ လူသို႔ကူးဆက္ေသာ ဗိုင္းရပ္စ္ေရာဂါပိုးတစ္မ်ိဳး ျဖစ္သည္။ အရင္က အီဘိုလာ ဗိုင္းရပ္စ္ေရာဂါအား အီဘိုလာ ေသြးလြန္ေရာဂါ ဟု ေခၚဆိုခဲ့သည္။ ဆူဒန္ႏွင့္ ကြန္ဂိုတြင္ ၁၉၇၆-ခုႏွစ္တြင္ စတင္ေတြ႕ရွိသည္။ ကြန္ဂိုႏိုင္ငံရွိ အီဘိုလာျမစ္ အမည္ကိုယူၿပီး ေရာဂါအမည္ ေပးထားျခင္းျဖစ္သည္။

ေရာဂါကူးဆက္ခံရသူ ၉၀% အသက္ဆုံးရႈံးကာ ရက္ပိုင္းအတြင္း ေသဆုံးေစႏိုင္ေသာ ေအအိုင္ဒီအက္(စ္)ထက္ အဆေပါင္းမ်ားစြာ ဆိုး႐ြားေသာ ဗိုင္းရပ္စ္ေရာဂါပိုး ျဖစ္သည္။ အာဖရိကတိုက္ အေနာက္အလယ္ပိုင္း ႏိုင္ငံမ်ားရွိ လင္းႏို႔၊ ေမ်ာက္၊ ဒရယ္၊ ေမ်ာက္ဝံ စေသာတိရိစာၦန္မ်ားတြင္ အီဗိုလာဗိုင္းရပ္စ္ ေတြ႕ရွိရၿပီး ေရာဂါပိုးရွိသည့္ တိရိစာၦန္အသားမ်ားကို လူမ်ားစားသုံးရာမွ ကူးစက္ကာ ယခုအခ်ိန္ထိ ကူးစက္ခံရသူ ၁၂၀ဝ ေက်ာ္ေသဆုံးခဲ့ၿပီးျဖစ္သည္။


အာဖရိကတိုက္ အလယ္ပိုင္းေဒသႏွင့္ အေနာက္အာဖရိက အစြန္အျဖား ေက်း႐ြာမ်ားတြင္ အဓိကျဖစ္ေနသည္။ ကြန္ဂို၊ ယူဂန္းဒါးႏိုင္ငံ၊ဆူဒန္ႏိုင္ငံ၊ ေတာင္အာဖရိက၊ ကုတ္တီဗြား၊ ဂါဘြန္ႏိုင္ငံမ်ားတြင္လည္း အနည္းငယ္ျဖစ္ပြားသည္။

ကူးစက္ခံရၿပီး ၂ ရက္၊ ၃ ရက္အတြင္း ေခါင္းကိုက္ျခင္း၊ အေၾကာမ်ား နာျခင္း၊ အဖ်ားတက္သည့္ ေရာဂါလကၡဏာမ်ား ျဖစ္ေပၚလာၿပီးေနာက္ ႏွာေစး၊ ေအာ့အန္၊ ဝမ္းေလွ်ာျခင္းမ်ား ျဖစ္လာတတ္သည္။


အီဘုိလာ ဗိုင္းရပ္စ္ ကူးဆက္ခံရၿပီး ၂၁ ရက္အၾကာတြင္ အျပင္းဖ်ားျခင္း၊ မလႈပ္ရွားႏိုင္ေအာင္ အားအင္ကုန္ဆုံးျခင္း၊ ႂကြက္သားမ်ား နာက်င္ျခင္း၊ ေခါင္းကိုက္ျခင္း၊ လည္ေခ်ာင္းနာျခင္းတို႔ ျဖစ္ကာ မၾကာခဏ ေအာ့အန္ၿပီး ဝမ္းသြားသည့္ ေရာဂါလကၡဏာမ်ား ျပလိမ့္မည္။ ထိုမွတဆင့္ေရာဂါျပင္းထန္လာကာ ေက်ာက္ကပ္ ၊ အသည္းတို႔၏ လုပ္ေဆာင္ခ်က္မ်ားကို ဆိုးဝါးစြာ ပ်က္ဆီးေစကာ မ်က္လုံး၊ ပါးစပ္၊ ႏွာေခါင္းတို႔စေသာ ဒြါရေပါက္မ်ားမွ ေသြးထြက္ျခင္း၊ အေရျပားတြင္ အရည္ၾကည္ဖု ေပါက္ၿပဲကာ ေသြးထြက္ျခင္းစသည့္ ခႏၶာကိုယ္ အတြင္းအျပင္တို႔မွ ေသြးထြက္ကာ ေနာက္ဆုံး ေသဆုံးမည္ျဖစ္သည္။

ထိုထက္ဆိုးဝါးသည္မွာ ေရာဂါကူးစက္ခံရေသာသူ ထိုင္သြားသည့္ ခုံ၊ အိပ္ယာတို႔မွတဆင့္ ကူးစက္ေၾကာင္းေတြ႕ရေသာအခါ အဆိုပါ သုံးႏိုင္ငံတြင္ တကၠစီ၊ ကား၊ ရထား၊ ေလယာဥ္တို႔ကိုပါ ေရာဂါေစာင့္ၾကည့္ ေနရသည့္ အေျခအေနတြင္ ရွိေနၿပီျဖစ္သည္။


ထိုအီဗိုလာဗိုင္းရပ္စ္အား ကုသရန္ေဆးမရွိသကဲ့သို႔ ေရာဂါကူးစက္ခံရပါက မည္သို႔မွ လုပ္မရေတာ့ပဲ သီးသန႔္ခန္းထဲတြင္ ခြဲထားကာ ေသဆုံးသည္ကို ေစာင့္ရမည္ျဖစ္သည္။ ေရာဂါပိုး ကူးစက္သူ၏ ၁၀% ကိုသာ ကယ္ဆယ္ႏိုင္ခဲ့ေသးေၾကာင္း သိရသည္။

Post a Comment

Previous Post Next Post