(Unicode)

ထိုင်းနိုင်ငံ၊ မောင်ခရိုင်ထဲက အလုပ်သမားစခန်းတခုထဲမှာ ဒီကနေ့ မနက်အစောပိုင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတယောက် ဓားနဲ့ထိုးပြီး အသတ်ခံခဲ့ရပါတယ်။ဒီအဖြစ်အပျက်ဟာ စီနို-ထိုင်းဆောက်လုပ်ရေးစီမံကိန်းအလုပ်သမားဆောင်မှာ မနက်အ စောပိုင်း ၂ နာရီလောက်က ဖြစ်ခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။သတင်းပေးချက်အရ အခင်းဖြစ်တဲ့ နေရာဆီ ရဲတွေရောက်ရှိလာချိန်မှာတော့ အ လုပ်သမားစခန်း အခန်းအမှတ် D-16 မှာနေထိုင်သူ အလုပ်သမားရဲ့ လည်ပင်းနဲ့ ရင်ပတ်နေရာအနှံ့ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ကြတာပါ။


သေဆုံးသူ အသက် ၃၂ နှစ်အရွယ် မြန်မာအမျိုးသားဟာ အလုပ်သမားစခန်းအတွင်း လက်သမားတယောက်အနေနဲ့အတူ အလုပ်လုပ်နေတာဖြစ်ပြီး သူရဲ့ နာမည်ကိုတော့ သိန်းထွန်းလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။အခင်းဖြစ်တဲ့ အခန်းတွင်းမှာ ရဲတွေက ၆ လက်မ အရှည်ရှိတဲ့ ဓား တစ်လက်ကို သိမ်း ဆည်းရမိခဲ့ပြီး သက်သေအနေနဲ့ ယူဆောင်သွားခဲ့ပါတယ်။အဆိုပါ အလုပ်သမားစခန်းထဲမှာတော့ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံက ရာနဲ့ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်နေကြတာ ဖြစ်တယ်ပါတယ်။


စခန်းတွင်း ထိုင်းဘာသာစကားပြောတတ်တဲ့ အလုပ်သမားတချို့ကို မေးမြန်းစစ်ဆေးကြည့် ချိန်မှာ သူတို့က ဘာဖြစ်ခဲ့တယ်ဆိုတာကို မသိမမြင်ခဲ့ကြကြောင်း ဖြေကြားခဲ့ကြပါတယ်။လတ်တလောမှာတော့ ရဲတွေက ဖြစ်စဉ်မှန်ပေါ်ပေါက်လာရေးအတွက် စုံစမ်းစစ် ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

ဓူဝံ

(Zawgyi)

ထိုင္းႏိုင္ငံ၊ ေမာင္ခ႐ိုင္ထဲက အလုပ္သမားစခန္းတခုထဲမွာ ဒီကေန႔ မနက္အေစာပိုင္းက ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားတေယာက္ ဓားနဲ႔ထိုးၿပီး အသတ္ခံခဲ့ရပါတယ္။ဒီအျဖစ္အပ်က္ဟာ စီႏို-ထိုင္းေဆာက္လုပ္ေရးစီမံကိန္းအလုပ္သမားေဆာင္မွာ မနက္အ ေစာပိုင္း ၂ နာရီေလာက္က ျဖစ္ခဲ့တာလို႔ ဘန္ေကာက္ပို႔စ္သတင္းမွာ ေဖာ္ျပပါတယ္။သတင္းေပးခ်က္အရ အခင္းျဖစ္တဲ့ ေနရာဆီ ရဲေတြေရာက္ရွိလာခ်ိန္မွာေတာ့ အ လုပ္သမားစခန္း အခန္းအမွတ္ D-16 မွာေနထိုင္သူ အလုပ္သမားရဲ႕ လည္ပင္းနဲ႔ ရင္ပတ္ေနရာအႏွံ႔ ထိုးသြင္းဒဏ္ရာေတြနဲ႔ ေသဆုံးေနတာကို ေတြ႕ရွိခဲ့ၾကတာပါ။


ေသဆုံးသူ အသက္ ၃၂ ႏွစ္အ႐ြယ္ ျမန္မာအမ်ိဳးသားဟာ အလုပ္သမားစခန္းအတြင္း လက္သမားတေယာက္အေနနဲ႔အတူ အလုပ္လုပ္ေနတာျဖစ္ၿပီး သူရဲ႕ နာမည္ကိုေတာ့ သိန္းထြန္းလို႔ ထိုင္းသတင္းမွာ ေဖာ္ျပပါတယ္။အခင္းျဖစ္တဲ့ အခန္းတြင္းမွာ ရဲေတြက ၆ လက္မ အရွည္ရွိတဲ့ ဓား တစ္လက္ကို သိမ္း ဆည္းရမိခဲ့ၿပီး သက္ေသအေနနဲ႔ ယူေဆာင္သြားခဲ့ပါတယ္။အဆိုပါ အလုပ္သမားစခန္းထဲမွာေတာ့ ကေမာၻဒီးယားနဲ႔ ျမန္မာႏိုင္ငံက ရာနဲ႔ခ်ီတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ ေနထိုင္ေနၾကတာ ျဖစ္တယ္ပါတယ္။


စခန္းတြင္း ထိုင္းဘာသာစကားေျပာတတ္တဲ့ အလုပ္သမားတခ်ိဳ႕ကို ေမးျမန္းစစ္ေဆးၾကည့္ ခ်ိန္မွာ သူတို႔က ဘာျဖစ္ခဲ့တယ္ဆိုတာကို မသိမျမင္ခဲ့ၾကေၾကာင္း ေျဖၾကားခဲ့ၾကပါတယ္။လတ္တေလာမွာေတာ့ ရဲေတြက ျဖစ္စဥ္မွန္ေပၚေပါက္လာေရးအတြက္ စုံစမ္းစစ္ ေဆးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ ဘန္ေကာက္ပို႔စ္ သတင္းမွာ ေဖာ္ျပပါတယ္။

ဓူ၀ံ

Post a Comment

Previous Post Next Post