(Unicode)


ဖြစ်စဉ်မှာ… ၆-၆-၂၀၂၀ ရက်နေ့ နေ့လည် (၁၁) နာရီအချိန် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာ တောင်ဘက်ကွင်းအမှတ် (၇၇၈) နေအိမ် လယ်တဲတွင် နေထိုင်သူ မ— (၁၉) နှစ် (ဘ) ဦး— နေအိမ်တဲတွင် နေမကောင်းသဖြင့် တစ်ဦးတည်း အိပ်ပျော်နေစဉ် ရင်ဘက်နှင့် ဝမ်းဗိုက်မှာ လေးလံနေသဖြင့် နိုးလာပြီး မျက်လုံး ဖွင့်ကြည့်ရာ…


တဲနီးချင်းဖြစ်သူ ရန်ကုန် (ခ)သန့်ဇင်အောင် (၃၅) နှစ် (ဘ) ဦးစိန်ထွန်းအောင် မှာ မ— ၏ ပေါင်အရင်းတွင် ခွထိုင်ထားပြီ မ— ၏ ပါးအားနမ်းရှိုက်ခြင်း ရင်ဘတ်အား ကိုင်တွယ်ခြင်း ခါးအောက်ပိုင်းတွင် ဝတ်ဆင်ထားသော ဂျင်ဘောင်းဘီရှည်အား ဆွဲချွတ်ခြင်းများ ပြုလုပ်နေသဖြင့်…





မ— မှ ပတ်ဝန်းကျင်အား အော်ဟစ်အကူညီတောင်ခံရာ ရန်ကုန်(ခ)သန့်ဇင်အောင်မှ မ— ၏ ပါးစပ် အားလက်ဖြင့် ပိတ်ခြင်းများ ပြုလုပ်ခဲ့ပြီး မ— မှ ရုန်းကန်၍ နေအိမ်တဲပေါ်မှ ခုန်ချထွက်ပြေးခဲ့ရာ ရန်ကုန်(ခ)သန့်ဇင်အောင်မှ မ— အား နေအိမ်တဲအောက်မှ နေအိမ်တဲပေါ်သို့ အတင်းအကြပ်ပြန်လည်ဆွဲတင်ရာ မ— မှာ ထပ်မံ ရုန်ကန်ထွက်ပြေးခဲ့ပါသည်။



သို့ဖြစ်ပါ၍ သားမယားအဖြစ် ပြုကျင်ရန် ကြံစည်အားထုတ်သူ ရန်ကုန်(ခ)သန့်ဇင်အောင်အား ဥပဒေအရအရေးယူပေးပါရန် မ— မှ တရားလိုပြုလုပ် တိုင်တန်းလာသဖြင့် ညောင်ခါးရှည်ရဲစခန်းမှ (ပ)၄၄/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ် မ၄၄၇/၃၇၆/၅၁၁ ဖြင့်အမှုဖွင့် အရေးယူပြီး ဒုရဲအုပ်သဲမောင်မောင်မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။


(Zawgyi)











Credit Original

Post a Comment

Previous Post Next Post