(Unoicode)

အိန္ဒိယနိုင်ငံက ဓာတ်ပုံဆရာတစ်ဦး တီထွင်လိုက်တဲ့ ထူးခြားသည့် နှာခေါင်းစည်းများ…

ကိုဗစ် ကူးစက်မှုကို ကာကွယ် နိုင်စေဖို့ နှာခေါင်းစည်းတွေ ကိုယ်စီကိုယ် ငတပ်ဆင်ပြီး သွားလာကြတဲ့အခါ ဘယ် သူဘယ်ဝါမှန်းမမှတ်မိနိုင်ကြတော့တာမျိုးတွေ အရင်ဆုံးကြုံရတတ်ကြပါတယ်။

ကြည့်လိုက်တာနဲ့ ကိုယ်ဘယ်သူဆိုတာ တန်းသိစေဖို့အတွက် ကိုယ်ပိုင်မျက်နှာပုံစံ အတိုင်း တစ်ထေရာတည်း ပုံနှိပ်ပေးတဲ့ နှာခေါင်းစည်းရောင်းချမှုတွေကို အိန္ဒိယ နိုင်ငံမှ ဓာတ်ပုံဆရာတစ်ဦးက ထူးထူးခြားခြား ဝန်ဆောင် မှုပေးနေပြီလို့ ဆိုပါတယ်။




ဂူဂျာရတ်ပြည် နယ်၊ ဂန္ဒီနာဂါမြို့မှ ဘီလုရှာမားဆိုသူ ဓာတ်ပုံဆရာဟာ ကိုဗစ် ကပ်ရော ဂါကာလအတွင်း ဓာတ်ပုံဆရာတွေ အလုပ်အကိုင်ရှားပါးနေချိန်မှာ တခြားဝင်ငွေ ရလမ်းတစ်ခုခုကို လုပ်ကြည့်ဖို့ စဉ်းစားခဲ့ ရာမှာ အခုလိုမျိုး အချိန်ကာလအရ လိုအပ်ချက်ဖြစ်လာတဲ့ အဝတ်နှာခေါင်းစည်း တွေကို ဆန်းသစ်တဲ့စိတ်ကူးနဲ့ပေါင်းစပ်ပြီး ရောင်းချဖို့ စိတ်ကူးရသွားခဲ့တာဖြစ် ပါတယ်။



ကပ်ရောဂါကြောင့် လူတွေက နှာခေါင်းစည်းတွေကို မသုံးမဖြစ်တပ်ဆင် သုံးစွဲလာကြရပြီး ဈေးကွက်ထဲမှာရှိနေတဲ့ အဝတ်နှာခေါင်းစည်းတွေနဲ့ တစ်ခါသုံး နှာခေါင်းစည်းတွေက တပ်ဆင်ထားတဲ့ အခါ မျက်နှာကွယ်သွားပြီး လူတွေ မမှတ်မိနိုင်တဲ့ အခက်အခဲတစ်ခုရှိနေတာကို ဘီလုရှာမားက သတိထားမိခဲ့တာဖြစ်ပါ တယ်။

ဒီဂျစ်တယ်ဓာတ်ပုံ ပုံနှိပ်နည်းပညာ နဲ့ ဝယ်သူတစ်ဦးချင်းစီအလိုက် ကိုယ်ပိုင် မျက်နှာပုံနှာခေါင်းစည်းတွေအဖြစ် အထူး ထုတ်လုပ်ရောင်းချတဲ့ ဝန်ဆောင်မှုကို စတင်ဖြစ်သွားခဲ့တာလို့ ဘီလုရှာမားက ဆိုပါတယ်။



ဓာတ်ပုံရိုက်ပြီး နောက်ဆုံးအဆင့် ပုံနှိပ်ထုတ်လုပ်ပြီးတဲ့အထိ စုစုပေါင်းကြာ ချိန်က ၁၅ မိနစ်လောက်သာရှိပြီး ဘီလုရှာ မားရဲ့ဓာတ်ပုံဆိုင်မှာ အပြီးအစီးဝန်ဆောင် မှုပေးနေတာဖြစ်ပါတယ်။ သူ့ဆိုင်မှာ ကိုယ် ပိုင်မျက်နှာနဲ့ နှာခေါင်းစည်းတစ်ခုကို ရူပီး ၅၀ (၉၅၀ ကျပ်ခန့်)နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။


(Zawgyi)














Post a Comment

Previous Post Next Post