(Unicode)

ဘဝကြိုးဝိုင်းမှာ အလဲထိုးခံရလို့ လဲကျသွားတဲ့အခါ အားတင်းပြီး ပြန်ထနိုင်ဖို့ လိုပါတယ်။ (ဒေါက်တာခင်သစ်နှင်း သို့မဟုတ် ဘဝကြိုးဝိုင်းထဲမှာ အလဲထိုးမခံချင်သူ)

ဘဝ ရည်မှန်းချက် ကြီးမားခဲ့တဲ့ ဒေါက်တာ ခင်သစ်နှင်းဟာ ကလေးအထူးကု ဆရာဝန် ဖြစ်လုလု နှစ်လခန့် အလိုမှာ တခြား ဆရာဝန် မတယောက်က မျက်နှာကို အက်စစ်နဲ့ ပက်တာခံလိုက်ရပြီး အမြင် အာရုံ ကွယ်ပျောက် ရုံမက နဖူးရဲ့ အောက်မျက်နှာ တခုလုံးနဲ့ ရင်ညွန့်ပါ အက်စစ်စားတဲ့ဒဏ်ကို ခံလိုက်ရတယ်။

ဒီအဖြစ်မျိုးကို ကိုယ်ခံစားရရင် အမှောင်ကမ္ဘာ ကြီးထဲမှာ ဘယ်လောက် စိတ်ဓာတ်ကျစရာ ကောင်းမလဲ။ ဘဝကို ဘယ်လို ဆက်လက် ရှင်သန်ရပ်တည် နေထိုင်မလဲ။

ဒေါက်တာ ခင်သစ်နှင်းကတော့ ယခုအချိန်မှာ သူငယ်ချင်းတွေနဲ့ အတူ ကိုယ်ပိုင်ဆေးခန်း ဖွင့်တယ်။ စာတွေရေး တယ်။ “အဓိဋ္ဌာန် မှန်ပေါင်လေးတချပ်” ၊ “မမြင်ရတဲ့ မြင်ကွင်းများ” နဲ့ “ပီတိမြင်ကွင်း” ဆိုတဲ့ စာအုပ်တွေ ရေးသားခဲ့တယ်။ ပရဟိတ အလုပ်တွေကိုလည်း လုပ်နေပါတယ်။

သူ့ဘဝကို ဘယ်လို အားမာန်တင်းပြီး ပြန်လည် ထူထောင်လာခဲ့တာလဲ ဆိုတာကို သိချင်လို့ မန္တလေးမြို့က သူ့အိမ်ကို ကျနော် သွားပြီး ဒေါက်တာ ခင်သစ်နှင်းနဲ့ စကားစမြည် ပြောတယ်။




ဒေါက်တာ ခင်သစ်နှင်းရဲ့ ဖခင် ဒေါက်တာ ခင်မောင်ရီက မုံရွာဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်တဲ့ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဖြစ်ပါတယ်။ “မောင်စန်းသော်” ကလောင် အမည်နဲ့ ကဗျာတွေ ရေးပြီး ကဗျာစာအုပ်တွေ ထုတ်ဝေခဲ့ တယ်။

ဒေါက်တာ ခင်သစ်နှင်းက မန္တလေး ဆေးတက္ကသိုလ်မှာ ဆရာမအဖြစ် တာဝန်ထမ်းဆောင်ပြီး ကလေးအထူးကု ဆရာဝန် ဖြစ်ဖို့ ဆေးတက္ကသိုလ် ကျောင်းဆောင်မှာပဲ နေထိုင်ကာ ဆေးပညာကို လေ့လာသင်ယူတယ်။ အထူးကုတန်း ပထမနှစ် အောင်ပြီးပြီ။ သုတေသန စာတမ်းလည်း တင်ပြီးလို့ သက်ဆိုင် ရာက လက်ခံပြီးပြီ။ မကြာမီ နောက် ၂ လ အကြာမှာ ဖိုင်နယ် စာမေးပွဲကြီး ဖြေပြီးရင် ကလေးအထူးကု ဆရာဝန်မကြီး ဖြစ်တော့မယ်။

အဲဒီ အချိန်မှာပဲ သူ့မျက်နှာကို အက်စစ်နဲ့ ပက်တာ ခံလိုက်ရတော့တာပါပဲ။

အဖြစ်အပျက်ကို ကျနော်က ပြန်မေးပါတယ်။ ကျနော်မေးချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ပါပဲ၊ အဖြစ်အပျက် ဖြစ်ပျက်ချိန်မှာ အတူတူရှိနေခဲ့တဲ့ သူ့အချစ်ဆုံး သူငယ်ချင်း ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ချိုချိုသန်း ကလည်း အနီးမှာ ရှိနေပါတယ်။

“ကျမနဲ့ လမ်းခြားတဲ့ တောင်ဘက်အခန်းက အိုဂျီ တက်နေတဲ့ အစ်မ တယောက်က မသစ်၊ မသစ် ခင်ဗျားကို ဟိုတယောက်က မေးမေးနေတယ် တဲ့”

ဒေါက်တာ ခင်သစ်နှင်းက မိဘများရှိရာ မုံရွာကို ခဏသွားလို့ ပြန်ရောက်လာချိန်မှာ ဆေးတက္ကသိုလ် တဆောင်တည်းနေဖက် သားဖွားမီးယပ် အထူးကုတက်နေတဲ့ဆရာဝန်မက သတင်းပေးတယ်။

မေးမေးနေတယ် ဆိုသူက မုံရွာဆေးရုံမှာ ဒေါက်တာ ခင်မောင်ရီရဲ့လက်အောက်၊ လက်ထောက် ဆရာဝန် အဖြစ် တာဝန် ထမ်းဖူးတယ်။ အထူးကု ဆရာဝန် သင်တန်းတက်ဖို့ မုံရွာကနေ မန္တလေးကို ပြောင်းရွှေ့လာတယ်။ ဆေးကျောင်း အဆောင်မှာပဲ တဆောင်တည်း အတူတူနေကြတယ်။ သူ့အခန်းက ဒေါက်တာ ခင်သစ်နှင်း တို့လိုပဲ မြေညီထပ်၊ တောင်ဘက်ထိပ်မှာ၊ ဒေါက်တာ ခင်သစ်နှင်းတို့က မြောက်ဘက်ထိပ်နားမှာ။

မုံရွာက ပြန်လာပြီး နောက်နေ့နံနက် ဒေါက်တာ ခင်သစ်နှင်းနဲ့ ဒေါက်တာ ချိုချိုသန်းတို့ သူငယ်ချင်း နှစ်ယောက် ခေါက်ခုံလေးခင်း၊ ထမင်းချိုင့်ဖွင့်ပြီး စားနေတုန်း အက်စစ်နဲ့ ပက်မယ့်သူက “ခင်သစ်နှင်း တို့အခန်း ခဏလိုက် ခဲ့ဦး” လို့ လာခေါ်တယ်။ ဒေါက်တာ ခင်သစ်နှင်းကလည်း ထမင်းအတူစားဖို့ ပြင်ဆင်နေတဲ့ သူငယ်ချင်းကို ထမင်းစားနှင့် ဆိုပြီး လိုက်သွားတယ်။

“သူ့အခန်းမှာ စာကြည့်စားပွဲကို ကုလားထိုင်က မျက်နှာလှည့်ပြီး ထိုင်တာ မဟုတ်လား။ အဲဒါ ကုလားထိုင်ကို ပြောင်းပြန်လှည့်ထားပြီး နောက်မှီကို နောက်ကျောပေးထားတယ်။ ကျမကို ထိုင်ခိုင်းပြီး ဒီစာဖတ်ကြည့်စမ်းပါတဲ့။ မျက်မှန်က ပါမသွားဘူး။ စာအိတ်ပေါ်မှာ Confidential (အတွင်းရေး လျှို့ဝှက်ကိစ္စ) လို့ ရေးထားတယ်။ ဘာပါလိမ့် ပေါ့။ ကျမကလည်း ဖတ်တာပေါ့။ တကြောင်း နှစ်ကြောင်းပဲ ဖတ်ခါရှိသေးတယ်။ ဖျန်းဆို ပက်ထည့် လိုက်တာ”

ဒေါက်တာ ခင်သစ်နှင်းက အဖြစ်အပျက်ကို ပြန်ပြောပြတယ်။

“အိမ်သာအိုး ဆီးအိုးလေ … ကော်အိုး။ ထည့်ထားတာ အရောင်က မည်းမည်းညိုညိုတွေ ကျမ ဖျတ်ခနဲ တွေ့လိုက် တယ်။ အဲဒါနဲ့ ပက်ချလိုက်တာ။ ကျမ မမြင်တော့ သလောက်ပါပဲ။ ကျမက အစမှာ ရေနွေးဓာတ် ဘူးကကွဲပြီး စဉ်လိုက်တာမျိုးလို့ ထင်လိုက်သေးတာ။ တခုခုအန္တရာယ်ဖြစ်ပြီ ဆိုတာ သိတာနဲ့ အဲဒီကနေ လာလမ်းအတိုင်း ကျမ အခန်းဆီ ပြန်ပြေးတာ။ အော်ပြီး ပြေးလာတာတဲ့။ အော်မိမှန်းတောင် မသိပါဘူး။ ကျမအသံ ဘယ်လောက်ကျယ် သလဲ မသိဘူး။ ယောက်ျားလေးဆောင် ကတောင် ကြားသတဲ့”

ထူးခြားတဲ့ ဖြစ်ရပ်တခု ဖြစ်ပြီလို့ သိတာနဲ့ ဒေါက်တာ ချိုချိုသန်းနဲ့ အဆောင်အတူနေ ဆရာဝန်မတွေက ဝိုင်းအုံလာ ကြတယ်။



အဲဒီတုန်းက အဖြစ်အပျက်ကို ကိုယ်တွေ့ တွေ့မြင်ရတဲ့ ဒေါက်တာချိုချိုသန်းက အခုလို ပြန်ပြောပြတယ်။

“ဘာဖြစ်တာလဲ … ဘာဖြစ်တာလဲ လို့ သူ့ကို မေးတော့ သူ့မျက်လုံးတွေက ဖွေးလို့။ သူ့ကို ကိုင်လိုက်တော့ ဗြစ်ဗြစ် ဗြစ်ဗြစ်ဆိုပြီး အင်္ကျီတွေလည်း အကုန်ကြွေကျကုန်တယ်။ တယောက်က အစ်မ အက်စစ်ထင်တယ် လို့ ပြောတယ်။ အဲဒါဆို ရေနဲ့ပက် ရေနဲ့ပက် ဆိုပြီး မျက်နှာကို ရေနဲ့ပက်ကြတယ်။ ကျမက အင်္ကျီတွေ လဲပေးတယ်”

အဆောင်မှူး ဆရာမကြီးကို သတင်းပို့ပြီး ချက်ချင်းပဲ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးသိန်းထွန်းအိမ်ကို သူတို့ ခေါ်သွားကြတယ်။ ဆရာကြီးကလည်း မျက်စိကို သန့်ရှင်းရေး လုပ်ပေးတယ်၊ မျက်စဉ်းတွေ ခတ်ပေးတယ်။ ပြီးတော့ မျက်စိဆေးရုံကြီးကို ချက်ချင်း ပို့ကြတယ်။ မျက်စိဆေးရုံကို ရောက်တော့ ဆရာဇော်ဂျီရဲ့ သမီး မျက်စိ ဆရာဝန်မကြီး ဒေါက်တာ ဒေါ်ခင်အုန်းဟန်က ကုသမှုတွေကို ချက်ချင်းပဲ ဆောင်ရွက်ပေးတယ်။

ဒေါက်တာ ခင်သစ်နှင်းရဲ့ အမေက သူမြင်တွေ့ခဲ့ရပုံကို “မျက်နှာကြီးက ရောင်ကိုင်းဖောင်းပြီး မည်းသွားတာ နဖူးအောက်ကနေ မျက်နှာ တခုလုံး ရင်ဘတ်တွေရော လောင်သွားတာ” လို့ ပြန်ပြောပြတယ်။

ဒီလို အဖြစ်ဆိုးကြီးကို ကြုံတွေ့လိုက်ရတော့ စိတ်မှာ ဘယ်လိုခံစားလိုက်ရသလဲ လို့ ကျနော်က ဒေါက်တာ ခင်သစ်နှင်း ကို မေးတယ်။ သူ ချက်ချင်း မဖြေနိုင်ဘူး။ ငိုတယ်။ ကြာခဲ့ပြီ ဖြစ်တဲ့ အတိတ် အိပ်မက်ဆိုးကြီးက ယခုအထိ ကြေကွဲစရာ ဖြစ်ဆဲ။

ကျနော်က ကိုယ့်မေးခွန်း အတွက် ခွင့်လွှတ်ဖို့ တောင်းပန်တယ်။ ဒါကို မမေးလို့လည်း မဖြစ်ဘူး။

“ရတယ်ဆရာ” လို့ သူ ငိုသံစွက်ပြီးပြောတယ်။

“အဓိကကတော့ ဖေဖေပဲ လို့ ပြောရမယ်”

သူ ဆက်မပြောနိုင်ဘဲ တရှုပ်ရှုပ် ငိုနေသေးတယ်။

“အဓိကကတော့ ဖေဖေပဲဆရာ။ သူက သိပ် မျှော်လင့်ထားတယ် လေ။ (ငိုရင်း) ရုတ်တရက် ဖေဖေ့ပဲ သနားတာ။ ဖေဖေ့ကို ဖုန်းနဲ့လှမ်းပြောတယ်။ ဖေဖေ သမီး ဘာမှ မဖြစ်ဘူး”

ဒေါက်တာ ခင်မောင်ရီလည်း မိဘများ ထုံးစံအတိုင်း သားညွန့် သမီးညွန့်တွေကို မျှော်လင့်ချက် ကြီးကြီး ထားခဲ့ပေမှာပဲ။

“ဖြစ်ပြီ ဆိုတော့ စသတိရလိုက်တာ ဖေဖေပဲ။ ဖေဖေက သိပ်ပြီးမျှော်လင့်ချက်တွေ ထားခဲ့တာ။ ဖေဖေတော့ သွားပြီ ပေါ့။ ကိုယ်ဖြစ်တဲ့ အပေါ်မှာ စိတ်ညစ်ပါတယ်။ ဒါပေမယ့် ဖေဖေတို့ကို မပြောနဲ့နော် မပြောနဲ့နော်လို့ သူငယ်ချင်းကို တားတယ်။ မပြောလို့လည်း မဖြစ်ဘူးလေ”

ဒေါက်တာ ခင်သစ်နှင်း ပြောရင်း ပြန်လည် တည်ငြိမ်လာပါတယ်။ သူ့အကြောင်းကို ဆက်ပြောတယ်။

မျက်စိနဲ့ မျက်နှာ ပျက်ယွင်းသွားပေမယ့် သူ လမ်းလျှောက်နိုင်တယ်။ ခွဲစိတ်ခန်းက ထွက်ထွက်ချင်းပဲ ဆေးရုံ အိတ်ချိန်း ကိုသွားပြီး မုံရွာက သူ့ဖခင် ဆီကို ဖုန်းဆက်တယ်။ သူ့ဖခင်က ကဗျာဆရာ ခွဲစိတ်အထူးကု ဆရာဝန်ကြီး။ ခံစားလွယ်တယ်။ မျှော်လင့်ချက် ထားခဲ့ရတဲ့ သမီးညွန့်က အညွန့်ချိုးခံ လိုက်ရပြီ။

သမီးရဲ့ အဖြစ်ကို ကြားတာနဲ့ တငိုငို တရယ်ရယ် ဖြစ်နေတယ်။ သမီးအကြောင်း ကြားရတော့လည်း လိုက်မလာနိုင်ဘူး၊ မိခင်သာ လိုက်လာပါတယ်။ အဖြစ်အပျက် ဖြစ်ပျက်တဲ့ အချိန် ၁၉၉၆ ခုနှစ်က အခုလို တယ်လီဖုန်း အဆက်အသွယ်က မလွယ်ကူဘူး။



ဒေါက်တာခင်သစ်နှင်းက ဘဝအတွက် ရည်မှန်း ချက်တွေ ကြီးတယ်။ စီမံကိန်းတွေ ချထားပြီးသား။ ကလေးအထူးကု ဖြစ်ဖို့ နောက်ဆုံး စာမေးပွဲကြီးက နီးလှပြီ။ ၂ လသာ လိုတော့တယ်။ စာတွေကလည်း အဆင်သင့်လုပ်ပြီးသား။

မျက်စိအထူးကု ဆရာဝန်ကြီးကို သူ့အခြေ အနေမေးတော့ ပြန်ကောင်းနိုင်ပါတယ် လို့ အားပေးတယ်။ စာမေးပွဲက ၂ လပဲ လိုတော့တယ်။ ဒေါက်တာ ခင်သစ်နှင်းက ဒီစာမေးပွဲ မမီရင်တောင်မှ နောက်ထပ် ၆ လနေရင် ထပ်လုပ်မယ့် နောက်ဆက်တွဲ စာမေးပွဲတော့ ဖြေခွင့်ရမှာပဲ လို့ အားတင်းထားတယ်။ ဒီလိုနဲ့ စာမေးပွဲတွေက တခုပြီးတခု ကျင်းပသွားတယ်။ သူ့အခြေအနေ ကတော့ ထူးမလာသေးဘူး။

မျက်စိအတွက် မန္တလေး၊ ရန်ကုန် မျက်စိအထူး ကုဆေးရုံကြီးတွေနဲ့ နိုင်ငံခြားကလာတဲ့ မျက်စိအထူးကု Orbit လေယာဉ်ပျံကြီး၊ အက်စစ်စား ခံထားရတဲ့ မျက်နှာနဲ့ ကိုယ်ခန္ဓာ အရေပြားတွေအတွက် ပလတ်စတစ်ဆာဂျရီ လုပ်ဖို့ ရန်ကုန် ကန်သာယာနဲ့ မန္တလေး ဆေးရုံကြီး၊ မန္တလေး ကန်တော်နဒီ ဆေးရုံတွေကို တက်လိုက် ဆင်းလိုက်။

“တရက်မှာတော့ ကျမ မျက်လုံးအစုံရဲ့ မျက်ကြည်လွှာက ကုရင်းကုရင်းနဲ့ ပါးပြီး ပေါက်လုနီးပါး ဖြစ်လာသတဲ့။ ကျမကိုတော့ မသိစေရဘူး။ ကျမကို အညင်သာဆုံးနဲ့ လှုပ်ရှားမှု နည်းနိုင်သမျှနည်းအောင် ထိန်းပြီး မန္တလေးကနေ ရန်ကုန်ကို ခေါ်သွားကြတယ်”

“ကျမ ကြောက်မှာ စိုးလို့ မပြောကြဘူး။ ကျမ မျက်လုံးအိမ်ထဲက အရည်တွေကလည်း စိမ့်ချင်ချင်တဲ့။ လေယာဉ်ကွင်း ကို လိုက်ပို့တော့ ကားထိုင်ခုံကို ပက်လက် လှန်ပေးထားတယ်။ မျက်လုံးထဲ ကျမ စိတ်အာရုံ မရောက်အောင်လည်း လေးဖြူရဲ့ သီချင်း တပုဒ်ကို ဖွင့်ပေးထားတယ်။ “ရူးချင်ယောင် ဆောင်မနေနဲ့” တဲ့။ ကျမ မှတ်မိနေတယ်”

ဒီလို အခြေအနေမျိုးကို ဒေါက်တာ ခင်သစ်နှင်း ဘယ်လိုရင်ဆိုင်သလဲ။

“စဖြစ်တော့ ပရိတ်တော်တွေ ပဋ္ဌာန်းတရားတော်တွေ နာဖို့ စီစဉ်ပေးကြတယ်။ ဒါပေမယ့် အကြောင်းအကျိုး တွေလည်း ဘယ်ဆင်ခြင်နိုင်ပါ့ မလဲ။ ပူထူနေတာ။ ဒေါက်တာ ဦးစိုးတင့်က ဆရာတော် ဦးဇောတိကရဲ့ တရားခွေတွေ ကက်ဆက်ခွေ တဘူး လာပေးတယ်။ “အရှုပ်ထဲမှာ ရှင်းအောင်နေ” ကို စနာတယ်။ နာလည်းပြီးရော ကျမရင်တွေ ပေါ့ပါးလာတယ်။ ပြီးတော့ “အပျော်ဆုံးလူ”၊ “မေတ္တာ တရား”။ နာရင်း နာရင်းနဲ့ နေတတ်ထိုင်တတ် ဖြစ်လာတာ။ တရားတွေ နာတော့ စိတ်က ဗလောင် ဆူရာကနေ အေးချမ်းလာတယ်။ အေးချမ်းလာတော့ စဉ်းစား ဆင်ခြင်နိုင်လာ တယ်”

သူ့စိတ်ခံစားမှု အပြောင်းအလဲကို ကျနော် စိတ်ဝင်စားလို့ သေသေချာချာ နားစွင့်နေပါတယ်။

“သေချင်လောက်အောင် စိတ်ညစ်ပေမယ့် ကိုယ်က သေလည်း မသေရဲဘူးလေ။ အင်း … ဒါဆိုရင်တော့။ မျက်စိသာ ဖြစ်ထားတာ၊ အသက် မသေရင် လုပ်နိုင်တာတွေ အများကြီးရှိသေးတယ်။ ဘယ်သူမဆို ဘယ်နေရာမှာ မဆို အသုံးဝင်အောင် နေတတ်ရင် နေလို့ရတာပဲ။ မိသားစုမှာလည်း ကိုယ်လုပ်ပေးနိုင်တာတွေ ရှိတယ်။ ပတ်ဝန်းကျင်ကို လည်း စောင့်ရှောက်လို့ ရနိုင်တာတွေ ရှိတယ်။ ဆရာဝန် ဖြစ်နေမှ မဟုတ်ဘူး။ အသုံးကျတဲ့ လူတယောက် ဖြစ်အောင် လုပ်မယ် ပေါ့”

ဒေါက်တာ ခင်သစ်နှင်းက အမှိုက်သိမ်းပေးတဲ့ သူတွေသာ မရှိရင် အိမ်တိုင်းမှာ ညစ်ပတ်နံစော်နေမှာ ဖြစ်လို့ သူတို့ဟာလည်း လူသားတွေရဲ့ ကျေးဇူးရှင် ဖြစ်တယ် ဆိုတဲ့ သူရေးဖူးတဲ့ “ကျေးဇူးရှင်မလေးများ”အကြောင်းကို ပြန်ပြောပြတယ်။

“လူတိုင်း လူတိုင်းဟာ အသုံးဝင်နေတာပဲ။ အသုံးတည့်မယ့် ထောင့်ကလေး၊ အကွက်လေးတော့ ရှိနေတာပဲ။ အဲဒီ နေရာကို ကိုယ်က ရှာဖွေနိုင်ဖို့တော့ လိုတာပေါ့။ လိုအပ်နေတာတွေ ရှိနေတာပဲ။ ဆိုက်ကားဆရာ ရှိမှလည်း ကျမတို့ လိုရာကို သွားလို့ ရတာပဲ”

အသုံးဝင်တဲ့ လူသားတယောက် အဖြစ် သူ့ ကိုယ်သူ ပြန်လည်ထူမတ် ရပုံကို ဒေါက်တာ ခင်သစ်နှင်းက ပြန်ပြောပြ တယ်။

“ဆေးခန်း ပြန်ထိုင်မယ် လို့ ဒီသူငယ်ချင်း (ဒေါက်တာ ချိုချိုသန်း) နဲ့ ၂၀ဝ၀ ဧပြီမှာ မန္တလေး ၃၇လမ်း၊ ၈၀-၈၁ ကြားမှာ ဆေးခန်း ပြန်ဖွင့်တယ်။ သူငယ်ချင်း ၄ ယောက်စုပြီး “အောင်တံခွန်” ဆေးခန်း လို့ အမည်ပေးတယ်။ ရွေးရင်းရွေးရင်း ဒီနာမည် ဖြစ်သွားတာ”

အောင်တံခွန် ဆိုတဲ့အမည်နဲ့ ပတ်သက်ပြီး ပြောရင်း ဒေါက်တာခင်သစ်နှင်းက ရယ်ပါတယ်။

ဆရာဝန် အမျိုးသမီးငယ် ၂ ဦး၊ တဦးက တဦးကို ရက်ရက်စက်စက် မျက်နှာကို အက်စစ်နဲ့ ပက်တယ် ဆိုတော့ ဘာအကြောင်းရှိလို့လဲ လို့ လူတွေက သို့လောသို့လော ထင်ကြေးပေးကြတယ်။

ရည်းစားကိစ္စလား တွေးသူက တွေးတယ်။ ကျနော်ကလည်း မေးပါတယ်။ ရယ်မောရင်း မဟုတ်ပါဘူး။ ကျမဘက်က တော့ မဟုတ်ပါဘူး။ သူ့ဘက်ကတော့ မသိဘူး လို့ ပြောရင်း ဒေါက်တာ ခင်သစ်နှင်းက ရယ်နေပါတယ်။

အက်စစ်နဲ့ ပက်သူ ဆရာဝန်မက မုံရွာဆေးရုံမှာ ဒေါက်တာ ခင်မောင်ရီရဲ့ လက်ထောက်ဆရာဝန် အဖြစ် တာဝန်ထမ်းဆောင်ဖူးတယ်။ ဆရာကြီးက သူ့လက်အောက်က ဝန်ထမ်းတွေကို သားသမီးရင်းချာလို သဘောထားတယ်။

“ဆရာကြီး ကတော့ ဘယ်သူ့ကို ဖြစ်ဖြစ် သမီးလို့ပဲ ခေါ်တာ။ သူ့စိတ်ထဲမှာ သူ့ကိုယ်သူ သမီးလို့ မှတ်သွားပုံ ရတယ်” လို့ ဆရာကြီးကတော်က ပြောတယ်။

အထူးကုဆရာဝန် ဖြစ်ဖို့ ဆေးတက္ကသိုလ်ကို ပြန်တက်ကြတော့ ဆရာကြီးရဲ့ တကယ့်သမီးအရင်း၊ သမီးအစစ်ကို တွေ့ရတဲ့အခါ သူ့စိတ်မှာ မနာလိုစိတ် ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး ရန်ပြုတာလို့ မုံရွာ မြို့ခံတွေက ထင်ကြေး ပေးကြတယ်။

အမှုအခင်းတွေ ဖြစ်လာပြီ ဆိုတော့ ဒေါက်တာ ခင်သစ်နှင်း ဘယ်လို ရင်ဆိုင်ပါသလဲ။

“သက်ဆိုင်ရာက ကျမရုံးကို မလာနိုင်ရင် အိမ်တိုင်ရာရောက် ခုံရုံးဖွဲ့ပေးမယ်၊ ထွက်ဆိုချက် ပေးပါတဲ့။ ဖေဖေက သမီး မထွက်နဲ့၊ အစစ်မခံနဲ့၊ ခုံရုံးဖွဲ့ မခံနဲ့တဲ့။ ငါ့သမီး ဝဋ်ကြွေးကြောင့် ဖြစ်ရတာ ဆိုရင်လည်း ထားလိုက်တော့။ သမီးရဲ့ နှုတ်ထွက်ကြောင့် သူ့အပြစ် ပိုကြီးသွားမယ်၊ ငါ့သမီး သံသရာ ရှည်မယ် တဲ့။ အကုန်လုံး ရပ်လိုက်တော့ တယ်” လို့ ဒေါက်တာ ခင်သစ်နှင်းက ပြန်ပြောပြတယ်။



သူ ဘာကြောင့် ခံနိုင်ရည်ရှိနေတာလဲ။

“ကျမ ပြန်စဉ်းစားတယ်။ ငါ ဘာမှားလို့ သူက ငါ့ကို ဒါလောက်အထိ လုပ်တာလဲ။ ငါ ဘာမှားသွား တုန်း၊ ဘာမှားသွား တုန်း၊ တချက်ချင်း စဉ်းစားတယ်။ ဘာမှ သူနဲ့ စကားကတောက်ကဆ ဘာမှ မဖြစ်ဖူးဘူး။ ခင်ခင်မင်မင် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးလည်း မရှိခဲ့ဘူး။ ကျမ မှားတာသာ ရှိခဲ့ရင် ကျမ ဘယ်လိုမှ နာလန်ပြန်ထူဖို့ မလွယ်ဘူးနော်။ နောင်တနဲ့ ပူပန် နေရမှာ။ ဒီလိုမှန်း သိရင် ငါ ဘာမှ မလုပ်ခဲ့ပါဘူးလို့ ဖြစ်နေမှာ။ ဘာတခုမှ အမှားမလုပ်ခဲ့တဲ့ အတွက် ကိုယ့်ကိုယ်ကို နေရတာ ပေါ့သွားတယ်။ အပြစ်ရှိတယ် လို့ မထင်တော့ဘူး”

သူ့မိဘ၊ သူငယ်ချင်းနဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလည်း ဒေါက်တာခင်သစ်နှင်းကို စိတ်ဓာတ်ခွန်အားနဲ့ ဖေးမ ပေးတယ်။ ဖခင် ကဗျာဆရာ မောင်စန်းသော်က သမီးအတွက် ကဗျာတွေ စာတွေ ရေးပေးတယ်။

ဒေါက်တာခင်သစ်နှင်း ကိုယ်တိုင်လည်း စာတွေ ရေးတယ်။ မျက်စိမမြင်ဘဲ မှန်းသမ်းရေးရတာမို့ သူရေးထားတဲ့ စာလုံးတွေက ကြီးတာကြီး၊ သေးတာ သေး၊ မျဉ်းကြောင်း အပေါ် တက်တာတက် အောက် ဆင်းတာ ဆင်း၊ မညီမညာပါ။ ဒါပေမယ့် သူကြိုးစား ရေးတယ်။ သူစာရေးရာမှာ ကြုံရတဲ့ အခက်အခဲကိုလည်း ပြောပြသေးတယ်။

“ကိုယ့်လက်နဲ့ ကိုယ် ရေးတော့ တမျက်နှာ နှစ်မျက်နှာရေးပြီးတဲ့အထိ မင်ကုန်နေတာ မသိဘူး။ သွားရော။ ရေးပြီးသား မျက်နှာပေါ် ထပ်ကာ ထပ်ကာ ရေးမိပြန်တော့ သွားရော။ တခါတလေ စာမျက်နှာအလွတ်တွေ ကျော်သွားရော”

ဒါပေမယ့် သူ ဇွဲမလျှော့ဘူး။ စာတွေရေးတယ်။ လေ့လာဆည်းပူးတယ်။ ရေဒီယို အမြဲနားထောင်တယ်။ အဘိဓမ္မာ သင်တန်းတွေ တက်တယ်။ “သိချင်တတ်ချင် နေတယ်။ ဒါက ပြန်မတ်လာ စေတယ် ထင်တယ်” လို့ သူက ဆိုတယ်။

ကြိုးဝိုင်းမှာ အလဲထိုးချ ခံခဲ့ရပေမယ့်လည်း သူ့ကို ချစ်သူတွေရဲ့ အားပေးမှု၊ သူကိုယ်တိုင်ရဲ့ ဇွဲသတ္တိတွေနဲ့ ဘဝလမ်းကို ဒေါက်တာ ခင်သစ်နှင်း ဆက်လက် လျှောက်လှမ်းနေတာ တွေ့ရပါတယ်။ ။

ဆရာကျော်ရင်မြင့်

(Zawgyi)

ဘဝႀကိဳးဝိုင္းမွာ အလဲထိုးခံရလို႔ လဲက်သြားတဲ့အခါ အားတင္းၿပီး ျပန္ထႏိုင္ဖို႔ လိုပါတယ္။ (ေဒါက္တာခင္သစ္ႏွင္း သို႔မဟုတ္ ဘ၀ႀကိဳး၀ိုင္းထဲမွာ အလဲထိုးမခံခ်င္သူ)

ဘဝ ရည္မွန္းခ်က္ ႀကီးမားခဲ့တဲ့ ေဒါက္တာ ခင္သစ္ႏွင္းဟာ ကေလးအထူးကု ဆရာဝန္ ျဖစ္လုလု ႏွစ္လခန္႔ အလိုမွာ တျခား ဆရာဝန္ မတေယာက္က မ်က္ႏွာကို အက္စစ္နဲ႔ ပက္တာခံလိုက္ရၿပီး အျမင္ အာ႐ုံ ကြယ္ေပ်ာက္ ႐ုံမက နဖူးရဲ႕ ေအာက္မ်က္ႏွာ တခုလုံးနဲ႔ ရင္ၫြန္႔ပါ အက္စစ္စားတဲ့ဒဏ္ကို ခံလိုက္ရတယ္။

ဒီအျဖစ္မ်ိဳးကို ကိုယ္ခံစားရရင္ အေမွာင္ကမာၻ ႀကီးထဲမွာ ဘယ္ေလာက္ စိတ္ဓာတ္က်စရာ ေကာင္းမလဲ။ ဘဝကို ဘယ္လို ဆက္လက္ ရွင္သန္ရပ္တည္ ေနထိုင္မလဲ။

ေဒါက္တာ ခင္သစ္ႏွင္းကေတာ့ ယခုအခ်ိန္မွာ သူငယ္ခ်င္းေတြနဲ႔ အတူ ကိုယ္ပိုင္ေဆးခန္း ဖြင့္တယ္။ စာေတြေရး တယ္။ “အဓိ႒ာန္ မွန္ေပါင္ေလးတခ်ပ္” ၊ “မျမင္ရတဲ့ ျမင္ကြင္းမ်ား” နဲ႔ “ပီတိျမင္ကြင္း” ဆိုတဲ့ စာအုပ္ေတြ ေရးသားခဲ့တယ္။ ပရဟိတ အလုပ္ေတြကိုလည္း လုပ္ေနပါတယ္။

သူ႔ဘဝကို ဘယ္လို အားမာန္တင္းၿပီး ျပန္လည္ ထူေထာင္လာခဲ့တာလဲ ဆိုတာကို သိခ်င္လို႔ မႏၲေလးၿမိဳ႕က သူ႔အိမ္ကို က်ေနာ္ သြားၿပီး ေဒါက္တာ ခင္သစ္ႏွင္းနဲ႔ စကားစျမည္ ေျပာတယ္။



ေဒါက္တာ ခင္သစ္ႏွင္းရဲ႕ ဖခင္ ေဒါက္တာ ခင္ေမာင္ရီက မုံ႐ြာေဆး႐ုံႀကီးမွာ တာဝန္ထမ္းေဆာင္တဲ့ ခြဲစိတ္အထူးကု ဆရာဝန္ႀကီး ျဖစ္ပါတယ္။ “ေမာင္စန္းေသာ္” ကေလာင္ အမည္နဲ႔ ကဗ်ာေတြ ေရးၿပီး ကဗ်ာစာအုပ္ေတြ ထုတ္ေဝခဲ့ တယ္။

ေဒါက္တာ ခင္သစ္ႏွင္းက မႏၲေလး ေဆးတကၠသိုလ္မွာ ဆရာမအျဖစ္ တာဝန္ထမ္းေဆာင္ၿပီး ကေလးအထူးကု ဆရာဝန္ ျဖစ္ဖို႔ ေဆးတကၠသိုလ္ ေက်ာင္းေဆာင္မွာပဲ ေနထိုင္ကာ ေဆးပညာကို ေလ့လာသင္ယူတယ္။ အထူးကုတန္း ပထမႏွစ္ ေအာင္ၿပီးၿပီ။ သုေတသန စာတမ္းလည္း တင္ၿပီးလို႔ သက္ဆိုင္ ရာက လက္ခံၿပီးၿပီ။ မၾကာမီ ေနာက္ ၂ လ အၾကာမွာ ဖိုင္နယ္ စာေမးပြဲႀကီး ေျဖၿပီးရင္ ကေလးအထူးကု ဆရာဝန္မႀကီး ျဖစ္ေတာ့မယ္။

အဲဒီ အခ်ိန္မွာပဲ သူ႔မ်က္ႏွာကို အက္စစ္နဲ႔ ပက္တာ ခံလိုက္ရေတာ့တာပါပဲ။

အျဖစ္အပ်က္ကို က်ေနာ္က ျပန္ေမးပါတယ္။ က်ေနာ္ေမးခ်ိန္မွာ တိုက္တိုက္ဆိုင္ဆိုင္ ပါပဲ၊ အျဖစ္အပ်က္ ျဖစ္ပ်က္ခ်ိန္မွာ အတူတူရွိေနခဲ့တဲ့ သူ႔အခ်စ္ဆုံး သူငယ္ခ်င္း ကေလးအထူးကု ဆရာဝန္ႀကီး ေဒါက္တာ ခ်ိဳခ်ိဳသန္း ကလည္း အနီးမွာ ရွိေနပါတယ္။

“က်မနဲ႔ လမ္းျခားတဲ့ ေတာင္ဘက္အခန္းက အိုဂ်ီ တက္ေနတဲ့ အစ္မ တေယာက္က မသစ္၊ မသစ္ ခင္ဗ်ားကို ဟိုတေယာက္က ေမးေမးေနတယ္ တဲ့”

ေဒါက္တာ ခင္သစ္ႏွင္းက မိဘမ်ားရွိရာ မုံ႐ြာကို ခဏသြားလို႔ ျပန္ေရာက္လာခ်ိန္မွာ ေဆးတကၠသိုလ္ တေဆာင္တည္းေနဖက္ သားဖြားမီးယပ္ အထူးကုတက္ေနတဲ့ဆရာဝန္မက သတင္းေပးတယ္။

ေမးေမးေနတယ္ ဆိုသူက မုံ႐ြာေဆး႐ုံမွာ ေဒါက္တာ ခင္ေမာင္ရီရဲ႕လက္ေအာက္၊ လက္ေထာက္ ဆရာဝန္ အျဖစ္ တာဝန္ ထမ္းဖူးတယ္။ အထူးကု ဆရာဝန္ သင္တန္းတက္ဖို႔ မုံ႐ြာကေန မႏၲေလးကို ေျပာင္းေ႐ႊ႕လာတယ္။ ေဆးေက်ာင္း အေဆာင္မွာပဲ တေဆာင္တည္း အတူတူေနၾကတယ္။ သူ႔အခန္းက ေဒါက္တာ ခင္သစ္ႏွင္း တို႔လိုပဲ ေျမညီထပ္၊ ေတာင္ဘက္ထိပ္မွာ၊ ေဒါက္တာ ခင္သစ္ႏွင္းတို႔က ေျမာက္ဘက္ထိပ္နားမွာ။

မုံ႐ြာက ျပန္လာၿပီး ေနာက္ေန႔နံနက္ ေဒါက္တာ ခင္သစ္ႏွင္းနဲ႔ ေဒါက္တာ ခ်ိဳခ်ိဳသန္းတို႔ သူငယ္ခ်င္း ႏွစ္ေယာက္ ေခါက္ခုံေလးခင္း၊ ထမင္းခ်ိဳင့္ဖြင့္ၿပီး စားေနတုန္း အက္စစ္နဲ႔ ပက္မယ့္သူက “ခင္သစ္ႏွင္း တို႔အခန္း ခဏလိုက္ ခဲ့ဦး” လို႔ လာေခၚတယ္။ ေဒါက္တာ ခင္သစ္ႏွင္းကလည္း ထမင္းအတူစားဖို႔ ျပင္ဆင္ေနတဲ့ သူငယ္ခ်င္းကို ထမင္းစားႏွင့္ ဆိုၿပီး လိုက္သြားတယ္။

“သူ႔အခန္းမွာ စာၾကည့္စားပြဲကို ကုလားထိုင္က မ်က္ႏွာလွည့္ၿပီး ထိုင္တာ မဟုတ္လား။ အဲဒါ ကုလားထိုင္ကို ေျပာင္းျပန္လွည့္ထားၿပီး ေနာက္မွီကို ေနာက္ေက်ာေပးထားတယ္။ က်မကို ထိုင္ခိုင္းၿပီး ဒီစာဖတ္ၾကည့္စမ္းပါတဲ့။ မ်က္မွန္က ပါမသြားဘူး။ စာအိတ္ေပၚမွာ Confidential (အတြင္းေရး လွ်ိဳ႕ဝွက္ကိစၥ) လို႔ ေရးထားတယ္။ ဘာပါလိမ့္ ေပါ့။ က်မကလည္း ဖတ္တာေပါ့။ တေၾကာင္း ႏွစ္ေၾကာင္းပဲ ဖတ္ခါရွိေသးတယ္။ ဖ်န္းဆို ပက္ထည့္ လိုက္တာ”

ေဒါက္တာ ခင္သစ္ႏွင္းက အျဖစ္အပ်က္ကို ျပန္ေျပာျပတယ္။

“အိမ္သာအိုး ဆီးအိုးေလ … ေကာ္အိုး။ ထည့္ထားတာ အေရာင္က မည္းမည္းညိဳညိဳေတြ က်မ ဖ်တ္ခနဲ ေတြ႕လိုက္ တယ္။ အဲဒါနဲ႔ ပက္ခ်လိုက္တာ။ က်မ မျမင္ေတာ့ သေလာက္ပါပဲ။ က်မက အစမွာ ေရေႏြးဓာတ္ ဘူးကကြဲၿပီး စဥ္လိုက္တာမ်ိဳးလို႔ ထင္လိုက္ေသးတာ။ တခုခုအႏၲရာယ္ျဖစ္ၿပီ ဆိုတာ သိတာနဲ႔ အဲဒီကေန လာလမ္းအတိုင္း က်မ အခန္းဆီ ျပန္ေျပးတာ။ ေအာ္ၿပီး ေျပးလာတာတဲ့။ ေအာ္မိမွန္းေတာင္ မသိပါဘူး။ က်မအသံ ဘယ္ေလာက္က်ယ္ သလဲ မသိဘူး။ ေယာက္်ားေလးေဆာင္ ကေတာင္ ၾကားသတဲ့”

ထူးျခားတဲ့ ျဖစ္ရပ္တခု ျဖစ္ၿပီလို႔ သိတာနဲ႔ ေဒါက္တာ ခ်ိဳခ်ိဳသန္းနဲ႔ အေဆာင္အတူေန ဆရာဝန္မေတြက ဝိုင္းအုံလာ ၾကတယ္။



အဲဒီတုန္းက အျဖစ္အပ်က္ကို ကိုယ္ေတြ႕ ေတြ႕ျမင္ရတဲ့ ေဒါက္တာခ်ိဳခ်ိဳသန္းက အခုလို ျပန္ေျပာျပတယ္။

“ဘာျဖစ္တာလဲ … ဘာျဖစ္တာလဲ လို႔ သူ႔ကို ေမးေတာ့ သူ႔မ်က္လုံးေတြက ေဖြးလို႔။ သူ႔ကို ကိုင္လိုက္ေတာ့ ျဗစ္ျဗစ္ ျဗစ္ျဗစ္ဆိုၿပီး အက်ႌေတြလည္း အကုန္ေႂကြက်ကုန္တယ္။ တေယာက္က အစ္မ အက္စစ္ထင္တယ္ လို႔ ေျပာတယ္။ အဲဒါဆို ေရနဲ႔ပက္ ေရနဲ႔ပက္ ဆိုၿပီး မ်က္ႏွာကို ေရနဲ႔ပက္ၾကတယ္။ က်မက အက်ႌေတြ လဲေပးတယ္”

အေဆာင္မႉး ဆရာမႀကီးကို သတင္းပို႔ၿပီး ခ်က္ခ်င္းပဲ မ်က္စိအထူးကု ဆရာဝန္ႀကီး ေဒါက္တာ ဦးသိန္းထြန္းအိမ္ကို သူတို႔ ေခၚသြားၾကတယ္။ ဆရာႀကီးကလည္း မ်က္စိကို သန္႔ရွင္းေရး လုပ္ေပးတယ္၊ မ်က္စဥ္းေတြ ခတ္ေပးတယ္။ ၿပီးေတာ့ မ်က္စိေဆး႐ုံႀကီးကို ခ်က္ခ်င္း ပို႔ၾကတယ္။ မ်က္စိေဆး႐ုံကို ေရာက္ေတာ့ ဆရာေဇာ္ဂ်ီရဲ႕ သမီး မ်က္စိ ဆရာဝန္မႀကီး ေဒါက္တာ ေဒၚခင္အုန္းဟန္က ကုသမႈေတြကို ခ်က္ခ်င္းပဲ ေဆာင္႐ြက္ေပးတယ္။

ေဒါက္တာ ခင္သစ္ႏွင္းရဲ႕ အေမက သူျမင္ေတြ႕ခဲ့ရပုံကို “မ်က္ႏွာႀကီးက ေရာင္ကိုင္းေဖာင္းၿပီး မည္းသြားတာ နဖူးေအာက္ကေန မ်က္ႏွာ တခုလုံး ရင္ဘတ္ေတြေရာ ေလာင္သြားတာ” လို႔ ျပန္ေျပာျပတယ္။

ဒီလို အျဖစ္ဆိုးႀကီးကို ႀကဳံေတြ႕လိုက္ရေတာ့ စိတ္မွာ ဘယ္လိုခံစားလိုက္ရသလဲ လို႔ က်ေနာ္က ေဒါက္တာ ခင္သစ္ႏွင္း ကို ေမးတယ္။ သူ ခ်က္ခ်င္း မေျဖႏိုင္ဘူး။ ငိုတယ္။ ၾကာခဲ့ၿပီ ျဖစ္တဲ့ အတိတ္ အိပ္မက္ဆိုးႀကီးက ယခုအထိ ေၾကကြဲစရာ ျဖစ္ဆဲ။

က်ေနာ္က ကိုယ့္ေမးခြန္း အတြက္ ခြင့္လႊတ္ဖို႔ ေတာင္းပန္တယ္။ ဒါကို မေမးလို႔လည္း မျဖစ္ဘူး။

“ရတယ္ဆရာ” လို႔ သူ ငိုသံစြက္ၿပီးေျပာတယ္။

“အဓိကကေတာ့ ေဖေဖပဲ လို႔ ေျပာရမယ္”

သူ ဆက္မေျပာႏိုင္ဘဲ တရႈပ္ရႈပ္ ငိုေနေသးတယ္။

“အဓိကကေတာ့ ေဖေဖပဲဆရာ။ သူက သိပ္ ေမွ်ာ္လင့္ထားတယ္ ေလ။ (ငိုရင္း) ႐ုတ္တရက္ ေဖေဖ့ပဲ သနားတာ။ ေဖေဖ့ကို ဖုန္းနဲ႔လွမ္းေျပာတယ္။ ေဖေဖ သမီး ဘာမွ မျဖစ္ဘူး”

ေဒါက္တာ ခင္ေမာင္ရီလည္း မိဘမ်ား ထုံးစံအတိုင္း သားၫြန္႔ သမီးၫြန္႔ေတြကို ေမွ်ာ္လင့္ခ်က္ ႀကီးႀကီး ထားခဲ့ေပမွာပဲ။

“ျဖစ္ၿပီ ဆိုေတာ့ စသတိရလိုက္တာ ေဖေဖပဲ။ ေဖေဖက သိပ္ၿပီးေမွ်ာ္လင့္ခ်က္ေတြ ထားခဲ့တာ။ ေဖေဖေတာ့ သြားၿပီ ေပါ့။ ကိုယ္ျဖစ္တဲ့ အေပၚမွာ စိတ္ညစ္ပါတယ္။ ဒါေပမယ့္ ေဖေဖတို႔ကို မေျပာနဲ႔ေနာ္ မေျပာနဲ႔ေနာ္လို႔ သူငယ္ခ်င္းကို တားတယ္။ မေျပာလို႔လည္း မျဖစ္ဘူးေလ”

ေဒါက္တာ ခင္သစ္ႏွင္း ေျပာရင္း ျပန္လည္ တည္ၿငိမ္လာပါတယ္။ သူ႔အေၾကာင္းကို ဆက္ေျပာတယ္။

မ်က္စိနဲ႔ မ်က္ႏွာ ပ်က္ယြင္းသြားေပမယ့္ သူ လမ္းေလွ်ာက္ႏိုင္တယ္။ ခြဲစိတ္ခန္းက ထြက္ထြက္ခ်င္းပဲ ေဆး႐ုံ အိတ္ခ်ိန္း ကိုသြားၿပီး မုံ႐ြာက သူ႔ဖခင္ ဆီကို ဖုန္းဆက္တယ္။ သူ႔ဖခင္က ကဗ်ာဆရာ ခြဲစိတ္အထူးကု ဆရာဝန္ႀကီး။ ခံစားလြယ္တယ္။ ေမွ်ာ္လင့္ခ်က္ ထားခဲ့ရတဲ့ သမီးၫြန္႔က အၫြန္႔ခ်ိဳးခံ လိုက္ရၿပီ။

သမီးရဲ႕ အျဖစ္ကို ၾကားတာနဲ႔ တငိုငို တရယ္ရယ္ ျဖစ္ေနတယ္။ သမီးအေၾကာင္း ၾကားရေတာ့လည္း လိုက္မလာႏိုင္ဘူး၊ မိခင္သာ လိုက္လာပါတယ္။ အျဖစ္အပ်က္ ျဖစ္ပ်က္တဲ့ အခ်ိန္ ၁၉၉၆ ခုႏွစ္က အခုလို တယ္လီဖုန္း အဆက္အသြယ္က မလြယ္ကူဘူး။



ေဒါက္တာခင္သစ္ႏွင္းက ဘဝအတြက္ ရည္မွန္း ခ်က္ေတြ ႀကီးတယ္။ စီမံကိန္းေတြ ခ်ထားၿပီးသား။ ကေလးအထူးကု ျဖစ္ဖို႔ ေနာက္ဆုံး စာေမးပြဲႀကီးက နီးလွၿပီ။ ၂ လသာ လိုေတာ့တယ္။ စာေတြကလည္း အဆင္သင့္လုပ္ၿပီးသား။

မ်က္စိအထူးကု ဆရာဝန္ႀကီးကို သူ႔အေျခ အေနေမးေတာ့ ျပန္ေကာင္းႏိုင္ပါတယ္ လို႔ အားေပးတယ္။ စာေမးပြဲက ၂ လပဲ လိုေတာ့တယ္။ ေဒါက္တာ ခင္သစ္ႏွင္းက ဒီစာေမးပြဲ မမီရင္ေတာင္မွ ေနာက္ထပ္ ၆ လေနရင္ ထပ္လုပ္မယ့္ ေနာက္ဆက္တြဲ စာေမးပြဲေတာ့ ေျဖခြင့္ရမွာပဲ လို႔ အားတင္းထားတယ္။ ဒီလိုနဲ႔ စာေမးပြဲေတြက တခုၿပီးတခု က်င္းပသြားတယ္။ သူ႔အေျခအေန ကေတာ့ ထူးမလာေသးဘူး။

မ်က္စိအတြက္ မႏၲေလး၊ ရန္ကုန္ မ်က္စိအထူး ကုေဆး႐ုံႀကီးေတြနဲ႔ ႏိုင္ငံျခားကလာတဲ့ မ်က္စိအထူးကု Orbit ေလယာဥ္ပ်ံႀကီး၊ အက္စစ္စား ခံထားရတဲ့ မ်က္ႏွာနဲ႔ ကိုယ္ခႏၶာ အေရျပားေတြအတြက္ ပလတ္စတစ္ဆာဂ်ရီ လုပ္ဖို႔ ရန္ကုန္ ကန္သာယာနဲ႔ မႏၲေလး ေဆး႐ုံႀကီး၊ မႏၲေလး ကန္ေတာ္နဒီ ေဆး႐ုံေတြကို တက္လိုက္ ဆင္းလိုက္။

“တရက္မွာေတာ့ က်မ မ်က္လုံးအစုံရဲ႕ မ်က္ၾကည္လႊာက ကုရင္းကုရင္းနဲ႔ ပါးၿပီး ေပါက္လုနီးပါး ျဖစ္လာသတဲ့။ က်မကိုေတာ့ မသိေစရဘူး။ က်မကို အညင္သာဆုံးနဲ႔ လႈပ္ရွားမႈ နည္းႏိုင္သမွ်နည္းေအာင္ ထိန္းၿပီး မႏၲေလးကေန ရန္ကုန္ကို ေခၚသြားၾကတယ္”

“က်မ ေၾကာက္မွာ စိုးလို႔ မေျပာၾကဘူး။ က်မ မ်က္လုံးအိမ္ထဲက အရည္ေတြကလည္း စိမ့္ခ်င္ခ်င္တဲ့။ ေလယာဥ္ကြင္း ကို လိုက္ပို႔ေတာ့ ကားထိုင္ခုံကို ပက္လက္ လွန္ေပးထားတယ္။ မ်က္လုံးထဲ က်မ စိတ္အာ႐ုံ မေရာက္ေအာင္လည္း ေလးျဖဴရဲ႕ သီခ်င္း တပုဒ္ကို ဖြင့္ေပးထားတယ္။ “႐ူးခ်င္ေယာင္ ေဆာင္မေနနဲ႔” တဲ့။ က်မ မွတ္မိေနတယ္”

ဒီလို အေျခအေနမ်ိဳးကို ေဒါက္တာ ခင္သစ္ႏွင္း ဘယ္လိုရင္ဆိုင္သလဲ။

“စျဖစ္ေတာ့ ပရိတ္ေတာ္ေတြ ပ႒ာန္းတရားေတာ္ေတြ နာဖို႔ စီစဥ္ေပးၾကတယ္။ ဒါေပမယ့္ အေၾကာင္းအက်ိဳး ေတြလည္း ဘယ္ဆင္ျခင္ႏိုင္ပါ့ မလဲ။ ပူထူေနတာ။ ေဒါက္တာ ဦးစိုးတင့္က ဆရာေတာ္ ဦးေဇာတိကရဲ႕ တရားေခြေတြ ကက္ဆက္ေခြ တဘူး လာေပးတယ္။ “အရႈပ္ထဲမွာ ရွင္းေအာင္ေန” ကို စနာတယ္။ နာလည္းၿပီးေရာ က်မရင္ေတြ ေပါ့ပါးလာတယ္။ ၿပီးေတာ့ “အေပ်ာ္ဆုံးလူ”၊ “ေမတၱာ တရား”။ နာရင္း နာရင္းနဲ႔ ေနတတ္ထိုင္တတ္ ျဖစ္လာတာ။ တရားေတြ နာေတာ့ စိတ္က ဗေလာင္ ဆူရာကေန ေအးခ်မ္းလာတယ္။ ေအးခ်မ္းလာေတာ့ စဥ္းစား ဆင္ျခင္ႏိုင္လာ တယ္”

သူ႔စိတ္ခံစားမႈ အေျပာင္းအလဲကို က်ေနာ္ စိတ္ဝင္စားလို႔ ေသေသခ်ာခ်ာ နားစြင့္ေနပါတယ္။

“ေသခ်င္ေလာက္ေအာင္ စိတ္ညစ္ေပမယ့္ ကိုယ္က ေသလည္း မေသရဲဘူးေလ။ အင္း … ဒါဆိုရင္ေတာ့။ မ်က္စိသာ ျဖစ္ထားတာ၊ အသက္ မေသရင္ လုပ္ႏိုင္တာေတြ အမ်ားႀကီးရွိေသးတယ္။ ဘယ္သူမဆို ဘယ္ေနရာမွာ မဆို အသုံးဝင္ေအာင္ ေနတတ္ရင္ ေနလို႔ရတာပဲ။ မိသားစုမွာလည္း ကိုယ္လုပ္ေပးႏိုင္တာေတြ ရွိတယ္။ ပတ္ဝန္းက်င္ကို လည္း ေစာင့္ေရွာက္လို႔ ရႏိုင္တာေတြ ရွိတယ္။ ဆရာဝန္ ျဖစ္ေနမွ မဟုတ္ဘူး။ အသုံးက်တဲ့ လူတေယာက္ ျဖစ္ေအာင္ လုပ္မယ္ ေပါ့”

ေဒါက္တာ ခင္သစ္ႏွင္းက အမႈိက္သိမ္းေပးတဲ့ သူေတြသာ မရွိရင္ အိမ္တိုင္းမွာ ညစ္ပတ္နံေစာ္ေနမွာ ျဖစ္လို႔ သူတို႔ဟာလည္း လူသားေတြရဲ႕ ေက်းဇူးရွင္ ျဖစ္တယ္ ဆိုတဲ့ သူေရးဖူးတဲ့ “ေက်းဇူးရွင္မေလးမ်ား”အေၾကာင္းကို ျပန္ေျပာျပတယ္။

“လူတိုင္း လူတိုင္းဟာ အသုံးဝင္ေနတာပဲ။ အသုံးတည့္မယ့္ ေထာင့္ကေလး၊ အကြက္ေလးေတာ့ ရွိေနတာပဲ။ အဲဒီ ေနရာကို ကိုယ္က ရွာေဖြႏိုင္ဖို႔ေတာ့ လိုတာေပါ့။ လိုအပ္ေနတာေတြ ရွိေနတာပဲ။ ဆိုက္ကားဆရာ ရွိမွလည္း က်မတို႔ လိုရာကို သြားလို႔ ရတာပဲ”

အသုံးဝင္တဲ့ လူသားတေယာက္ အျဖစ္ သူ႔ ကိုယ္သူ ျပန္လည္ထူမတ္ ရပုံကို ေဒါက္တာ ခင္သစ္ႏွင္းက ျပန္ေျပာျပ တယ္။

“ေဆးခန္း ျပန္ထိုင္မယ္ လို႔ ဒီသူငယ္ခ်င္း (ေဒါက္တာ ခ်ိဳခ်ိဳသန္း) နဲ႔ ၂၀ဝ၀ ဧၿပီမွာ မႏၲေလး ၃၇လမ္း၊ ၈၀-၈၁ ၾကားမွာ ေဆးခန္း ျပန္ဖြင့္တယ္။ သူငယ္ခ်င္း ၄ ေယာက္စုၿပီး “ေအာင္တံခြန္” ေဆးခန္း လို႔ အမည္ေပးတယ္။ ေ႐ြးရင္းေ႐ြးရင္း ဒီနာမည္ ျဖစ္သြားတာ”

ေအာင္တံခြန္ ဆိုတဲ့အမည္နဲ႔ ပတ္သက္ၿပီး ေျပာရင္း ေဒါက္တာခင္သစ္ႏွင္းက ရယ္ပါတယ္။

ဆရာဝန္ အမ်ိဳးသမီးငယ္ ၂ ဦး၊ တဦးက တဦးကို ရက္ရက္စက္စက္ မ်က္ႏွာကို အက္စစ္နဲ႔ ပက္တယ္ ဆိုေတာ့ ဘာအေၾကာင္းရွိလို႔လဲ လို႔ လူေတြက သို႔ေလာသို႔ေလာ ထင္ေၾကးေပးၾကတယ္။

ရည္းစားကိစၥလား ေတြးသူက ေတြးတယ္။ က်ေနာ္ကလည္း ေမးပါတယ္။ ရယ္ေမာရင္း မဟုတ္ပါဘူး။ က်မဘက္က ေတာ့ မဟုတ္ပါဘူး။ သူ႔ဘက္ကေတာ့ မသိဘူး လို႔ ေျပာရင္း ေဒါက္တာ ခင္သစ္ႏွင္းက ရယ္ေနပါတယ္။

အက္စစ္နဲ႔ ပက္သူ ဆရာဝန္မက မုံ႐ြာေဆး႐ုံမွာ ေဒါက္တာ ခင္ေမာင္ရီရဲ႕ လက္ေထာက္ဆရာဝန္ အျဖစ္ တာဝန္ထမ္းေဆာင္ဖူးတယ္။ ဆရာႀကီးက သူ႔လက္ေအာက္က ဝန္ထမ္းေတြကို သားသမီးရင္းခ်ာလို သေဘာထားတယ္။

“ဆရာႀကီး ကေတာ့ ဘယ္သူ႔ကို ျဖစ္ျဖစ္ သမီးလို႔ပဲ ေခၚတာ။ သူ႔စိတ္ထဲမွာ သူ႔ကိုယ္သူ သမီးလို႔ မွတ္သြားပုံ ရတယ္” လို႔ ဆရာႀကီးကေတာ္က ေျပာတယ္။

အထူးကုဆရာဝန္ ျဖစ္ဖို႔ ေဆးတကၠသိုလ္ကို ျပန္တက္ၾကေတာ့ ဆရာႀကီးရဲ႕ တကယ့္သမီးအရင္း၊ သမီးအစစ္ကို ေတြ႕ရတဲ့အခါ သူ႔စိတ္မွာ မနာလိုစိတ္ ထိန္းမႏိုင္သိမ္းမရ ျဖစ္လာၿပီး ရန္ျပဳတာလို႔ မုံ႐ြာ ၿမိဳ႕ခံေတြက ထင္ေၾကး ေပးၾကတယ္။

အမႈအခင္းေတြ ျဖစ္လာၿပီ ဆိုေတာ့ ေဒါက္တာ ခင္သစ္ႏွင္း ဘယ္လို ရင္ဆိုင္ပါသလဲ။

“သက္ဆိုင္ရာက က်မ႐ုံးကို မလာႏိုင္ရင္ အိမ္တိုင္ရာေရာက္ ခုံ႐ုံးဖြဲ႕ေပးမယ္၊ ထြက္ဆိုခ်က္ ေပးပါတဲ့။ ေဖေဖက သမီး မထြက္နဲ႔၊ အစစ္မခံနဲ႔၊ ခုံ႐ုံးဖြဲ႕ မခံနဲ႔တဲ့။ ငါ့သမီး ဝဋ္ေႂကြးေၾကာင့္ ျဖစ္ရတာ ဆိုရင္လည္း ထားလိုက္ေတာ့။ သမီးရဲ႕ ႏႈတ္ထြက္ေၾကာင့္ သူ႔အျပစ္ ပိုႀကီးသြားမယ္၊ ငါ့သမီး သံသရာ ရွည္မယ္ တဲ့။ အကုန္လုံး ရပ္လိုက္ေတာ့ တယ္” လို႔ ေဒါက္တာ ခင္သစ္ႏွင္းက ျပန္ေျပာျပတယ္။



သူ ဘာေၾကာင့္ ခံႏိုင္ရည္ရွိေနတာလဲ။

“က်မ ျပန္စဥ္းစားတယ္။ ငါ ဘာမွားလို႔ သူက ငါ့ကို ဒါေလာက္အထိ လုပ္တာလဲ။ ငါ ဘာမွားသြား တုန္း၊ ဘာမွားသြား တုန္း၊ တခ်က္ခ်င္း စဥ္းစားတယ္။ ဘာမွ သူနဲ႔ စကားကေတာက္ကဆ ဘာမွ မျဖစ္ဖူးဘူး။ ခင္ခင္မင္မင္ ခ်စ္ခ်စ္ခင္ခင္ ရင္းရင္းႏွီးႏွီးလည္း မရွိခဲ့ဘူး။ က်မ မွားတာသာ ရွိခဲ့ရင္ က်မ ဘယ္လိုမွ နာလန္ျပန္ထူဖို႔ မလြယ္ဘူးေနာ္။ ေနာင္တနဲ႔ ပူပန္ ေနရမွာ။ ဒီလိုမွန္း သိရင္ ငါ ဘာမွ မလုပ္ခဲ့ပါဘူးလို႔ ျဖစ္ေနမွာ။ ဘာတခုမွ အမွားမလုပ္ခဲ့တဲ့ အတြက္ ကိုယ့္ကိုယ္ကို ေနရတာ ေပါ့သြားတယ္။ အျပစ္ရွိတယ္ လို႔ မထင္ေတာ့ဘူး”

သူ႔မိဘ၊ သူငယ္ခ်င္းနဲ႔ ပတ္ဝန္းက်င္ အသိုင္းအဝိုင္းကလည္း ေဒါက္တာခင္သစ္ႏွင္းကို စိတ္ဓာတ္ခြန္အားနဲ႔ ေဖးမ ေပးတယ္။ ဖခင္ ကဗ်ာဆရာ ေမာင္စန္းေသာ္က သမီးအတြက္ ကဗ်ာေတြ စာေတြ ေရးေပးတယ္။

ေဒါက္တာခင္သစ္ႏွင္း ကိုယ္တိုင္လည္း စာေတြ ေရးတယ္။ မ်က္စိမျမင္ဘဲ မွန္းသမ္းေရးရတာမို႔ သူေရးထားတဲ့ စာလုံးေတြက ႀကီးတာႀကီး၊ ေသးတာ ေသး၊ မ်ဥ္းေၾကာင္း အေပၚ တက္တာတက္ ေအာက္ ဆင္းတာ ဆင္း၊ မညီမညာပါ။ ဒါေပမယ့္ သူႀကိဳးစား ေရးတယ္။ သူစာေရးရာမွာ ႀကဳံရတဲ့ အခက္အခဲကိုလည္း ေျပာျပေသးတယ္။

“ကိုယ့္လက္နဲ႔ ကိုယ္ ေရးေတာ့ တမ်က္ႏွာ ႏွစ္မ်က္ႏွာေရးၿပီးတဲ့အထိ မင္ကုန္ေနတာ မသိဘူး။ သြားေရာ။ ေရးၿပီးသား မ်က္ႏွာေပၚ ထပ္ကာ ထပ္ကာ ေရးမိျပန္ေတာ့ သြားေရာ။ တခါတေလ စာမ်က္ႏွာအလြတ္ေတြ ေက်ာ္သြားေရာ”

ဒါေပမယ့္ သူ ဇြဲမေလွ်ာ့ဘူး။ စာေတြေရးတယ္။ ေလ့လာဆည္းပူးတယ္။ ေရဒီယို အၿမဲနားေထာင္တယ္။ အဘိဓမၼာ သင္တန္းေတြ တက္တယ္။ “သိခ်င္တတ္ခ်င္ ေနတယ္။ ဒါက ျပန္မတ္လာ ေစတယ္ ထင္တယ္” လို႔ သူက ဆိုတယ္။

ႀကိဳးဝိုင္းမွာ အလဲထိုးခ် ခံခဲ့ရေပမယ့္လည္း သူ႔ကို ခ်စ္သူေတြရဲ႕ အားေပးမႈ၊ သူကိုယ္တိုင္ရဲ႕ ဇြဲသတၱိေတြနဲ႔ ဘဝလမ္းကို ေဒါက္တာ ခင္သစ္ႏွင္း ဆက္လက္ ေလွ်ာက္လွမ္းေနတာ ေတြ႕ရပါတယ္။ ။

ဆရာေက်ာ္ရင္ျမင့္

Post a Comment

Previous Post Next Post