(Unicode)

ရန်ကုန်မြို့တွင်း ပန်းပဲတန်းမြို့နယ်မှာ ဒီနေ့ညနေပိုင်းက ၂ ထပ်တိုက် တစ်လုံးရဲ့ နောက်ဘက်ခြမ်းပြိုကျတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ညနေ ၄ နာရီအချိန်လောက်က ပန်းပဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်း၊ ၂၇ လမ်းနဲ့ လမ်း ၃၀ ကြားက ၃ ခန်းတွဲ ၂ ထပ်တိုက် နောက်ဘက်ပြိုကျခဲ့လို့ ကျောက်တံတားမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီး ထွက်ခွာ ကူညီနေတယ်လို့ ဆိုပါတယ်။



မနေ့ညနေကလည်း အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ဗောဓိလမ်းက နှစ် ၈၀ လောက် သက်တမ်းရှိတဲ့ ၂ ထပ်တိုက်တလုံး ပြိုကျခဲ့ပါတယ်။စမ်းချောင်းမြို့နယ်၊ နန္ဒဝန်လမ်းမှာလည်း မေ ၃၀ ရက် ညပိုင်းက ၄ ထပ်တိုက်တလုံးရဲ့ မျက်နှာစာပြိုကျခဲ့ပါသေးတယ်။



ဒါ့အပြင် မေ ၂၁ ရက် မနက် အစောပိုင်းကလည်း တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ ဦးလွန်းလမ်းမှာ ၄ ထပ်တိုက်တလုံးပြိုကျခဲ့ပြီး လူတချို့ ဒဏ်ရာရခဲ့ပါတယ်။

ဒီဗွီဘီ

(Zawgyi)

ရန္ကုန္ၿမိဳ႕တြင္း ပန္းပဲတန္းၿမိဳ႕နယ္မွာ ဒီေန႔ညေနပိုင္းက ၂ ထပ္တိုက္ တစ္လုံးရဲ႕ ေနာက္ဘက္ျခမ္းၿပိဳက်တယ္လို႔ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕က ထုတ္ျပန္ပါတယ္။ညေန ၄ နာရီအခ်ိန္ေလာက္က ပန္းပဲတန္းၿမိဳ႕နယ္၊ မဟာဗႏၶဳလလမ္း၊ ၂၇ လမ္းနဲ႔ လမ္း ၃၀ ၾကားက ၃ ခန္းတြဲ ၂ ထပ္တိုက္ ေနာက္ဘက္ၿပိဳက်ခဲ့လို႔ ေက်ာက္တံတားၿမိဳ႕နယ္မီးသတ္စခန္းက မီးသတ္ယာဥ္ ၁ စီး ထြက္ခြာ ကူညီေနတယ္လို႔ ဆိုပါတယ္။


မေန႔ညေနကလည္း အင္းစိန္ၿမိဳ႕နယ္၊ ပိႏၷဲကုန္းရပ္ကြက္၊ ေဗာဓိလမ္းက ႏွစ္ ၈၀ ေလာက္ သက္တမ္းရွိတဲ့ ၂ ထပ္တိုက္တလုံး ၿပိဳက်ခဲ့ပါတယ္။စမ္းေခ်ာင္းၿမိဳ႕နယ္၊ နႏၵဝန္လမ္းမွာလည္း ေမ ၃၀ ရက္ ညပိုင္းက ၄ ထပ္တိုက္တလုံးရဲ႕ မ်က္ႏွာစာၿပိဳက်ခဲ့ပါေသးတယ္။


ဒါ့အျပင္ ေမ ၂၁ ရက္ မနက္ အေစာပိုင္းကလည္း တာေမြၿမိဳ႕နယ္၊ အ႐ိုးကုန္းရပ္ကြက္၊ ဦးလြန္းလမ္းမွာ ၄ ထပ္တိုက္တလုံးၿပိဳက်ခဲ့ၿပီး လူတခ်ိဳ႕ ဒဏ္ရာရခဲ့ပါတယ္။

ဒီဗီြဘီ




Post a Comment

Previous Post Next Post