(Unicode)

အိန္ဒိ ယနိုင်ငံမှာ သင်တန်းတက်ပြီး မေ ၂၄ ရက်က ပြန်လာတဲ့ တပ်မတော်သားတွေထဲကနေ နောက်ထပ် တပ်မတော်သားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိရတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဒီကနေ့ ဇွန် ၉ ရက်မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ဒီတစ်ဦးနဲ့ဆိုရင် အိန္ဒိယပြန်တွေထဲကနေ ရောဂါပိုးတွေ့တဲ့ တပ်မတော်သား ငါးဦးထိ ရှိလာပါပြီ။

မေ ၂၄ ရက်က မြန်မာအမျိုးသားလေကြောင်းလိုင်းနဲ့ ပြန်လာတဲ့ တပ်မတော်သား ၁၈ ဦးကို ကိုဗစ်ရှိမရှိ နှစ်ကြိမ်စစ်ဆေးခဲ့တဲ့အခါ ဒုတိယအကြိမ်မှာ ကိုဗစ်ပိုးတွေ့သူ လေးဦး ရှိခဲ့တဲ့အတွက် သူတို့ကို မင်္ဂလာဒုံဆေးရုံမှာ ကုသပေးခဲ့ပါတယ်။ သူတို့နဲ့ ထိတွေ့မှုရှိသူတွေကိုလည်း ကွာရန်တင်းထားရှိပြီး လိုအပ်တဲ့ရောဂါရှာဖွေဖော်ထုတ်မှုတွေလုပ်ခဲ့ပါတယ်။ အဲဒီလို အသွားအလာကန့်သတ်ပြီးကွာရန်တင်းထားတဲ့အထဲက ဇွန် ၈ ရက်မှာ တပ်မတော်ခုတင်တစ်ထောင်ဆေးရုံမင်္ဂလာဒုံမှာ တတိယအကြိမ်ဆေးစစ်ခဲ့တဲ့အခါ အရာရှိတစ်ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။




အတည်ပြုလူနာကို တပ်မတော် အသည်းရောဂါအထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)ကို ပို့ဆောင်ကုသပေးထားကြောင်းနဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်ကောင်းမွန်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဇွန်လ ၉ ရက်မနက်ပိုင်းထုတ်ပြန်ချက်မှာ ကိုဗစ်အတည်ပြုလူနာသစ်ထပ်မတွေ့ရဘူးလို့ဖော်ပြထားပါတယ်။ လက်ရှိမှာ မြန်မာက ကိုဗစ်အတည်ပြုလူနာ ၂၄၄ ဦးရှိထားပြီး နောက်ဆုံးတွေ့ရှိထားတဲ့ လူနာနံပါတ် ၂၄၃ နဲ့ ၂၄၄ တို့ဟာ အီတလီနဲ့ ဘင်္ဂလားဒေ့ရှ်က ပြန်လာသူတွေဖြစ်ပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီမနက် ၈ နာရီ သတင်းထုတ်ပြန်ချက်မှာ မနေ့က ဇွန် ၈ရက်မှာ ရန်ကုန်က ဓာတ်ခွဲခန်းနှစ်ခု၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ က ဓာတ်ခွဲခန်း၊ မန္တလေးက ဓာတ်ခွဲခန်းတို့မှာ ဓာတ်ခွဲနမူနာပေါင်း ၁၅၅၆ ခုကို စစ်ဆေးခဲ့ပြီး အတည်ပြုလူနာသစ်မတွေ့ရှိရဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် အခုထပ်တွေ့တဲ့တပ်မတော်သားတစ်ဦးဟာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါဝင်ခြင်းမရှိသေးတဲ့အတွက် လူနာနံပါတ်ကို လတ်တလောမှာတော့ မသိရှိရသေးပါဘူး။

ဘီဘီစီ


(Zawgyi)


အိႏၵိ ယႏိုင္ငံမွာ သင္တန္းတက္ၿပီး ေမ ၂၄ ရက္က ျပန္လာတဲ့ တပ္မေတာ္သားေတြထဲကေန ေနာက္ထပ္ တပ္မေတာ္သားတစ္ဦးမွာ ကိုဗစ္-၁၉ ေရာဂါေတြ႕ရွိရတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာက ဒီကေန႔ ဇြန္ ၉ ရက္မြန္းလြဲပိုင္းမွာ သတင္းထုတ္ျပန္ပါတယ္။ ဒီတစ္ဦးနဲ႔ဆိုရင္ အိႏၵိယျပန္ေတြထဲကေန ေရာဂါပိုးေတြ႕တဲ့ တပ္မေတာ္သား ငါးဦးထိ ရွိလာပါၿပီ။

ေမ ၂၄ ရက္က ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းနဲ႔ ျပန္လာတဲ့ တပ္မေတာ္သား ၁၈ ဦးကို ကိုဗစ္ရွိမရွိ ႏွစ္ႀကိမ္စစ္ေဆးခဲ့တဲ့အခါ ဒုတိယအႀကိမ္မွာ ကိုဗစ္ပိုးေတြ႕သူ ေလးဦး ရွိခဲ့တဲ့အတြက္ သူတို႔ကို မဂၤလာဒုံေဆး႐ုံမွာ ကုသေပးခဲ့ပါတယ္။ သူတို႔နဲ႔ ထိေတြ႕မႈရွိသူေတြကိုလည္း ကြာရန္တင္းထားရွိၿပီး လိုအပ္တဲ့ေရာဂါရွာေဖြေဖာ္ထုတ္မႈေတြလုပ္ခဲ့ပါတယ္။ အဲဒီလို အသြားအလာကန႔္သတ္ၿပီးကြာရန္တင္းထားတဲ့အထဲက ဇြန္ ၈ ရက္မွာ တပ္မေတာ္ခုတင္တစ္ေထာင္ေဆး႐ုံမဂၤလာဒုံမွာ တတိယအႀကိမ္ေဆးစစ္ခဲ့တဲ့အခါ အရာရွိတစ္ဦးမွာ ကိုဗစ္ေရာဂါပိုးေတြ႕ရတယ္လို႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။



အတည္ျပဳလူနာကို တပ္မေတာ္ အသည္းေရာဂါအထူးကုေဆး႐ုံႀကီး(မဂၤလာဒုံ)ကို ပို႔ေဆာင္ကုသေပးထားေၾကာင္းနဲ႔ က်န္းမာေရးအေျခအေန တည္ၿငိမ္ေကာင္းမြန္တယ္လို႔ ဆိုပါတယ္။ ျမန္မာႏိုင္ငံမွာ ဇြန္လ ၉ ရက္မနက္ပိုင္းထုတ္ျပန္ခ်က္မွာ ကိုဗစ္အတည္ျပဳလူနာသစ္ထပ္မေတြ႕ရဘူးလို႔ေဖာ္ျပထားပါတယ္။ လက္ရွိမွာ ျမန္မာက ကိုဗစ္အတည္ျပဳလူနာ ၂၄၄ ဦးရွိထားၿပီး ေနာက္ဆုံးေတြ႕ရွိထားတဲ့ လူနာနံပါတ္ ၂၄၃ နဲ႔ ၂၄၄ တို႔ဟာ အီတလီနဲ႔ ဘဂၤလားေဒ့ရွ္က ျပန္လာသူေတြျဖစ္ပါတယ္။

က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ဒီမနက္ ၈ နာရီ သတင္းထုတ္ျပန္ခ်က္မွာ မေန႔က ဇြန္ ၈ရက္မွာ ရန္ကုန္က ဓာတ္ခြဲခန္းႏွစ္ခု၊ အမွတ္(၁) တပ္မေတာ္ေဆး႐ုံႀကီး ခုတင္ ၁၀၀၀ က ဓာတ္ခြဲခန္း၊ မႏၲေလးက ဓာတ္ခြဲခန္းတို႔မွာ ဓာတ္ခြဲနမူနာေပါင္း ၁၅၅၆ ခုကို စစ္ေဆးခဲ့ၿပီး အတည္ျပဳလူနာသစ္မေတြ႕ရွိရဘူးလို႔ ထုတ္ျပန္ထားပါတယ္။ ဒါေၾကာင့္ အခုထပ္ေတြ႕တဲ့တပ္မေတာ္သားတစ္ဦးဟာ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ပါဝင္ျခင္းမရွိေသးတဲ့အတြက္ လူနာနံပါတ္ကို လတ္တေလာမွာေတာ့ မသိရွိရေသးပါဘူး။

ဘီဘီစီ

Post a Comment

Previous Post Next Post