(Unicode)

ဇွန်လ ၃ ရက် ညနေ ၅ နာရီဝန်းကျင်က တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာရှိတဲ့ မြိတ်လေတပ်စခန်းဌာနချုပ် အမှတ် (၇၂) လေယာဉ်အုပ်စုက ကျင်းပတဲ့ ဌာနချုပ်မှူးဒိုင်း တပ်တွင်းဖူဆယ် ဘောလုံးပြိုင်ပွဲမှာ မိုးကြိုးပစ်လို့ လူ (၅) ဦး သေဆုံးပြီး တချို့ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်စခန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

                         

သေဆုံးသွားသူတွေဟာ တပ်မိသားစုဝင်အမျိုးသမီး ၄ ဦးနဲ့ ကလေးငယ် ၁ ဦးဖြစ်ပြီး ဒဏ်ရာရရှိသူတွေကိုတော့ မြိတ်မြို့နယ်မှာရှိတဲ့ အမှတ် (၅) တပ်မတော်စစ်ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

မြိတ်လေတပ်စခန်းဧရိယာအတွင်း ဘောလုံးကန်နေတာကို ကြည့်ရှုနေစဉ် မိုးကြိုးထိမှန်စဉ်ပြီး ၅ ဦးသေဆုံးကာ ၇ ဦး မိုးကြိုးစက်ကွင်းမိဒဏ်ရာခဲ့တယ်လို့ လူမှုကွန်ယက်တွေမှာ ဖော်ပြနေကြပါတယ်။

ဆေးရုံတက်ရောက်ကုသနေတဲ့ ကာယကံရှင် မိသားစုဝင် တစ်ဦးကတော့ မိုးကြိုးစက်ကွင်းမိလို့ ဒဏ်ရာရရှိသူတွေ တပ်မတော် စစ်ဆေးရုံမှာတွေ့နေရပြီး လိုက်လံရေတွက်ရာမှာတော့ ၁၀ ဦးထက်မနည်း ရှိတယ်လို့ ပြောပါတယ်။ ကနဦးသတင်းများအရ ၎င်းတို့ဟာ လေတပ်စခန်းမှာ Quarantine ဝင်နေသူတွေလို့သိရပါတယ်။


မိုးကြိုဝင်ကာစ အချိန်ကာလတွေမှာ အခုလို မိုးကြိုးပစ်တဲ့ အန္တရာယ်ဖြစ်ပေါ်လေ့ရှိတတ်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောကြားထားပါတယ်။

ဒီဗွီဘီ

(Zawgyi)

ဇြန္လ ၃ ရက္ ညေန ၅ နာရီဝန္းက်င္က တနသၤာရီတိုင္း ၿမိတ္ၿမိဳ႕နယ္မွာရွိတဲ့ ၿမိတ္ေလတပ္စခန္းဌာနခ်ဳပ္ အမွတ္ (၇၂) ေလယာဥ္အုပ္စုက က်င္းပတဲ့ ဌာနခ်ဳပ္မႉးဒိုင္း တပ္တြင္းဖူဆယ္ ေဘာလုံးၿပိဳင္ပြဲမွာ မိုးႀကိဳးပစ္လို႔ လူ (၅) ဦး ေသဆုံးၿပီး တခ်ိဳ႕ဒဏ္ရာရရွိခဲ့တယ္လို႔ အဆိုပါတပ္စခန္းနဲ႔ နီးစပ္သူေတြက ေျပာပါတယ္။


ေသဆုံးသြားသူေတြဟာ တပ္မိသားစုဝင္အမ်ိဳးသမီး ၄ ဦးနဲ႔ ကေလးငယ္ ၁ ဦးျဖစ္ၿပီး ဒဏ္ရာရရွိသူေတြကိုေတာ့ ၿမိတ္ၿမိဳ႕နယ္မွာရွိတဲ့ အမွတ္ (၅) တပ္မေတာ္စစ္ေဆး႐ုံမွာ ေဆးကုသေပးေနတယ္လို႔ သိရပါတယ္။

ၿမိတ္ေလတပ္စခန္းဧရိယာအတြင္း ေဘာလုံးကန္ေနတာကို ၾကည့္ရႈေနစဥ္ မိုးႀကိဳးထိမွန္စဥ္ၿပီး ၅ ဦးေသဆုံးကာ ၇ ဦး မိုးႀကိဳးစက္ကြင္းမိဒဏ္ရာခဲ့တယ္လို႔ လူမႈကြန္ယက္​ေတြမွာ ေဖာ္ျပေနၾကပါတယ္။

ေဆး႐ုံတက္ေရာက္ကုသေနတဲ့ ကာယကံရွင္ မိသားစုဝင္ တစ္ဦးကေတာ့ မိုးႀကိဳးစက္ကြင္းမိလို႔ ဒဏ္ရာရရွိသူေတြ တပ္မေတာ္ စစ္ေဆး႐ုံမွာေတြ႕ေနရၿပီး လိုက္လံေရတြက္ရာမွာေတာ့ ၁၀ ဦးထက္မနည္း ရွိတယ္လို႕ ေျပာပါတယ္။ ကနဦးသတင္းမ်ားအရ ၄င္းတို႔ဟာ ေလတပ္စခန္းမွာ Quarantine ဝင္ေနသူေတြလို႔သိရပါတယ္။


မိုးႀကိဳဝင္ကာစ အခ်ိန္ကာလေတြမွာ အခုလို မိုးႀကိဳးပစ္တဲ့ အႏၲရာယ္ျဖစ္ေပၚေလ့ရွိတတ္တယ္လို႔ မိုးေလဝသ ပညာရွင္ေတြက ေျပာၾကားထားပါတယ္။

ဒီဗီြဘီ

Post a Comment

Previous Post Next Post