(Unicode)

မန္တလေးမြို့မှ အခြားတိုင်းနှင့် ပြည်နယ်များသို့ ခရီးသည်ပို့ဆောင်ရေး ယာဉ်ရပ်နားစခန်း ၅ ခုမှ အဝေးပြေး ယာဉ်လိုင်းများ ဇွန် ၁ ရက်နေ့မှ စတင်ပြေးဆွဲခွင့်ရပြီဖြစ်သော်လည်း ကျန်းမာရေးလမ်းညွှန်ချက်များ ပြည့်စုံစွာ ဆောင်ရွက်ထား ခြင်းမရှိပါက ပြေးဆွဲခွင့်ပြုမည်မဟုတ်ကြောင်း မန္တလေးတိုင်းယာဉ်လုပ်ငန်းများကြီးကြပ်မှု ကော်မတီ(အဝေးပြေး) ဥက္ကဌ ဦးအောင် ကျော်လင်းကပြောသည်။



အဝေးပြေးယာဉ်လိုင်းများအား မန္တလေးတိုင်းအစိုးရအဖွဲ့က ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း ပြည်စုံစွာ ဆောင်ရွက်၍ ယာဉ်လိုင်းများ ထွက်ခွာပြေးဆွဲခွင့်ကို မေ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။



“ခွင့်ပြုချက် မထွက်မီကတည်းက ယာဉ်အသင်းတွေကို ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေအတိုင်း ပြင်ဆင် ဆောင်ရွက်ထားဖို့နဲ့ ဗီနိုင်းတွေ ဖြန့်ဝေပေးခဲ့တယ်။ ဖွင့်ခွင့်ရတဲ့အချိန် ပြေးဆွဲလို့ရအောင်လို့ပါ။ ဒါပေမယ့် ဒီနေ့ လိုက်စစ်တော့ တချို့က ပြည့်စုံတာမရှိဘူး။ မပြည့်စုံရင် ယာဉ်လိုင်းပြေးဆွဲခွင့်မပြုပါဘူး။ ကိုဗစ် ဖြစ်ကတည်းက ကျန်းမာရေးညွှန်ကြားချက်တွေ လိုက်နာဖို့လည်း ပြောခဲ့ပြီးသားပါ”ဟု ၎င်းကပြောသည်။


ယာဉ်လိုင်းများ ပြေးဆွဲခွင့်ပြုသည့် တိုင်းအစိုးရထံမှ အကြောင်းကြားစာ မရရှိမီကတည်းက ပြင်ဆင်ဆောင်ရွက်ကြရန် အသိပေးခဲ့သော်လည်း ယာဉ်အသင်းအချို့မှာ ပြည့်စုံမှုမရှိသည်ကိုတွေ့ရသဖြင့် အမြန်ဆုံး ဆောင်ရွက်စေခဲ့ပြီး စည်းကမ်းအတိုင်း လိုက်နာမှသာ ပြေးဆွဲခွင့်ပြုမည်ဖြစ်သည်ဟုသိရသည်။



“ယာဉ်လိုင်းအားလုံးက ကားလက်မှတ်တွေ ရောင်းနေကြပါပြီ။ တချို့ မသိကြသေးတာရှိမယ်။ လမ်းညွှန်ချက် တွေအတိုင်း လုပ်ထားတာပါ။ တစ်ဦးကို ခုံ ၂ ခုံဝယ်ရမှာကြောင့် ပုံမှန်ထက် လျှော့ရောင်းတယ်။၂ခုံကို ၂၄၀၀၀ ကျသင့်ပေမယ့် ၉၀၀၀ လျှော့ပြီး ၁၅၀၀၀ ကျပ်နဲ့ ရောင်းတယ်”ဟု မန်းရာဇာယာဉ်အသင်းမှ ဦးမြင့်တင်က ပြောသည်။



အဝေးယာဉ်လိုင်းများ ပြေးဆွဲရာတွင် ခရီးသွားများ တစ်ဦးလျှင် ခုံနေရာ ၂ ခုဝယ်ယူစီးနင်းရမည်ဖြစ် သော်လည်း ယာဉ်အသင်းများမှ ခရီးသွားများ သက်သက်စေရန် လက်မှတ်ခနုန်းထားများကို လျှော့ချ ရောင်းပေးနေပြီး ကျန်းမာရေး လမ်းညွှန်ချက်များနှင့် ပြည့်စုံသည့် ယာဉ်အသင်းများ ဇွန် ၁ ရက်မှ စတင်၍ ပုံမှန် အတိုင်း ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။



မန္တလေးတွင် အဝေးပြေးကားကွင်း ၅ ခုရှိရာ ချမ်းမြရွှေပြည်(ကျွဲဆည်ကန်)ကားကွင်းမှ နေပြည်တော်၊ရန်ကုန် ၊မော်လမြိုင်၊ မကွေး၊ စစ်တွေ စသည့် ဒေသများသို့ လည်းကောင်း၊ သီရိမန္တလာ ကားဝင်းမှ မုံရွာ၊ရွေဘို၊ ပခုက္ကူ၊ ဗန်းမော်၊ ကသာ၊ မိုးကုတ်စသည့် ဒေသများသို့ လည်းကောင်း၊ပြည်ကြီးမျက်ရှင်ကားဝင်းမှ ကချင်ပြည်နယ် သို့လည်းကောင်း၊ ဒါနဘွားကားဝင်းမှ ရှမ်းပြည်နယ်သို့လည်းကောင်း၊ မဟာအောင်မြေကားဝင်းမှ ပြင်ဦးလွင်နှင့် အခြားဒေသများသို့ လည်းကောင်း ပြေးဆွဲခြင်း ဖြစ်သည်။

မြန်မာတိုင်းမ်

(Zawgyi)

မႏၲေလးၿမိဳ႕မွ အျခားတိုင္းႏွင့္ ျပည္နယ္မ်ားသို႔ ခရီးသည္ပို႔ေဆာင္ေရး ယာဥ္ရပ္နားစခန္း ၅ ခုမွ အေဝးေျပး ယာဥ္လိုင္းမ်ား ဇြန္ ၁ ရက္ေန႔မွ စတင္ေျပးဆြဲခြင့္ရၿပီျဖစ္ေသာ္လည္း က်န္းမာေရးလမ္းၫႊန္ခ်က္မ်ား ျပည့္စုံစြာ ေဆာင္႐ြက္ထား ျခင္းမရွိပါက ေျပးဆြဲခြင့္ျပဳမည္မဟုတ္ေၾကာင္း မႏၲေလးတိုင္းယာဥ္လုပ္ငန္းမ်ားႀကီးၾကပ္မႈ ေကာ္မတီ(အေဝးေျပး) ဥကၠဌ ဦးေအာင္ ေက်ာ္လင္းကေျပာသည္။


အေဝးေျပးယာဥ္လိုင္းမ်ားအား မႏၲေလးတိုင္းအစိုးရအဖြဲ႕က က်န္းမာေရးလမ္းၫႊန္ခ်က္မ်ားအတိုင္း ျပည္စုံစြာ ေဆာင္႐ြက္၍ ယာဥ္လိုင္းမ်ား ထြက္ခြာေျပးဆြဲခြင့္ကို ေမ ၃၀ ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။


“ခြင့္ျပဳခ်က္ မထြက္မီကတည္းက ယာဥ္အသင္းေတြကို က်န္းမာေရးဆိုင္ရာ လမ္းၫႊန္ခ်က္ေတြအတိုင္း ျပင္ဆင္ ေဆာင္႐ြက္ထားဖို႔နဲ႔ ဗီႏိုင္းေတြ ျဖန႔္ေဝေပးခဲ့တယ္။ ဖြင့္ခြင့္ရတဲ့အခ်ိန္ ေျပးဆြဲလို႔ရေအာင္လို႔ပါ။ ဒါေပမယ့္ ဒီေန႔ လိုက္စစ္ေတာ့ တခ်ိဳ႕က ျပည့္စုံတာမရွိဘူး။ မျပည့္စုံရင္ ယာဥ္လိုင္းေျပးဆြဲခြင့္မျပဳပါဘူး။ ကိုဗစ္ ျဖစ္ကတည္းက က်န္းမာေရးၫႊန္ၾကားခ်က္ေတြ လိုက္နာဖို႔လည္း ေျပာခဲ့ၿပီးသားပါ”ဟု ၎ကေျပာသည္။


ယာဥ္လိုင္းမ်ား ေျပးဆြဲခြင့္ျပဳသည့္ တိုင္းအစိုးရထံမွ အေၾကာင္းၾကားစာ မရရွိမီကတည္းက ျပင္ဆင္ေဆာင္႐ြက္ၾကရန္ အသိေပးခဲ့ေသာ္လည္း ယာဥ္အသင္းအခ်ိဳ႕မွာ ျပည့္စုံမႈမရွိသည္ကိုေတြ႕ရသျဖင့္ အျမန္ဆုံး ေဆာင္႐ြက္ေစခဲ့ၿပီး စည္းကမ္းအတိုင္း လိုက္နာမွသာ ေျပးဆြဲခြင့္ျပဳမည္ျဖစ္သည္ဟုသိရသည္။


“ယာဥ္လိုင္းအားလုံးက ကားလက္မွတ္ေတြ ေရာင္းေနၾကပါၿပီ။ တခ်ိဳ႕ မသိၾကေသးတာရွိမယ္။ လမ္းၫႊန္ခ်က္ ေတြအတိုင္း လုပ္ထားတာပါ။ တစ္ဦးကို ခုံ ၂ ခုံဝယ္ရမွာေၾကာင့္ ပုံမွန္ထက္ ေလွ်ာ့ေရာင္းတယ္။၂ခုံကို ၂၄၀၀၀ က်သင့္ေပမယ့္ ၉၀၀၀ ေလွ်ာ့ၿပီး ၁၅၀၀၀ က်ပ္နဲ႔ ေရာင္းတယ္”ဟု မန္းရာဇာယာဥ္အသင္းမွ ဦးျမင့္တင္က ေျပာသည္။


အေဝးယာဥ္လိုင္းမ်ား ေျပးဆြဲရာတြင္ ခရီးသြားမ်ား တစ္ဦးလွ်င္ ခုံေနရာ ၂ ခုဝယ္ယူစီးနင္းရမည္ျဖစ္ ေသာ္လည္း ယာဥ္အသင္းမ်ားမွ ခရီးသြားမ်ား သက္သက္ေစရန္ လက္မွတ္ခႏုန္းထားမ်ားကို ေလွ်ာ့ခ် ေရာင္းေပးေနၿပီး က်န္းမာေရး လမ္းၫႊန္ခ်က္မ်ားႏွင့္ ျပည့္စုံသည့္ ယာဥ္အသင္းမ်ား ဇြန္ ၁ ရက္မွ စတင္၍ ပုံမွန္ အတိုင္း ေျပးဆြဲေနၿပီျဖစ္ေၾကာင္း သိရသည္။


မႏၲေလးတြင္ အေဝးေျပးကားကြင္း ၅ ခုရွိရာ ခ်မ္းျမေ႐ႊျပည္(ကြၽဲဆည္ကန္)ကားကြင္းမွ ေနျပည္ေတာ္၊ရန္ကုန္ ၊ေမာ္လၿမိဳင္၊ မေကြး၊ စစ္ေတြ စသည့္ ေဒသမ်ားသို႔ လည္းေကာင္း၊ သီရိမႏၲလာ ကားဝင္းမွ မုံ႐ြာ၊ေ႐ြဘို၊ ပခုကၠဴ၊ ဗန္းေမာ္၊ ကသာ၊ မိုးကုတ္စသည့္ ေဒသမ်ားသို႔ လည္းေကာင္း၊ျပည္ႀကီးမ်က္ရွင္ကားဝင္းမွ ကခ်င္ျပည္နယ္ သို႔လည္းေကာင္း၊ ဒါနဘြားကားဝင္းမွ ရွမ္းျပည္နယ္သို႔လည္းေကာင္း၊ မဟာေအာင္ေျမကားဝင္းမွ ျပင္ဦးလြင္ႏွင့္ အျခားေဒသမ်ားသို႔ လည္းေကာင္း ေျပးဆြဲျခင္း ျဖစ္သည္။

ျမန္မာတိုင္းမ္

Post a Comment

Previous Post Next Post