(Unicode)

အင်ဒိုနီးရှားနိုင်ငံတွင် ကလေး ငယ် ရာ နဲ့ချီဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု နဲ့ ဆက်နွယ်ပြီး သေဆုံးနေ တယ် လို့ သိရ ပါတယ် ။ ကျွမ်းကျင် သူတွေ ရဲ့ ပြောကြားချက် အရ အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှ မှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကလေးငယ် သေဆုံးမှု အများဆုံး နိုင်ငံဖြစ်နေပြီး လူငယ်တွေ အတွက် အန္တရာယ်ဖြစ်နေ တယ် လို့ သိရ ပါ တယ် ။




သက်ကြီးရွယ်အိုတွေမှာသာ အများဆုံးသေဆုံး တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ကလေးငယ်တွေ သေဆုံးရ တဲ့ အကြောင်းရင်းဟာ အာဟာရချို့တဲ့ခြင်း၊ သွေးအားနည်းခြင်းနဲ့ ကလေးငယ်တွေအတွက် ကျန်းမာရေးဆေးခန်းတွေ မလုံလောက်ခြင်းကြောင့် ဖြစ်တယ်လို့ နိုင်ငံရဲ့ ကလေးအထူးကုများနဲ့ ကျန်းမာရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ Achmad Yuriamto က ကလေးငယ်တွေရဲ့ အစာအာဟာရ ချို့တဲ့ခြင်းကို အရင်တိုက်ထုတ်ရမှာဖြစ်ကြောင်း၊ အစာအာဟာရ ချို့တဲ့ပြီး သွေးအားနည်းနေတဲ့ ကလေးငယ်တွေဟာ ငလျင်လှုပ်ပြီးနောက် ပြိုကျသွားတဲ့ အဆောက်အအုံ တွေလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေ မြင့်မားကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။



အင်ဒိုနီးရှားနိုင်ငံ မှာ ပြီးခဲ့တဲ့ မတ်လကစပြီး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိခဲ့ကာ လူပေါင်း ၂၀၀၀ နီးပါးသေဆုံးခဲ့ပြီး အရှေ့တောင်အာရှမှာ ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးနို င်ငံဖြစ် လာခဲ့ ပါ တယ် ။ အသက် ၁၈ နှစ် အောက် လူငယ် ၇၂၅ ဦး ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး ၂၈ ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၂၂ ရက်နေ့ ထုတ်ပြန်ချက် အရ သိရ ပါတယ် ။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ကလေးငယ် ၇၁၅၂ ဦး အထိ ရှိနေပြီး ၃၈၀ ဦး သေဆုံးခဲ့ကြောင်း မှတ်တမ်းရှိခဲ့ပေ မယ့် စစ်ဆေးမှု မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထား ရတယ်လို့ အတည်ပြုခြင်း မရှိဘူးလို့ သိရ ပါ တယ်။

cna.com

(Zawgyi)

အင္ဒိုနီးရွားႏိုင္ငံတြင္ ကေလး ငယ္ ရာ နဲ႔ခ်ီဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ နဲ႔ ဆက္ႏြယ္ၿပီး ေသဆုံးေန တယ္ လို႔ သိရ ပါတယ္ ။ ကြၽမ္းက်င္ သူေတြ ရဲ႕ ေျပာၾကားခ်က္ အရ အင္ဒိုနီးရွားႏိုင္ငံဟာ အေရွ႕ေတာင္အာရွ မွာ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ကေလးငယ္ ေသဆုံးမႈ အမ်ားဆုံး ႏိုင္ငံျဖစ္ေနၿပီး လူငယ္ေတြ အတြက္ အႏၲရာယ္ျဖစ္ေန တယ္ လို႔ သိရ ပါ တယ္ ။



သက္ႀကီး႐ြယ္အိုေတြမွာသာ အမ်ားဆုံးေသဆုံး တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါေၾကာင့္ ကေလးငယ္ေတြ ေသဆုံးရ တဲ့ အေၾကာင္းရင္းဟာ အာဟာရခ်ိဳ႕တဲ့ျခင္း၊ ေသြးအားနည္းျခင္းနဲ႔ ကေလးငယ္ေတြအတြက္ က်န္းမာေရးေဆးခန္းေတြ မလုံေလာက္ျခင္းေၾကာင့္ ျဖစ္တယ္လို႔ ႏိုင္ငံရဲ႕ ကေလးအထူးကုမ်ားနဲ႔ က်န္းမာေရးကြၽမ္းက်င္သူေတြက ဆိုပါတယ္။ က်န္းမာေရးဝန္ႀကီးဌာန အႀကီးတန္းအရာရွိ Achmad Yuriamto က ကေလးငယ္ေတြရဲ႕ အစာအာဟာရ ခ်ိဳ႕တဲ့ျခင္းကို အရင္တိုက္ထုတ္ရမွာျဖစ္ေၾကာင္း၊ အစာအာဟာရ ခ်ိဳ႕တဲ့ၿပီး ေသြးအားနည္းေနတဲ့ ကေလးငယ္ေတြဟာ ငလ်င္လႈပ္ၿပီးေနာက္ ၿပိဳက်သြားတဲ့ အေဆာက္အအုံ ေတြလို ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရႏိုင္ေျခ ျမင့္မားေၾကာင္း ႐ိုက္တာသတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။



အင္ဒိုနီးရွားႏိုင္ငံ မွာ ၿပီးခဲ့တဲ့ မတ္လကစၿပီး ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈေတြ ရွိခဲ့ကာ လူေပါင္း ၂၀၀၀ နီးပါးေသဆုံးခဲ့ၿပီး အေရွ႕ေတာင္အာရွမွာ ဗိုင္းရပ္စ္ကူးစက္မႈ အမ်ားဆုံးႏို င္ငံျဖစ္ လာခဲ့ ပါ တယ္ ။ အသက္ ၁၈ ႏွစ္ ေအာက္ လူငယ္ ၇၂၅ ဦး ဗိုင္းရပ္စ္ကူးစက္ခံခဲ့ရၿပီး ၂၈ ဦး ေသဆုံးခဲ့တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ေမ ၂၂ ရက္ေန႔ ထုတ္ျပန္ခ်က္ အရ သိရ ပါတယ္ ။ ဒါ့အျပင္ ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာ ကေလးငယ္ ၇၁၅၂ ဦး အထိ ရွိေနၿပီး ၃၈၀ ဦး ေသဆုံးခဲ့ေၾကာင္း မွတ္တမ္းရွိခဲ့ေပ မယ့္ စစ္ေဆးမႈ မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထား ရတယ္လို႔ အတည္ျပဳျခင္း မရွိဘူးလို႔ သိရ ပါ တယ္။

cna.com

Post a Comment

Previous Post Next Post