(Unicode)

ကိုဗစ်-၁၉ ကပ်ဘေးကာလ ဧရာဝတီတိုင်းမှာ ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် အမိန့်မလိုက်နာသူ အမျိုးသမီး ၁၃ ဦးအပါအဝင် လူပေါင်း ၅၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာ ညမထွက်ရအမိန့်တွေကို မြို့နယ်အုပ်ချုပ်ရေးတွေက ဧပြီ ၁၈ ရက်က စတင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဇွန် ၂ ရက်နေ့အထိ အမိန့်မလိုက်နာသူပေါင်း ၅၀၅ ဦးကို မြို့နယ်တရားရုံးတွေက ထောင်ဒဏ် ၁ လနဲ့ ထောင် ၂ လ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။



ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက “ညမထွက်ရအမိန့် ချိုးဖောက်သူ ၅၀၅ ဦး ရှိခဲ့ပါတယ်။ ဒီထဲမှာ အမျိုးသမီး ၁၃ ဦးပါဝင်လာတယ်။ သူတို့ကို သက်ဆိုင်ရာမြို့နယ်တရားရုံးများက ပုဒ်မ ၁၈၈ အရ ထောင်ဒဏ်တွေ အပြစ်ပေးချမှတ်ခဲ့ပြီး ဖြစ်ပါတယ်”လို့ ပြောပါတယ်။ထောင်ဒဏ်အပြစ်ပေးခံရသူတွေထဲမှာ ပုသိမ်ခရိုင်က ၂၂၆ ဦးနဲ့ ဟင်္သာတခရိုင်က လူပေါင်း ၇၆ ဦးပါဝင်က အများဆုံးခရိုင်တွေဖြစ်ပါတယ်။ ဖျာပုံခရိုင်မှာတော့ ၅၁ ဦး၊ မြောင်းမြခရိုင်မှာ ၄၉ ဦး၊ လပွတ္တာခရိုင်မှာ ၃၃ ဦးနဲ့ မအူပင်ခရိုင်မှာ ၇၀ ဦးစသဖြင့် ဖမ်းဆီးအရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။



ညမထွက်ရအမိန့်ကို မလိုက်နာလို့ ဖမ်းဆီးတရားစွဲထောင်ချခံထားရတဲ့ အမျိုးသမီး ၁၃ ဦးကတော့ ပုသိမ်ခရိုင်က ၉ ဦး၊ မအူပင်ခရိုင်က ၂ ဦးနဲ့ မြောင်းမြခရိုင်က ၂ ဦးတို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။အမိန့်ချိုးဖောက်သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက တရားလိုပြုလုပ်ကာ ပုဒ်မ ၁၈၈ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး မြို့နယ်တရားသူကြီးတွေက ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဗွီဘီ

(Zawgyi)


ကိုဗစ္-၁၉ ကပ္ေဘးကာလ ဧရာဝတီတိုင္းမွာ ညမထြက္ရအမိန႔္ထုတ္ျပန္ၿပီးေနာက္ အမိန႔္မလိုက္နာသူ အမ်ိဳးသမီး ၁၃ ဦးအပါအဝင္ လူေပါင္း ၅၀၀ ေက်ာ္ကို ဖမ္းဆီးအေရးယူခဲ့တယ္လို႔ တိုင္းရဲတပ္ဖြဲ႕မႉး႐ုံးက သိရပါတယ္။ဧရာဝတီတိုင္း ၂၆ ၿမိဳ႕နယ္မွာ ညမထြက္ရအမိန႔္ေတြကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးေတြက ဧၿပီ ၁၈ ရက္က စတင္ထုတ္ျပန္ခဲ့တာျဖစ္ၿပီး ဇြန္ ၂ ရက္ေန႔အထိ အမိန႔္မလိုက္နာသူေပါင္း ၅၀၅ ဦးကို ၿမိဳ႕နယ္တရား႐ုံးေတြက ေထာင္ဒဏ္ ၁ လနဲ႔ ေထာင္ ၂ လ ျပစ္ဒဏ္ေတြ ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။



ဧရာဝတီတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဒုရဲမႉးႀကီး ထြန္းေ႐ႊက “ညမထြက္ရအမိန႔္ ခ်ိဳးေဖာက္သူ ၅၀၅ ဦး ရွိခဲ့ပါတယ္။ ဒီထဲမွာ အမ်ိဳးသမီး ၁၃ ဦးပါဝင္လာတယ္။ သူတို႔ကို သက္ဆိုင္ရာၿမိဳ႕နယ္တရား႐ုံးမ်ားက ပုဒ္မ ၁၈၈ အရ ေထာင္ဒဏ္ေတြ အျပစ္ေပးခ်မွတ္ခဲ့ၿပီး ျဖစ္ပါတယ္”လို႔ ေျပာပါတယ္။ေထာင္ဒဏ္အျပစ္ေပးခံရသူေတြထဲမွာ ပုသိမ္ခ႐ိုင္က ၂၂၆ ဦးနဲ႔ ဟသၤာတခ႐ိုင္က လူေပါင္း ၇၆ ဦးပါဝင္က အမ်ားဆုံးခ႐ိုင္ေတြျဖစ္ပါတယ္။ ဖ်ာပုံခ႐ိုင္မွာေတာ့ ၅၁ ဦး၊ ေျမာင္းျမခ႐ိုင္မွာ ၄၉ ဦး၊ လပြတၱာခ႐ိုင္မွာ ၃၃ ဦးနဲ႔ မအူပင္ခ႐ိုင္မွာ ၇၀ ဦးစသျဖင့္ ဖမ္းဆီးအေရးယူထားတယ္လို႔ ရဲတပ္ဖြဲ႕က တာဝန္ရွိသူက ေျပာပါတယ္။



ညမထြက္ရအမိန႔္ကို မလိုက္နာလို႔ ဖမ္းဆီးတရားစြဲေထာင္ခ်ခံထားရတဲ့ အမ်ိဳးသမီး ၁၃ ဦးကေတာ့ ပုသိမ္ခ႐ိုင္က ၉ ဦး၊ မအူပင္ခ႐ိုင္က ၂ ဦးနဲ႔ ေျမာင္းျမခ႐ိုင္က ၂ ဦးတို႔ျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ရဲ႕မွတ္တမ္းေတြအရ သိရပါတယ္။အမိန႔္ခ်ိဳးေဖာက္သူေတြကို ရဲတပ္ဖြဲ႕က ဖမ္းဆီးၿပီး သက္ဆိုင္ရာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးေတြက တရားလိုျပဳလုပ္ကာ ပုဒ္မ ၁၈၈ နဲ႔ တရားစြဲဆိုခဲ့တာျဖစ္ၿပီး ၿမိဳ႕နယ္တရားသူႀကီးေတြက ေထာင္ဒဏ္ေတြ ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

ဒီဗီြဘီ

Post a Comment

Previous Post Next Post