(Unicode)


မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) နည်းပြဖြစ်သူ ဦးအေးဆန်းဟာ ဇွန် ၁၂ ရက် ညနေပိုင်းက ထားဝယ်မြို့ သရက်ချောင်း ရေတံခွန်တွင် မမျှော်လင့်ဘဲ ကွယ်လွန်တိမ်းပါးသွားခဲ့ရပါတယ်။ဦးအေးဆန်းဟာ၂၀၀၇ ထိုင်း ဆီးဂိမ်းစ် ငွေတံဆိပ်ဆု ရရှိခဲ့သည့် မြန်မာ ယူ၂၃ အသင်းတွင် နောက်တန်း အတွင်းလူ နေရာမှ စွမ်းစွမ်းတမံ ပါဝင်ကစားခဲ့သူ ဖြစ်သလို ၂၀၁၁ အင်ဒိုနီးရှား ဆီးဂိမ်းစ်တွင်လည်း အသင်းခေါင်းဆောင် အဖြစ် မြန်မာ ယူ၂၃ အသင်းအား တတိယဆု ရရှိရန် ဦးဆောင်ခဲ့သူဖြစ်ပါတယ်။



ဦးကြည်လွင်ကတော့ ထားဝယ်မြို့ သရက်ချောင်းရေတံခွန်တွင် မမျှော်လင့်ဘဲ ကွယ်လွန်ခဲ့ရတဲ့ တပည့်ဖြစ်သူကိုအေးဆန်းအတွက် စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ ဦးကြည်လွင်ကတော့ ” တပည့် မင်းချစ်တဲ့မိသားစု မင်းနဲ့အတူကစားခဲ့တဲ့သူငယ်ချင်းတွေနဲ့တွေ့ဘို့ ဆရာစီစဉ်ထားတယ် မနက်မင်းရဲ့သက်မဲ့ခန္နာကို မင်းမိသားစုနဲ့အတူရေဝေးမှာဆရာစောင့်နေမယ် ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။ ကွယ်လွန်သူကိုအေးဆန်းဟာ ကွယ်လွန်ချိန်မှာ အသက်၃၈နှစ်သာရှိသေးတာဖြစ်ပါတယ်။



ဦးအေးဆန်း ဟာ ပရော်ဖက်ရှင်နယ်ခေတ်တွင် ကမ္ဘောဇ၊ နေပြည်တော် အသင်းများတွင် ပါဝင် ကစားပြီးနောက် လူငယ်အသင်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ယင်းနောက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ဖွင့်လှစ်ထားသည့် ရန်ကုန် အမျိုးသား ဘောလုံးအကယ်ဒမီတွင် နည်းပြတစ်ဦးအဖြစ် လူငယ်ကစားသမားများအား အခြေခံ ဘောလုံးပညာများ သင်ကြားပေးနေသူဖြစ်ပါတယ်။ဦးအေးဆန်း ရုတ်တရက် ကွယ်လွန်သွားခြင်းအတွက် ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ ဘောလုံးဝါသနာရှင်တွေအနေနဲ့ စိတ်မကောင်းဖြစ်နေကြပါတယ်။


(Zawgyi)


ျမန္မာ့လက္ေ႐ြးစင္ ေဘာလုံးသမားေဟာင္း အမ်ိဳးသား ေဘာလုံးအကယ္ဒမီ (ရန္ကုန္) နည္းျပျဖစ္သူ ဦးေအးဆန္းဟာ ဇြန္ ၁၂ ရက္ ညေနပိုင္းက ထားဝယ္ၿမိဳ႕ သရက္ေခ်ာင္း ေရတံခြန္တြင္ မေမွ်ာ္လင့္ဘဲ ကြယ္လြန္တိမ္းပါးသြားခဲ့ရပါတယ္။ဦးေအးဆန္းဟာ၂၀၀၇ ထိုင္း ဆီးဂိမ္းစ္ ေငြတံဆိပ္ဆု ရရွိခဲ့သည့္ ျမန္မာ ယူ၂၃ အသင္းတြင္ ေနာက္တန္း အတြင္းလူ ေနရာမွ စြမ္းစြမ္းတမံ ပါဝင္ကစားခဲ့သူ ျဖစ္သလို ၂၀၁၁ အင္ဒိုနီးရွား ဆီးဂိမ္းစ္တြင္လည္း အသင္းေခါင္းေဆာင္ အျဖစ္ ျမန္မာ ယူ၂၃ အသင္းအား တတိယဆု ရရွိရန္ ဦးေဆာင္ခဲ့သူျဖစ္ပါတယ္။



ဦးၾကည္လြင္ကေတာ့ ထားဝယ္ၿမိဳ႕ သရက္ေခ်ာင္းေရတံခြန္တြင္ မေမွ်ာ္လင့္ဘဲ ကြယ္လြန္ခဲ့ရတဲ့ တပည့္ျဖစ္သူကိုေအးဆန္းအတြက္ စိတ္မေကာင္းျဖစ္ေနခဲ့ပါတယ္။ ဦးၾကည္လြင္ကေတာ့ ” တပည့္ မင္းခ်စ္တဲ့မိသားစု မင္းနဲ႔အတူကစားခဲ့တဲ့သူငယ္ခ်င္းေတြနဲ႔ေတြ႕ဘို႔ ဆရာစီစဥ္ထားတယ္ မနက္မင္းရဲ႕သက္မဲ့ခႏၷာကို မင္းမိသားစုနဲ႔အတူေရေဝးမွာဆရာေစာင့္ေနမယ္ ” ဆိုၿပီး ေရးသားထားခဲ့ပါတယ္။ ကြယ္လြန္သူကိုေအးဆန္းဟာ ကြယ္လြန္ခ်ိန္မွာ အသက္၃၈ႏွစ္သာရွိေသးတာျဖစ္ပါတယ္။



ဦးေအးဆန္း ဟာ ပေရာ္ဖက္ရွင္နယ္ေခတ္တြင္ ကေမာၻဇ၊ ေနျပည္ေတာ္ အသင္းမ်ားတြင္ ပါဝင္ ကစားၿပီးေနာက္ လူငယ္အသင္းနည္းျပအျဖစ္ ေဆာင္႐ြက္ခဲ့ပါတယ္။ ယင္းေနာက္ ျမန္မာႏိုင္ငံ ေဘာလုံး အဖြဲ႕ခ်ဳပ္က ဖြင့္လွစ္ထားသည့္ ရန္ကုန္ အမ်ိဳးသား ေဘာလုံးအကယ္ဒမီတြင္ နည္းျပတစ္ဦးအျဖစ္ လူငယ္ကစားသမားမ်ားအား အေျခခံ ေဘာလုံးပညာမ်ား သင္ၾကားေပးေနသူျဖစ္ပါတယ္။ဦးေအးဆန္း ႐ုတ္တရက္ ကြယ္လြန္သြားျခင္းအတြက္ ရင္းႏွီးတဲ့ မိတ္ေဆြေတြနဲ႔ ေဘာလုံးဝါသနာရွင္ေတြအေနနဲ႔ စိတ္မေကာင္းျဖစ္ေနၾကပါတယ္။


Credit Original

Post a Comment

Previous Post Next Post