(Unicode)

ကြေညာချက်မှာ ပါဝင်တဲ့အချက်တွေအနေနဲ့ ” တရုတ်နိုင်ငံဟာ မိမိတို့ရဲ့ အချုပ်အခြာအာဏာ ကိုထိပါးလာတဲ့ဘယ်လုပ်ရပ်ကို မဆို သည်းခံမှာမဟုတ်ကြောင်း၊ မိမိတို့နိုင်ငံရဲ့ လုံခြုံရေးနဲ့တကွ တိုးတက်ကြီးပွားရေးကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဝင်ရောက်စွက် ထက်မှုကို လက်ခံနိုင်မှာ မဟုတ်ကြောင်း ကြေညာလိုပါတယ်။

WHO ကနေပြီး US နှုတ်ထွက်သွားတဲ့ ကိစ္စဟာ နိုင်ငံရေးအာဏာအလွဲသုံးစားလုပ်တာဖြစ်ပြီးတော့ တစ်ဖက်သပ်ဆန်တဲ့ ဆုံးဖြတ်ချက် တစ်ခုလို့ တရုတ်နိုင်ငံကယူဆပါတယ်” လို့သတင်းထုတ်ပြန်ပါတယ်။ဟောင်ေ ကာင်အရေးနဲ့ပတ်သတ်ပြီး တရုတ်ပြည် တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတဲ့ အမေရိကန်ရဲ့လုပ်ရပ်ကို ပြန် လည်တုံ့ပြန်မယ်လို့ တရုတ်အစိုးရအဖွဲ့က အခိုင် အမာပြောကြားလိုက်ပါတယ်။

ဒီကြေညာချက်ကို ဒီကနေ့မနက်ပိုင်းက ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပြီးပြည်တွင်းမှာ George Floyd အသတ်ခံရမှုနဲ့ပတ်သတ်ပြီး ဆန္ဒပြမှုတွေပြင်းထန်နေတဲ့ အမေရိကန်အတွက်တော့နောက်ထပ်ထိုးနှက်မှုတစ်ခုဖြစ်လာဖို့ရှိနေပါတယ်။ဒီတုံ့ပြန်ချက်ဟာ အမေရိကန် နိုင်ငံအတွင်းမှာ ဆန္ဒပြမှုတွေ ပြင်းထန်နေတဲ့အချိန်မှာ တရုတ်ရဲ့ အချိန်ကိုက် ထိုးကွက်တစ်ခုလားဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပါ။



တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ အကြောင်းအရာတွေကတော့ ” မိမိတို့ဘက်ကနေပြီး US အနေနဲ့ သူတို့ရဲ့အမှားကို ဆင်ခြင်နိုင်ဖို့အတွက် ထပ်တစ်လဲလဲသတိပေးပြီးဖြစ်တယ်။ US အနေနဲ့ လမ်းကြောင်းအမှားတစ်ခုအပေါ်ကို လျှောက်လှမ်းနေတယ်ဆို ဆင်ခြင်မိမယ်လို့ထင်ကြောင်း၊” ရေးသားဖော်ပြခဲ့ပါတယ်။

REF: MOE WIN OO


(Zawgyi)





REF: MOE WIN OO

Post a Comment

Previous Post Next Post