(Unicode)


ဇွန် ၁၃

စစ်ကိုင်းတိုင်း၊ တမူးမြို့သို့ မြန်မာ-အိန္ဒိယနယ်စပ်ဖြတ်ကျော် ခိုးဝင်လာသူ ၆ ဦးကို ဖမ်းဆီးရမိထားကြောင်း တမူးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦး က ပြောသည်။


အမျိုးသား ၆ ဦးဖြစ်ပြီး ၎င်းတို့ကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က တမူးမြို့နယ် ချောက်နက်ကြီး ရဲကင်းအနီးတွင် ကားလမ်းပေါ်၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




၎င်းတို့ကိုစစ်ဆေးခဲ့ရာ ချင်းပြည်နယ်အတွင်း နေထိုင်သူများဖြစ်ကြောင်း သိရှိရပြီး အိန္ဒိယနိုင်ငံ နာဂလန်းပြည်နယ် Phek Pfutsero မြို့ရှိ Baptist Theoiogical College တွင် ပညာသင်ကြားနေရာမှ တရားမဝင်နည်းလမ်းဖြင့် နယ်စပ်ဖြတ်ကျော်ကာ ပြန်လာခဲ့သူများ ဖြစ်ကြောင်း သိရသည်။

“လောလောဆယ် ဆေးရုံမှာပဲ သူတို့ကိုထားထားတယ်။ အဲ့ဒီကနေ သူတို့ရဲ့ နမူနာတွေကိုယူပြီး ဓါတ်ခွဲစစ်ဆေးမယ်။ ဓါတ်ခွဲစစ်ဆေးပြီးမှ ဥပဒေအတိုင်း ဆက်ပြီးအရေးယူမယ်”ဟု တမူးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦး က ပြောသည်။



(အိန္ဒိယနိုင်ငံဟာ အခုဆိုရင် Covid 19 ကူးစက်ခံရမှုမှာ အဆင့် (၄) ကို ရောက်ရှိလာပြီဖြစ်ပါတယ်)

လက်ရှိအချိန်တွင် တမူးမြို့နယ်ရှိ နယ်စပ်ဂိတ်များကို COVID-19ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှစ်နိုင်ငံစလုံးက မတ်လအတွင်းမှစတင်ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် တရားဝင်နည်းလမ်းဖြင့် ပြန်လာလိုသူများကို နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်းကာ နယ်စပ်တွင်ပြန်လည် လက်ခံပေးလျက်ရှိသည်။



၎င်းတို့ ၆ ဦး သည် မြန်မာ-အိန္ဒိယနယ်စပ်မှတဆင့် အိန္ဒိယနိုင်ငံအတွင်း သွားရောက်ကာ ကျမ်းစာကျောင်းတက်နေကြသူများဖြစ်ပြီး အိန္ဒိယနိုင်ငံ မှ COVID-19ကာလ လော့ဒေါင်းချထားသည့်အခါ နယ်စပ်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာကြခြင်းဖြစ်ပြီး တရာဝင်ဗီဇာအထောက်အထား ပါမလာကြောင်း သိရသည်။

ငြိမ်းသူမင်း


(Zawgyi)


ဇြန္ ၁၃

စစ္ကိုင္းတိုင္း၊ တမူးၿမိဳ့သို့ ျမန္မာ-အိႏၵိယနယ္စပ္ျဖတ္ေက်ာ္ ခိုးဝင္လာသူ ၆ ဦးကို ဖမ္းဆီးရမိထားေၾကာင္း တမူးခရိုင္အုပ္ခ်ဳပ္ေရးမွူး ဦးေက်ာ္ဝင္းဦး က ေျပာသည္။



အမ်ိဳးသား ၆ ဦးျဖစ္ၿပီး ၎တို့ကို ဇြန္လ ၁၂ ရက္ေန႔ နံနက္ ၁၀ နာရီ အခ်ိန္ခန႔္က တမူးၿမိဳ့နယ္ ေခ်ာက္နက္ႀကီး ရဲကင္းအနီးတြင္ ကားလမ္းေပၚ၌ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။



၎တို့ကိုစစ္ေဆးခဲ့ရာ ခ်င္းျပည္နယ္အတြင္း ေနထိုင္သူမ်ားျဖစ္ေၾကာင္း သိရွိရၿပီး အိႏၵိယနိုင္ငံ နာဂလန္းျပည္နယ္ Phek Pfutsero ၿမိဳ့ရွိ Baptist Theoiogical College တြင္ ပညာသင္ၾကားေနရာမွ တရားမဝင္နည္းလမ္းျဖင့္ နယ္စပ္ျဖတ္ေက်ာ္ကာ ျပန္လာခဲ့သူမ်ား ျဖစ္ေၾကာင္း သိရသည္။

“ေလာေလာဆယ္ ေဆး႐ုံမွာပဲ သူတို့ကိုထားထားတယ္။ အဲ့ဒီကေန သူတို့ရဲ့ နမူနာေတြကိုယူၿပီး ဓါတ္ခြဲစစ္ေဆးမယ္။ ဓါတ္ခြဲစစ္ေဆးၿပီးမွ ဥပေဒအတိုင္း ဆက္ၿပီးအေရးယူမယ္”ဟု တမူးခရိုင္ အုပ္ခ်ဳပ္ေရးမွူး ဦးေက်ာ္ဝင္းဦး က ေျပာသည္။



(အိႏၵိယႏိုင္ငံဟာ အခုဆိုရင္ Covid 19 ကူးစက္ခံရမႈမွာ အဆင့္ (၄) ကို ေရာက္ရွိလာျပီျဖစ္ပါတယ္)

လက္ရွိအခ်ိန္တြင္ တမူးၿမိဳ့နယ္ရွိ နယ္စပ္ဂိတ္မ်ားကို COVID-19ကာကြယ္ထိန္းခ်ဳပ္နိုင္ေရးအတြက္ ႏွစ္နိုင္ငံစလုံးက မတ္လအတြင္းမွစတင္ပိတ္ထားခဲ့ျခင္းျဖစ္သည္။

ယင္းေၾကာင့္ တရားဝင္နည္းလမ္းျဖင့္ ျပန္လာလိုသူမ်ားကို ႏွစ္နိုင္ငံတာဝန္ရွိသူမ်ား ညႇိႏွိုင္းကာ နယ္စပ္တြင္ျပန္လည္ လက္ခံေပးလ်က္ရွိသည္။

၎တို့ ၆ ဦး သည္ ျမန္မာ-အိႏၵိယနယ္စပ္မွတဆင့္ အိႏၵိယနိုင္ငံအတြင္း သြားေရာက္ကာ က်မ္းစာေက်ာင္းတက္ေနၾကသူမ်ားျဖစ္ၿပီး အိႏၵိယနိုင္ငံ မွ COVID-19ကာလ ေလာ့ေဒါင္းခ်ထားသည့္အခါ နယ္စပ္မွတဆင့္ ျမန္မာနိုင္ငံသို့ ျပန္လည္ဝင္ေရာက္လာၾကျခင္းျဖစ္ၿပီး တရာဝင္ဗီဇာအေထာက္အထား ပါမလာေၾကာင္း သိရသည္။

ၿငိမ္းသူမင္း

Post a Comment

Previous Post Next Post