(Unicode)


မိတ္ထီ လာ မြို့မရဲစခန်းဝင်းအတွင်းရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဓမ္မာရုံထဲတွင် အိပ်ပျော်နေသော ရဲတပ်ဖွဲ့ဝင်များ ထံမှ လက်တော့ပ် အိတ်အတွင်းထည့်ထားသော သေနတ်တစ်လက်နှင့် ဖုန်းခြောက်လုံး ခိုးယူခံခဲ့ရသည့်အတွက် မိတ္ထီလာမြို့မရဲစခန်းတွင် အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံမြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် တွင် ရဲချုပ်၊ ဒုတိယရဲချုပ်နှင့် ဦးရေးထောက် ဆိုင်ရာရဲမှူးချုပ်အဆင့်များက တာဝန်ယူကြီးကြပ်ကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ခုလုံးအား ကြီးကြပ်ကွပ်ကဲထိန်းချုပ်ပါတယ်။




ဦးစီးဌာနတွင် ရဲမှူးချုပ် တစ်ဦးမှ ဦးစီး၍ နိုင်ငံအတွင်းလုံခြုံရေး၊ ထောက်လှမ်းရေး၊ မှုခင်းများ၊ သင်တန်းများ၊ ဖွဲ့စည်းမှု၊ ကြီးကြပ်ကန့်သတ်ပစ္စည်း များ ထုတ်ပေးအပ်နှံခြင်း၊ စစ်ဆေးရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးများကို ကြီးကြပ်ဆောင်ရွက်ပါတယ်။



ရေးဌာနတွင် ရဲမှူးချုပ်တစ်ဦးမှကွပ်ကဲပြီး ရာထူးခန့်ထားရေး၊ ပြောင်းရွှေ့နေရာချထားရေး၊ ရဲစည်းကမ်း၊ လစာစရိတ်၊ သက်သာချောင် ချိမှုနှင့် အငြိမ်းစားခံစားခွင့်များ ဆောင်ရွက်ပါတယ်။ ထောက်ဌာနတွင် ရဲမှူးချုပ် တစ်ဦးမှကွပ်ကဲပြီး ထောက်ပံ့ပို့ဆောင်ရေး၊ ပြင်ဆင်ရေး၊ ဝယ်ယူဖြည့်တင်းရေး၊ ဘဏ္ဍာရေးများဆောင်ရွက်ပါတယ်။ဓါတုဗေဒစစ်ဆေးရေးဌာနကို ညွှန်ကြားရေးမှူးအဆင့်မှ ကြီးကြပ် ကွပ်ကဲ၍ အစွန်းအထင်း/ အဆိပ်အတောက် ဓာတ်ခွဲစစ်ဆေးပေးခြင်း၊ မူးယစ်ဆေးဝါးနှင့် အထွေထွေ ဓာတ်ခွဲစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပါတယ်။

Credit to Original


(Zawgyi)








Credit to Original

Post a Comment

Previous Post Next Post