(Unicode)

ဘတ်ဂျက်ဆိုတာ စားဖို့ဝါးဖို့ ခင်းကျင်းပေးထားတဲ့ ဘူဖေး မဟုတ်ဘူးလို့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဒီနေ့လွှတ်တော်မှာ ပြောလိုက်ပါတယ်။

ဒီနေ့ ဇွန်လ (၅) ရက်နေ့ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးအပေါ်အစည်းအဝေး ဘဏ္ဍာငွေရသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်) ဆွေးနွေးချိန်မှာ အဲဒီလိုပြောခဲ့တာဖြစ်ပါတယ်။ အဆိုပါစကားလုံးသည် လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေပေးထားသော ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ ရသုံးခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်) စာအုပ်တွင် ဖော်ပြထားခြင်းဖြစ်ကြောင်း သိရသည်။



“ဘတ်ဂျက်ဆိုတာ စားဖို့ဝါးဖို့ ခင်းကျင်းပေးထားတဲ့ ဘူဖေးမဟုတ်ပါဘူး။ အခွန်ဆောင်ပြည်သူတွေရဲ့ ချွေးနည်းစာ ဖြစ်ပါတယ်။ အလေအလွင့်မရှိအောင် ဂရုတစိုက်နဲ့ အကျိုးရှိရှိ သုံးစွဲကြဖို့လိုတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဌာနများအနေဖြင့် ဘတ်ဂျက်တောင်းခံသည့် နေရာတွင် အသုံးပြုသည့် နှုန်းထားတွက်ချက်မှုများသည် ပြင်ပပေါက်ဈေးနှင့် မ ၏ဆီလျော်ခြင်း ၊ လက်ရှိဈေးပေါက်ဈေးနှင့် ကွာ ခြားနေခြင်း ၊ လက်ရှိမြေပြင်ဈေးနှုန်းဖြင့် ကွာခြားနေခြင်း ၊ ယခင်နှစ်များထက် ၂ဆ၊ ၃ဆ ပိုမိုတောင်းခံနေခြင်းစသည့် ကိစ္စများကို ဦးနေဘုန်းလတ်က ဝေဖန်ထောက်ပြခဲ့သည်။



“လမ်းတလမ်းဆိုရင် အလယ်မှာ ကားသွားမယ့်လမ်းရှိမယ်။ စက်ဘီးဇုန်ရှိမယ်။ ကားပါကင်ဇုန်ရှိမယ်။ Green Area ရှိမယ်။ ဆိုလိုတာက လမ်းတွေအားလုံးကို ဒီလိုခင်းရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ဘယ်လောက်ဧရိယာကျယ်တဲ့ လမ်းဆိုရင် ဘယ်လိုပုံစံနဲ့ ခင်းမယ်ဆိုပြီးတော့ အဲဒီအတိုင်းပဲ သတ်သတ်မှတ်မှတ်နဲ့ စနစ်တကျနဲ့ အကောင် အထည်ဖော်တာမျိုး ဖြစ်သင့်ပါတယ်။” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဇွန်လ(၄)ရက်က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အရေးအပေါ်အစည်းအဝေးမှာလည်း ရန်ကုန်စည်ပင်က သံစုံတီးဝိုင်းဝယ်ယူဖို့ ငွေကျပ် (၁၃၇)သန်းကျော် ဘတ်ဂျက်တင်ပြခဲ့တာကိုလည်း စဉ်းစားဖို့လိုတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တချို့ဆွေးနွေးခဲ့ပါသေးတယ်။



ရန်ကုန်စည်ပင်အနေဖြင့် ယင်းကဲ့သို့ ကိစ္စမျိုး ဘတ်ဂျက်တောင်းခံရာတွင် ဌာနတာဝန်ရှိသူအဆင့်ဆင့်က စနစ်တကျ သေချာ စိစစ်ပြီးမှသာ လွှတ်တော်သို့ တင်သင့်သည်ဟုလည်း ဦးနေဘုန်းလတ်က အကြံပြုပြောကြားခဲ့သည်။

(Zawgyi)

ဘတ္ဂ်က္ဆိုတာ စားဖို႔ဝါးဖို႔ ခင္းက်င္းေပးထားတဲ့ ဘူေဖး မဟုတ္ဘူးလို႔ သဃၤန္းကြၽန္းၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနဘုန္းလတ္က ဒီေန႔လႊတ္ေတာ္မွာ ေျပာလိုက္ပါတယ္။

ဒီေန႔ ဇြန္လ (၅) ရက္ေန႔ျပဳလုပ္တဲ့ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အေရးအေပၚအစည္းအေဝး ဘ႑ာေငြရသုံးခန႔္မွန္းေျခေငြစာရင္း (လ်ာထားခ်က္) ေဆြးေႏြးခ်ိန္မွာ အဲဒီလိုေျပာခဲ့တာျဖစ္ပါတယ္။ အဆိုပါစကားလုံးသည္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံ ျဖန႔္ေဝေပးထားေသာ ၂၀၂၀-၂၀၂၁ ဘ႑ာေရးႏွစ္ ရန္ကုန္တိုင္းေဒသႀကီး၏ ဘ႑ာေငြ ရသုံးခန႔္မွန္းေျခ ေငြစာရင္း (လ်ာထားခ်က္) စာအုပ္တြင္ ေဖာ္ျပထားျခင္းျဖစ္ေၾကာင္း သိရသည္။



“ဘတ္ဂ်က္ဆိုတာ စားဖို႔ဝါးဖို႔ ခင္းက်င္းေပးထားတဲ့ ဘူေဖးမဟုတ္ပါဘူး။ အခြန္ေဆာင္ျပည္သူေတြရဲ႕ ေခြၽးနည္းစာ ျဖစ္ပါတယ္။ အေလအလြင့္မရွိေအာင္ ဂ႐ုတစိုက္နဲ႔ အက်ိဳးရွိရွိ သုံးစြဲၾကဖို႔လိုတယ္” လို႔ ဦးေနဘုန္းလတ္က ေျပာပါတယ္။

ဌာနမ်ားအေနျဖင့္ ဘတ္ဂ်က္ေတာင္းခံသည့္ ေနရာတြင္ အသုံးျပဳသည့္ ႏႈန္းထားတြက္ခ်က္မႈမ်ားသည္ ျပင္ပေပါက္ေစ်းႏွင့္ မ ၏ဆီေလ်ာ္ျခင္း ၊ လက္ရွိေစ်းေပါက္ေစ်းႏွင့္ ကြာ ျခားေနျခင္း ၊ လက္ရွိေျမျပင္ေစ်းႏႈန္းျဖင့္ ကြာျခားေနျခင္း ၊ ယခင္ႏွစ္မ်ားထက္ ၂ဆ၊ ၃ဆ ပိုမိုေတာင္းခံေနျခင္းစသည့္ ကိစၥမ်ားကို ဦးေနဘုန္းလတ္က ေဝဖန္ေထာက္ျပခဲ့သည္။



“လမ္းတလမ္းဆိုရင္ အလယ္မွာ ကားသြားမယ့္လမ္းရွိမယ္။ စက္ဘီးဇုန္ရွိမယ္။ ကားပါကင္ဇုန္ရွိမယ္။ Green Area ရွိမယ္။ ဆိုလိုတာက လမ္းေတြအားလုံးကို ဒီလိုခင္းရမယ္လို႔ မဆိုလိုပါဘူး။ ဒါေပမဲ့ ဘယ္ေလာက္ဧရိယာက်ယ္တဲ့ လမ္းဆိုရင္ ဘယ္လိုပုံစံနဲ႔ ခင္းမယ္ဆိုၿပီးေတာ့ အဲဒီအတိုင္းပဲ သတ္သတ္မွတ္မွတ္နဲ႔ စနစ္တက်နဲ႔ အေကာင္ အထည္ေဖာ္တာမ်ိဳး ျဖစ္သင့္ပါတယ္။” လို႔ ဦးေနဘုန္းလတ္က ေျပာပါတယ္။

ဇြန္လ(၄)ရက္က ျပဳလုပ္ခဲ့တဲ့ ဒုတိယအႀကိမ္ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အေရးအေပၚအစည္းအေဝးမွာလည္း ရန္ကုန္စည္ပင္က သံစုံတီးဝိုင္းဝယ္ယူဖို႔ ေငြက်ပ္ (၁၃၇)သန္းေက်ာ္ ဘတ္ဂ်က္တင္ျပခဲ့တာကိုလည္း စဥ္းစားဖို႔လိုတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္တခ်ိဳ႕ေဆြးေႏြးခဲ့ပါေသးတယ္။



ရန္ကုန္စည္ပင္အေနျဖင့္ ယင္းကဲ့သို႔ ကိစၥမ်ိဳး ဘတ္ဂ်က္ေတာင္းခံရာတြင္ ဌာနတာဝန္ရွိသူအဆင့္ဆင့္က စနစ္တက် ေသခ်ာ စိစစ္ၿပီးမွသာ လႊတ္ေတာ္သို႔ တင္သင့္သည္ဟုလည္း ဦးေနဘုန္းလတ္က အႀကံျပဳေျပာၾကားခဲ့သည္။

Credit Original

Post a Comment

Previous Post Next Post