သီတဂူဆရာတော်ကြီးသည် ၈-၆-၂၀၂၀ ရက်နေ့ နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး ၂၉ မြို့နယ် အတွင်း ၁၀ ပါးအထက် သီတင်းသုံးနေထိုင်ကြသည့် သီလရှင် တိုက်ပေါင်း ၃၇၇ ကျောင်းရှိ သီလရှင် ၁၆၃၇၇ ပါး တို့အတွက် ဆန်- ၁တင်း၊ ဆီ- ၁ပိသာနှုန်းဖြင့် လှူဒါန်းသွားရန် စတင်ဆောင်ရွက်နေကြပြီ ဖြစ်သည်။




၈-၆-၂၀၂၀ ရက်နေ့ နေ့ခင်း ၁:၀၀ နာရီအချိန်မှ စတင်၍

-ေတာင္ဒဂုံ

-မြောက်ဒဂုံ

-တောင်ဥက္ကလာ

-မြောက်ဥက္ကလာ

-သာကေတ ၅ မြို့နယ်မှ ၄၆ ကျောင်း၊ ၂၇၂၈ ပါးတို့အတွက် စတင်လှူဒါန်းပါမည်။



မှတ်ချက် ။ ။ ဆန်များသည် တစ်တင်း (၁၆-ပြည်) ၇၂ ပေါင် အိတ်များဖြစ်သည်။

ကျန်သည့် ၂၄ မြို့နယ်မှ ကျောင်းများသို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် သာသနာရေးဌာနများမှတဆင့် အရောက်ပို့ဆောင်နိုင်ရန် စီစဉ် ဆောင်ရွက်နေပါသည်။



သီတဂူဆရာတော်ကြီးနှင့်အတူ ပါဝင်ကုသိုလ်ပြုကြသည့် အလှူရှင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ယူဆောင်ရွက်ပေးကြသူများ၊ စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

Photo – သီတဂူကျော်ဆန်းဝင်း

Credit – သီတဂူသတင်း

Post a Comment

Previous Post Next Post