(Unicode)

ဇွန်လ ၁ ရက်၊ နမ္မတူ

ပြီးခဲ့တဲ့ မေလ ၃၀ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်မှာ COVID-19 ကာလအတွင်း ရပ်ကွက် ၇ ခုထဲက အိမ်ထောင်စု (၄၉၄)စုကို အလှူရှင်တွေက စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

နမ္မတူမြို့နယ် စစ်ရှောင်စခန်း ကူညီထောက်ပံ့ရေးကော်မတီအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က “အလှူရှင်တွေပေါင်းပြီးမှ ထောက်ပံ့ပေးတာပါ။ အခုက ရပ်ကွက်ခုနှစ်ခု ထောက်ပံ့ပြီး ကျန်တဲ့ရပ်ကွက်တွေ ဒီတစ်ပတ်ထဲ သွားကူညီဖို့ အစီစဉ်ရှိတယ်။ ထောက်ပံ့ကူညီပေးတာလည်း အခြေခံလူတန်းစား တနေ့လုပ် တနေ့စားလူတွေဖြစ်တယ်” လို့ ဒီနေ့ ဇွန်လ ၁ ရက်မှာ ရွှေဖီမြေကို ပြောပါတယ်။

အိမ်ထောင်စု ၁ စုလျှင် ဆန် ၅ ပြည်၊ ဆီ ၅၀ သား၊ ဆား ၅၀ သား၊ ကြက်သွန်နီ ၅၀ သား၊ ပဲ ၅၀ သား၊ ဆပ်ပြာမှုန့် ၁ ထုပ််နဲ့ နှာခေါင်းစည်း Mask ၁ ခုတို့ကို ကူညီထောက်ပံ့ပေးတာပဲ ဖြစ်ပါတယ်။

ရပ်ကွက် ၇ ခုအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၄၉၄)စုကို ဆန် (၂,၄၇၀)ပြည်၊ ဆီ (၂၄၇)ပိဿာ၊ ဆား (၂၄၇)ပိဿာ၊ ကြက်သွန်နီ (၂၄၇)ပိဿာ၊ ကုလားပဲ (၂၄၇)ပိဿာ၊ ဆပ်ပြာမှုန့် (၄၉၄)ထုပ်နဲ့ နှာခေါင်းစည်း Mask (၅၅၀)ခုကို ပေးအပ်ခဲ့ပါတယ်။

နမ္မတူမြို့နယ် တိုက်ပွဲရှောင်စခန်း ၃ ခုထဲက ၁ အိမ်ထောင်စုကို ဆန် ၃ ပြည်၊ ဆီ ၂၀ သား၊ ပဲ ၅၀ သားနဲ့ ဆား ၂၅ ကျပ်သား စုစုပေါင်း အိမ်ထောင်စု (၁၂၂)စုအတွက် ရှမ်းပြည်နယ်စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီက ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဦးအောင်ဆန်းမြင့်က ​ဆိုပါတယ်။



“မနေ့(မေလ ၃၁ ရက်)က တိုက်ပွဲရှောင်သူတွေအတွက် ရှမ်းပြည်နယ်စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီက ထောက်ပံ့ပေးတဲ့ဟာကို သွားဝေပေးလိုက်တယ်။ ဒီတိုက်ပွဲရှောင်လူတွေအတွက်ပေါ့။ သီးသန့်အလှူရှင်တွေ ပေးအပ်လှူဒါန်းတဲ့ဟာကတော့ စစ်ဘေးရှောင်တွေအတွက် မပါဘူး” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။

#စားနပ်ရိက္ခာ #နမ္မတူ #Covid-19
#ဓာတ်ပုံ- IPRD

(Zawgyi)

ဇြန္လ ၁ ရက္၊ နမၼတူ

ၿပီးခဲ့တဲ့ ေမလ ၃၀ ရက္က ရွမ္းျပည္နယ္ေျမာက္ပိုင္း နမၼတူၿမိဳ႕နယ္မွာ COVID-19 ကာလအတြင္း ရပ္ကြက္ ၇ ခုထဲက အိမ္ေထာင္စု (၄၉၄)စုကို အလႉရွင္ေတြက စားနပ္ရိကၡာ ကူညီေထာက္ပံ့ေပးခဲ့တယ္လို႔ သိရပါတယ္။

နမၼတူၿမိဳ႕နယ္ စစ္ေရွာင္စခန္း ကူညီေထာက္ပံ့ေရးေကာ္မတီအတြင္းေရးမႉး ဦးေအာင္ဆန္းျမင့္က “အလႉရွင္ေတြေပါင္းၿပီးမွ ေထာက္ပံ့ေပးတာပါ။ အခုက ရပ္ကြက္ခုႏွစ္ခု ေထာက္ပံ့ၿပီး က်န္တဲ့ရပ္ကြက္ေတြ ဒီတစ္ပတ္ထဲ သြားကူညီဖို႔ အစီစဥ္ရွိတယ္။ ေထာက္ပံ့ကူညီေပးတာလည္း အေျခခံလူတန္းစား တေန႔လုပ္ တေန႔စားလူေတြျဖစ္တယ္” လို႔ ဒီေန႔ ဇြန္လ ၁ ရက္မွာ ေ႐ႊဖီေျမကို ေျပာပါတယ္။

အိမ္ေထာင္စု ၁ စုလွ်င္ ဆန္ ၅ ျပည္၊ ဆီ ၅၀ သား၊ ဆား ၅၀ သား၊ ၾကက္သြန္နီ ၅၀ သား၊ ပဲ ၅၀ သား၊ ဆပ္ျပာမႈန္႔ ၁ ထုပ္္နဲ႔ ႏွာေခါင္းစည္း Mask ၁ ခုတို႔ကို ကူညီေထာက္ပံ့ေပးတာပဲ ျဖစ္ပါတယ္။

ရပ္ကြက္ ၇ ခုအတြင္းရွိ အေျခခံလူတန္းစား အိမ္ေထာင္စု (၄၉၄)စုကို ဆန္ (၂,၄၇၀)ျပည္၊ ဆီ (၂၄၇)ပိႆာ၊ ဆား (၂၄၇)ပိႆာ၊ ၾကက္သြန္နီ (၂၄၇)ပိႆာ၊ ကုလားပဲ (၂၄၇)ပိႆာ၊ ဆပ္ျပာမႈန္႔ (၄၉၄)ထုပ္နဲ႔ ႏွာေခါင္းစည္း Mask (၅၅၀)ခုကို ေပးအပ္ခဲ့ပါတယ္။

နမၼတူၿမိဳ႕နယ္ တိုက္ပြဲေရွာင္စခန္း ၃ ခုထဲက ၁ အိမ္ေထာင္စုကို ဆန္ ၃ ျပည္၊ ဆီ ၂၀ သား၊ ပဲ ၅၀ သားနဲ႔ ဆား ၂၅ က်ပ္သား စုစုေပါင္း အိမ္ေထာင္စု (၁၂၂)စုအတြက္ ရွမ္းျပည္နယ္စားနပ္ရိကၡာေထာက္ပံ့ေရးေကာ္မတီက ကူညီေထာက္ပံ့ေပးခဲ့တယ္လို႔ ဦးေအာင္ဆန္းျမင့္က ​ဆိုပါတယ္။

“မေန႔(ေမလ ၃၁ ရက္)က တိုက္ပြဲေရွာင္သူေတြအတြက္ ရွမ္းျပည္နယ္စားနပ္ရိကၡာ ေထာက္ပံ့ေရးေကာ္မတီက ေထာက္ပံ့ေပးတဲ့ဟာကို သြားေဝေပးလိုက္တယ္။ ဒီတိုက္ပြဲေရွာင္လူေတြအတြက္ေပါ့။ သီးသန္႔အလႉရွင္ေတြ ေပးအပ္လႉဒါန္းတဲ့ဟာကေတာ့ စစ္ေဘးေရွာင္ေတြအတြက္ မပါဘူး” ဆိုၿပီး ၎က ဆက္ေျပာပါတယ္။

#စားနပ္ရိကၡာ #နမၼတူ #Covid-19
#ဓာတ္ပုံ- IPRD

Post a Comment

Previous Post Next Post