(Unicode)

အုတ်ဖိုမြို့နယ်အပိုင်၌ အင်တိုင်းတောထဲသို့ ပတတ်ထောင်ရန်သွားရာမှ လူငယ်နှစ်ဦး နေရာလုစကားများရန်ဖြစ်ရာ လူသတ်မှုဖြစ်ပွား ခဲ့ကြောင်း အေးမြသာယာနယ်‌မြေရဲစခန်းမှ သိရသည်။

အုတ်ဖိုမြို့နယ်အပိုင် မောင်မှိုင်းဝေ နှင့် မောင်စိုးမင်းပိုင်တို့ သူငယ်ချင်း နှစ်ဦးသည် ယနေ့ ဇွန်လ (၇)ရက်နေ့တွင် ပဲခူးရိုးမတော၏ အင်တိုင်းတောထဲသို့ ပတတ်ထောင်ရန်အလို့ဌာ သွားရောက်ရာမှ နေရာလုရင်း စကားများရန်ဖြစ်ခဲ့သည်တွင် မောင်စိုးမင်းပိုင်မှ အနီးရှိ ဝါးရင်းတုတ်အားကောက်ယူ၍ မောင်မှိုင်းဝေ၏ ဦးခေါင်းအား လေးငါးချက်ခန့်ရိုက်ခဲ့ရာ မှိုင်းဝေ၏ဦးခေါင်းယာဘက် ပေါက်ပြဲဒဏ်ရာ၊ နဖူး‌ရာဘက်ခြမ်း ပေါက်ပြဲပိန်ချိုင့်ဒဏ်ရာနှင့် နဖူးအလယ်ပေါက်ပြဲ ဒဏ်ရာတို့အသီးသီးရာရှိခဲ့ကာ လဲကျသွားပြီး စိုးမင်းပိုင်မှာ ယနေ့ နေ့လည်ခင်း (၁၁နာရီ မိနစ် ၃၀အချိန်ခန့်)တွင် မှိုင်းဝေအား တုတ်ဖြင့်ရိုက်နှက်ခဲ့ကြောင်း ရဲစခန်းသို့သွားရောက် ပြောပြသဖြင့် သွားရောက်ကြည့်ရှု့ရာ မှိုင်းဝေမှာသေဆုံးနေသည်ကို တွေ့ရှိခဲ့ရသဖြင့် ကုက္ကိုလ်ကုန်း‌ကျေးရွာ၊ တယ်ပင်ကျောကျေးရွာအုပ်စုနေ သေဆုံးသူ၏ အဖေတော်စပ်သူမှ တရားလိုပြုလုပ်တိုင်တန်းထားကြောင်း သိရသည်။



‌သေဆုံးသူ မောင်မှိုင်းဝေသည် သေဆုံးချိန်တွင် အသက် (၁၂)နှစ်အရွယ်ရှိပြီး ‌စိုးမင်းပိုင်မှာ အသက် (၁၃)အရွယ် ရှိကာ တစ်ဦးနှင့်တစ်ဦး ပတတ်ထောင်စဉ် နေရာလုရင်း စကားများရန်ဖြစ်ရာမှ အသက်မပြည့်သူ ကလေးသူငယ်များ ဖြစ်၍ ဒေါသအား မထိန်းနိူင်ဘဲ တုတ်ဖြင့် ရိုက်သတ်ခဲ့တာဖြစ်ကြောင်း လတ်တလော‌အနေသုံးသပ်ထားကြောင်း နယ်မြေစခန်းမှူး ဒုရဲအုပ် သိန်းထွန်းဝင်းထံမှ သိရသည်။

ယင်း‌အမှုဖြစ်စဉ်နှင့် ပတ်သက်၍ အေးမြသာယာနယ်မြေ ရဲစခန်းမှ (ပ)၉၄/၂၀၂၀ ရာဇသတ်ကြီး ဉပဒေပုဒ်မှ ၃၀၂ ဖြင့်အမှုဖြင့်ဆောင်ရွက်ထားရှိထားရာ စိုးမင်းပိုင်အား ဖမ်းမိထားပြီဖြစ်ကြောင်းလည်း ထပ်မံစုံစမ်းသိရှိရသည်။

သက်ခိုင် (ဇီးကုန်း)


(Zawgyi)


အုတ္ဖိုၿမိဳ့နယ္အပိုင္၌ အင္တိုင္းေတာထဲသို့ ပတတ္ေထာင္ရန္သြားရာမွ လူငယ္ႏွစ္ဦး ေနရာလုစကားမ်ားရန္ျဖစ္ရာ လူသတ္မွုျဖစ္ပြား ခဲ့ေၾကာင္း ေအးျမသာယာနယ္‌ေျမရဲစခန္းမွ သိရသည္။

အုတ္ဖိုၿမိဳ့နယ္အပိုင္ ေမာင္မွိုင္းေဝ ႏွင့္ ေမာင္စိုးမင္းပိုင္တို့ သူငယ္ခ်င္း ႏွစ္ဦးသည္ ယေန႔ ဇြန္လ (၇)ရက္ေန႔တြင္ ပဲခူးရိုးမေတာ၏ အင္တိုင္းေတာထဲသို့ ပတတ္ေထာင္ရန္အလို့ဌာ သြားေရာက္ရာမွ ေနရာလုရင္း စကားမ်ားရန္ျဖစ္ခဲ့သည္တြင္ ေမာင္စိုးမင္းပိုင္မွ အနီးရွိ ဝါးရင္းတုတ္အားေကာက္ယူ၍ ေမာင္မွိုင္းေဝ၏ ဦးေခါင္းအား ေလးငါးခ်က္ခန႔္ရိုက္ခဲ့ရာ မွိုင္းေဝ၏ဦးေခါင္းယာဘက္ ေပါက္ျပဲဒဏ္ရာ၊ နဖူး‌ရာဘက္ျခမ္း ေပါက္ျပဲပိန္ခ်ိဳင့္ဒဏ္ရာႏွင့္ နဖူးအလယ္ေပါက္ျပဲ ဒဏ္ရာတို့အသီးသီးရာရွိခဲ့ကာ လဲက်သြားၿပီး စိုးမင္းပိုင္မွာ ယေန႔ ေန႔လည္ခင္း (၁၁နာရီ မိနစ္ ၃၀အခ်ိန္ခန႔္)တြင္ မွိုင္းေဝအား တုတ္ျဖင့္ရိုက္ႏွက္ခဲ့ေၾကာင္း ရဲစခန္းသို့သြားေရာက္ ေျပာျပသျဖင့္ သြားေရာက္ၾကည့္ရွု့ရာ မွိုင္းေဝမွာေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ရသျဖင့္ ကုကၠိဳလ္ကုန္း‌ေက်းရြာ၊ တယ္ပင္ေက်ာေက်းရြာအုပ္စုေန ေသဆုံးသူ၏ အေဖေတာ္စပ္သူမွ တရားလိုျပဳလုပ္တိုင္တန္းထားေၾကာင္း သိရသည္။

‌ေသဆုံးသူ ေမာင္မွိုင္းေဝသည္ ေသဆုံးခ်ိန္တြင္ အသက္ (၁၂)ႏွစ္အရြယ္ရွိၿပီး ‌စိုးမင္းပိုင္မွာ အသက္ (၁၃)အရြယ္ ရွိကာ တစ္ဦးႏွင့္တစ္ဦး ပတတ္ေထာင္စဥ္ ေနရာလုရင္း စကားမ်ားရန္ျဖစ္ရာမွ အသက္မျပည့္သူ ကေလးသူငယ္မ်ား ျဖစ္၍ ေဒါသအား မထိန္းနိူင္ဘဲ တုတ္ျဖင့္ ရိုက္သတ္ခဲ့တာျဖစ္ေၾကာင္း လတ္တေလာ‌အေနသုံးသပ္ထားေၾကာင္း နယ္ေျမစခန္းမွူး ဒုရဲအုပ္ သိန္းထြန္း၀င္းထံမွ သိရသည္။

ယင္း‌အမွုျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေအးျမသာယာနယ္ေျမ ရဲစခန္းမွ (ပ)၉၄/၂၀၂၀ ရာဇသတ္ႀကီး ဉပေဒပုဒ္မွ ၃၀၂ ျဖင့္အမွုျဖင့္ေဆာင္ရြက္ထားရွိထားရာ စိုးမင္းပိုင္အား ဖမ္းမိထားၿပီျဖစ္ေၾကာင္းလည္း ထပ္မံစုံစမ္းသိရွိရသည္။

သက္ခိုင္ (ဇီးကုန္း)

Post a Comment

Previous Post Next Post