(Unicode)

မနေ့က ဖမ်းမိခဲ့သော မူးယစ်ဆေးဝါးသတင်း

ဖမ်းရဆီးရတာတော့ ပုံမြင်တာနဲ့ သိကြမှာပါ တရားခံက ပစ္စည်းဖျောက်ဖျက်ချင်တော့ အိမ်သာကျင်းထဲ ပစ်ချ ရဲဝန်ထမ်းတွေကမရွံမရှာပဲ အိမ်သာနံနံ စော်စော်ထဲ ပြန်ရှာရ သြော်…မလွယ်ကြတဲ့ လောက😔😔


ဖြစ်စဉ်ကတော့ ၄.၆.၂၀၂၀ မနက် ၁၀ နာရီ ၃၀ခန့်တွင် ကသာမြို့နယ် ကသာမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇော်မင်းထွန်းအဖွဲ့နှင့် သက်သေ အဖွဲ့တို့သည် ဇေယျာချောင်ရပ်ကွက် သရဖီလမ်းတွင် စောင့်ဆိုင်းနေစဉ် ယင်းလမ်းအတိုင်း လမ်းလျှောက်လာသော မအေးအေးထက် (ခ) အေးသုန်အား

ရဲမေရဲတသ ချိုချိုသန်းထိုက်မှ စစ်ဆေးရှာဖွေရာ မအေးအေးထက် ဝတ်ဆင်ထားသော အမျိုးသမီးဝတ် ဘော်လီအတွင်းမှ စိတ်ကြွဆေးပြားဟု ယူဆရသော ဒဘလျူဝိုင် စာတန်းပါ ပန်းရောင် ဆေးပြား ၄၅ ပြားအား အမဲရောင်ကြွပ်ကြွပ်အိတ် အပိုင်းအစအတွင်းထည့်ထားသည်ကို ရှာဖွေတွေ့ရှိရပါသည်။



၎င်း ပစ္စည်းများမှာ ကသာမြို့ ဇေယျာချောင်ရပ်ကွက် ၂ လမ်းနေ မနွယ် (ခ) မနွယ်နွယ်အောင်ထံမှ ပြန်ရောင်းချရန် ငွေကျပ် ၃၀၀၀၀ ဖြင့် ဝယ်ယူခဲ့ကြောင်း သိရှိရ၍ မနွယ်နွယ်အောင်၏ အိမ်အား ထပ်မံရှာဖွေခဲ့ရာ



မနွယ်နွယ်အောင်မှာ အိမ်အပေါ်ခေါင်းရင်း ပြတင်းပေါက်မှ ခုန်ချထွက်ပြေးပီး နေအိမ်ခေါင်းရင်း အနောက်ဘက်ရှိ အိမ်သာကျင်းထဲသို့ အရာဝတ္ထု အခုအား ပစ်ချလိုက်သည် ကို တွေ့မြင်ရသဖြင့် သူမအား ထိန်သိမ်းပီး ပစ်ချလိုက်သောအိမ်သာကျင်းအတွင်းသို့ သက်သေများနှင့်အတူ စစ်ဆေး ရှာဖွေခဲ့ရာ



အိမ်သာကျင်းအတွင်းမှ အဖုံးမပါ အဖြူရောင် ပလက်စတစ် ထုံးဗူးအတွင်း ထည့်ထားသည့် စိတ်ကြွဆေးပြားဟု ယူစရသော ဒဘလျူဝိုင် စာတန်းပါ ပန်းရောင် ဆေးပြား ၉၀ ပြားအား ရှာဖွေသိမ်းဆည်းခဲ့ကြောင်း ကနဦး သိရပါသည်။

Credit – Steven Zaya

(Zawgyi)

မေန႔က ဖမ္းမိခဲ့ေသာ မူးယစ္ေဆးဝါးသတင္း

ဖမ္းရဆီးရတာေတာ့ ပုံျမင္တာနဲ႔ သိၾကမွာပါ တရားခံက ပစၥည္းေဖ်ာက္ဖ်က္ခ်င္ေတာ့ အိမ္သာက်င္းထဲ ပစ္ခ် ရဲဝန္ထမ္းေတြကမ႐ြံမရွာပဲ အိမ္သာနံနံ ေစာ္ေစာ္ထဲ ျပန္ရွာရ ေၾသာ္…မလြယ္ၾကတဲ့ ေလာက😔😔



ျဖစ္စဥ္ကေတာ့ ၄.၆.၂၀၂၀ မနက္ ၁၀ နာရီ ၃၀ခန႔္တြင္ ကသာၿမိဳ႕နယ္ ကသာၿမိဳ႕မရဲစခန္း နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ေဇာ္မင္းထြန္းအဖြဲ႕ႏွင့္ သက္ေသ အဖြဲ႕တို႔သည္ ေဇယ်ာေခ်ာင္ရပ္ကြက္ သရဖီလမ္းတြင္ ေစာင့္ဆိုင္းေနစဥ္ ယင္းလမ္းအတိုင္း လမ္းေလွ်ာက္လာေသာ မေအးေအးထက္ (ခ) ေအးသုန္အား

ရဲေမရဲတသ ခ်ိဳခ်ိဳသန္းထိုက္မွ စစ္ေဆးရွာေဖြရာ မေအးေအးထက္ ဝတ္ဆင္ထားေသာ အမ်ိဳးသမီးဝတ္ ေဘာ္လီအတြင္းမွ စိတ္ႂကြေဆးျပားဟု ယူဆရေသာ ဒဘလ်ဴဝိုင္ စာတန္းပါ ပန္းေရာင္ ေဆးျပား ၄၅ ျပားအား အမဲေရာင္ႂကြပ္ႂကြပ္အိတ္ အပိုင္းအစအတြင္းထည့္ထားသည္ကို ရွာေဖြေတြ႕ရွိရပါသည္။



၎ ပစၥည္းမ်ားမွာ ကသာၿမိဳ႕ ေဇယ်ာေခ်ာင္ရပ္ကြက္ ၂ လမ္းေန မႏြယ္ (ခ) မႏြယ္ႏြယ္ေအာင္ထံမွ ျပန္ေရာင္းခ်ရန္ ေငြက်ပ္ ၃၀၀၀၀ ျဖင့္ ဝယ္ယူခဲ့ေၾကာင္း သိရွိရ၍ မႏြယ္ႏြယ္ေအာင္၏ အိမ္အား ထပ္မံရွာေဖြခဲ့ရာ



မႏြယ္ႏြယ္ေအာင္မွာ အိမ္အေပၚေခါင္းရင္း ျပတင္းေပါက္မွ ခုန္ခ်ထြက္ေျပးပီး ေနအိမ္ေခါင္းရင္း အေနာက္ဘက္ရွိ အိမ္သာက်င္းထဲသို႔ အရာဝတၳဳ အခုအား ပစ္ခ်လိုက္သည္ ကို ေတြ႕ျမင္ရသျဖင့္ သူမအား ထိန္သိမ္းပီး ပစ္ခ်လိုက္ေသာအိမ္သာက်င္းအတြင္းသို႔ သက္ေသမ်ားႏွင့္အတူ စစ္ေဆး ရွာေဖြခဲ့ရာ



အိမ္သာက်င္းအတြင္းမွ အဖုံးမပါ အျဖဴေရာင္ ပလက္စတစ္ ထုံးဗူးအတြင္း ထည့္ထားသည့္ စိတ္ႂကြေဆးျပားဟု ယူစရေသာ ဒဘလ်ဴဝိုင္ စာတန္းပါ ပန္းေရာင္ ေဆးျပား ၉၀ ျပားအား ရွာေဖြသိမ္းဆည္းခဲ့ေၾကာင္း ကနဦး သိရပါသည္။

Credit – Steven Zaya

Post a Comment

Previous Post Next Post