(Unicode)

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်မှရုပ်သိမ်းရေး ကြံ့ခိုင်ရေးပါတီက ဦးဆောင်တင်သွင်းတဲ့အဆိုကို ဒီကနေ့ ဇွန် ၁ ရက်မှာ  မဲခွဲဆုံးဖြတ်တဲ့အခါ ကန့်ကွက်မဲများလို့ အဆို ရှုံးနိမ့်သွားပါတယ်။



စက်ခလုတ်နှိပ်ပြီး လျှို့ဝှက်မဲပေးစနစ်နဲ့ ဆုံးဖြတ်တာဖြစ်ပြီး ကန့်ကွက်မဲ ၂၄၃ မဲ၊ ထောက်ခံမဲ ၁၃၂ မဲ၊ ကြားနေ ၅ မဲတို့နဲ့ အဆို ရှုံးသွားတာဖြစ်ပါတယ်။



အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးဆွေးနွေးကြပြီး တပ်မတော်နဲ့ ကြံ့ခိုင်ရေးအမတ်တွေက ထောက်ခံဆွေးနွေးပြီး အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားပါတီက အမတ်တချို့က ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။


ဘီဘီစီ

(Zawgyi)









ဘီဘီစီ


Post a Comment

Previous Post Next Post