(Unicode)


ယနေ့ (13-6-2020) ရက်နေ့၊ နေ့လည် (၀၁း၃၀) ချိန်ခန့်တွင် လားရှိုးမြို့၊ မြို့ရှောင်လမ်း အိုရီယမ်တယ် တိုးဂိတ်အကျော်၊ လားရှိုးမှ မူဆယ်ဘက်အထွက်ကားလမ်းမပေါ်ရှိ ၁၂ ဘီးကား တစ်စီးပေါ်တွင် လူတစ်ဦးသေဆုံးနေကြောင်းသတင်းရရှိခဲ့သဖြင့် သွားရောက် သတင်း ယူ အတည်ပြုခဲ့ရာ


သေဆုံးသူမှာပျော်ဘွယ်မြို့၊ မြင်းဘက်ရပ်နေ (ဘ) ဦးတင်မောင်သန်း ဧ။် သား ခင်မောင်လတ် (ခ)ဘုတို၊ မှတ်ပုံတင်အမှတ် ၉/ပဘန(နိုင်) ၁၁၆၄၅၃ ဆိုသူဖြစ်ကြောင်း သိရှိရပါသည်။


အခင်းဖြစ် သေဆုံးရာနေရာသို့ မြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူများ၊ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်ကျော်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်မှူး ရဲအုပ် ဝင်းဆွေနှင့် တပ်ဖွဲ့ဝင်များ၊ နာရေးကူညီမှုအသင်းမှ ပရဟိတအဖွဲ့များ ရောက်ရှိကာ သက်ဆိုင်ရာ အပိုင်းလိုက် တာဝန်ယူ ဆောင်ရွက်ခဲ့ကြပြီး သေဆုံးသူအလောင်းအား လားရှိုးပြည်သူ့ ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ သယ်ဆောင်သွားခဲ့ ပါသည်။


သေဆုံးမှုမှာ ဓမ္မတာအတိုင်းသေဆုံးမှု ဟုတ်/မဟုတ် လားရှိုးမြို့၊ သက်ဆိုင်ရာ ရဲစခန်းမှ သေမှုသေခင်းဖြင့်အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ အတည်ပြုပါသည်။

ဦးမြတ်ကျော်ထွန်း (S.H Media)

ပြည်နယ်အတွင်းရေးမှူး

ရှမ်းပြည်နယ် (မြောက်ပိုင်း)

လားရှိုးမြို့

09777117745

မှတ်ချက်။ ။ သေဆုံးသူဧ။် မိသားစုဝင်များ သိရှိနိုင်စေရန် ရည်ရွယ်သည့် အတွက်ကြောင့် မျက်နှာမဖျက်ထားပါ။


(Zawgyi)


ယေန႔ (13-6-2020) ရက္ေန႔၊ ေန႔လည္ (၀၁း၃၀) ခ်ိန္ခန္႔တြင္ လား႐ႈိးၿမဳိ႕၊ ၿမဳိ႕ေရွာင္လမ္း အိုရီယမ္တယ္ တိုးဂိတ္အေက်ာ္၊ လား႐ႈိးမွ မူဆယ္ဘက္အထြက္ကားလမ္းမေပၚရွိ ၁၂ ဘီးကား တစ္စီးေပၚတြင္ လူတစ္ဦးေသဆံုးေနေၾကာင္းသတင္းရရွိခ့ဲသျဖင့္ သြားေရာက္ သတင္း ယူ အတည္ျပဳခ့ဲရာ

ေသဆံုးသူမွာေပ်ာ္ဘြယ္ၿမဳိ႕၊ ျမင္းဘက္ရပ္ေန (ဘ) ဦးတင္ေမာင္သန္း ဧ။္ သား ခင္ေမာင္လတ္ (ခ)ဘုတို၊ မွတ္ပံုတင္အမွတ္ ၉/ပဘန(ႏိုင္) ၁၁၆၄၅၃ ဆိုသူျဖစ္ေၾကာင္း သိရွိရပါသည္။



အခင္းျဖစ္ ေသဆံုးရာေနရာသို႔ ၿမဳိ႕နယ္ေထြ/အုပ္မွ တာ၀န္ရွိသူမ်ား၊ ၿမဳိ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ျမင့္ေက်ာ္ႏွင့္ နယ္ထိန္းတပ္ဖြဲ႔၀င္မ်ား၊ ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ တာ၀န္မွဴး ရဲအုပ္ ၀င္းေဆြႏွင့္ တပ္ဖြဲ႕၀င္မ်ား၊ နာေရးကူညီမႈအသင္းမွ ပရဟိတအဖြဲ႕မ်ား ေရာက္ရွိကာ သက္ဆိုင္ရာ အပိုင္းလိုက္ တာ၀န္ယူ ေဆာင္ရြက္ခ့ဲၾကၿပီး ေသဆံုးသူအေလာင္းအား လား႐ႈိးျပည္သူ႔ ေဆး႐ံုႀကီး၊ အေရးေပၚဌာနသို႔ သယ္ေဆာင္သြားခ့ဲ ပါသည္။




ေသဆံုးမႈမွာ ဓမၼတာအတိုင္းေသဆံုးမႈ ဟုတ္/မဟုတ္ လား႐ႈိးၿမဳိ႕၊ သက္ဆိုင္ရာ ရဲစခန္းမွ ေသမႈေသခင္းျဖင့္အမႈဖြင့္ စစ္ေဆး ေဆာင္ရြက္လွ်က္ရွိေၾကာင္း သတင္းရရွိ အတည္ျပဳပါသည္။

ဦးျမတ္ေက်ာ္ထြန္း (S.H Media)

ျပည္နယ္အတြင္းေရးမွဴး

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)

လား႐ႈိးၿမဳိ႕

09777117745

မွတ္ခ်က္။ ။ ေသဆံုးသူဧ။္ မိသားစု၀င္မ်ား သိရွိႏိုင္ေစရန္ ရည္ရြယ္သည့္ အတြက္ေၾကာင့္ မ်က္ႏွာမဖ်က္ထားပါ။

Post a Comment

Previous Post Next Post