(Unicode)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘုရားဘဏ္ဍာငွေများအား အလွဲသုံးစား ပြုလုပ်ထားသူများကို အရေးယူမှုနှင့်ပက်သက်၍ပြည်ထောင်စုစာရင်းစစ်ချုပ် အစီစဉ်ခံစာအပေါ် မူတည်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့မှ ဦးကျော်ဝင်းလှိုင်ကပြောသည်။



ဘဏ္ဍာငွေအလွဲသုံးစားတာနဲ့ ပက်သက်ပြီးပြောလို့မရသေးပါဘူးခင်ဗျ။ စာရင်းစစ်ချုပ် အစီရင်ခံစာအရ ဂေါပကအဖွဲ့နဲ့အထက်ကညွန်ကြားချက်အတိုင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဘယ်လိုလုပ်မယ်ဆိုတာပြောလို့မရသေးပါဘူး။ စာရင်းစစ်ချုပ်အစီရင်ခံစာထွက်ပြီးရင်တော့ ကျွန်တော်တို့ဖြေလို့ရပါမယ်။ အစီရင်ခံစာမထွက်ခင် သီးခံပေးပါ။ တရား စွဲ မစွဲက အစီရင်ခံစာပေါ်မူတည်ပါတယ်။ ကျွန်တော်တို့က ဘုရားဘဏ္ဍာငွေဆုံးရှုံးမှုမရှိအောင်တော့ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ အစီရင်ခံစာဘယ်တော့ထွက်မလဲဆိုတာတော့ သူ့တို့အဖွဲ့ဘဲသိမှာပါ။ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖွဲ့က လာစစ်နေတာပါဟု ဂေါပကအဖွဲ့မှ ဦးကျော်ဝင်းလှိုင်ကပြောသည်။



ဘုရားဘဏ္ဍာငွေများကို အလွဲသုံးစားပြုလုပ်သည့်သူများမှာ ဘုရားဘဏ္ဍာငွေဖြင့် ခန့်အပ်ထားသော ဝန်ထမ်းများ ဖြစ်ပြီး ရင်ပြင်တော်စခန်းငွေစာရင်းဌာန ဝန်ထမ်းတစ်ဦးမှ ငွေကျပ်သိန်း ၉၀၀ ကျော်၊ ရင်ပြင်တော်စခန်း စာရေးကြီး တစ်ဦးမှ ငွေကျပ်သိန်း ၂၀ ကျော်၊ ရင်ပြင်တော်စခန်း စာရေးငယ်တစ်ဦးမှ ငွေကျပ် ၃ သိန်းကျော်၊ ကင်မွန်းစခန်းဂေါပကရုံးစာရေးတစ်ဦးမှ ငွေကျပ် သိန်း ၂၀ ကျော် အလွှဲသုံးစားပြုလုပ်ထားကြောင်း သိရသည်။ကျိုက်ထီးရိုးစေတီတော်သည် မြန်မာတွင်သာမက ကမ္ဘာတွင်ပါ ထင်ရှားကျော်ကြားသော စေတီတော်တစ်ဆူ ဖြစ်သည့်အတွက် နှစ်စဉ် ပြည်တွင်း ပြည်ပ ဘုရားဖူး ၃ သန်းခန့် လာရောက်ဖူးမျှော်နေကြောင်းသိရသည်။



ကျိုက်ထီးရိုးစေတီတော်နှင့် ပတ်သက်ပြီး ကဏ္ဍစုံမှ ရရှိသော အလှူငွေများ၊ နိုင်ငံခြားငွေများ၊ ရတနာများအား တိကျသေချာစွာရှိ မရှိ သိရှိနိုင်ရန် နိုင်ငံတော်အဆင့် စာရင်းစစ်အဖွဲ့မှ လာရောက်စစ်ဆေးပေးစေလိုပြီး ခေတ်အဆက်ဆက်ဂေါပကအလွှဲအပြောင်းများကြောင့် ဘုရားဘဏ္ဍာတော်ငွေ တည်ရှိမှုအခြေနေအား ယခုအစိုးရလက်ထက်တွင် တိကျသေချာစွာ စစ်ဆေးပေးနိုင်စေရန် တင်ပြထားကြောင်းသိရသည်။



ကျိုက်ထီးရိုးစေတီတော်ကြီးသို့အလှူရှင်များ၏ လှူဒါန်းငွေများ၊ ဘက်စုံကဏ္ဍများမှ ရရှိနေသည်ဖြစ်ရာ ၂၀၂၀ ဧပြီလ ၃၀ ရက်အထိ ကျိုက်ထီးရိုး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ လက်ကျန် ငွေစာရင်းချုပ်အရ ငွေကျပ် ၁၅၉၇၅၉၁၃၆၅၉ ဒုတိ ၈၂ လက်ကျန်ရှိကာနိုင်ငံခြားငွေများနှင့် ရတနာများလည်းရှိနေသေးကြောင်း သြဝါဒစရိယဆရာတော်များထံမှ သိရသည်။

Blacker

(Zawgyi)


မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္ရွိ က်ိဳက္ထီး႐ိုးေစတီေတာ္ျမတ္ႀကီး၏ ဘုရားဘ႑ာေငြမ်ားအား အလြဲသုံးစား ျပဳလုပ္ထားသူမ်ားကို အေရးယူမႈႏွင့္ပက္သက္၍ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ အစီစဥ္ခံစာအေပၚ မူတည္ကာ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း က်ိဳက္ထီး႐ိုးေစတီေတာ္ေဂါပကအဖြဲ႕မွ ဦးေက်ာ္ဝင္းလႈိင္ကေျပာသည္။



ဘ႑ာေငြအလြဲသုံးစားတာနဲ႔ ပက္သက္ၿပီးေျပာလို႔မရေသးပါဘူးခင္ဗ်။ စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာအရ ေဂါပကအဖြဲ႕နဲ႔အထက္ကၫြန္ၾကားခ်က္အတိုင္း လုပ္ေဆာင္ရမွာျဖစ္ပါတယ္။ ဘယ္လိုလုပ္မယ္ဆိုတာေျပာလို႔မရေသးပါဘူး။ စာရင္းစစ္ခ်ဳပ္အစီရင္ခံစာထြက္ၿပီးရင္ေတာ့ ကြၽန္ေတာ္တို႔ေျဖလို႔ရပါမယ္။ အစီရင္ခံစာမထြက္ခင္ သီးခံေပးပါ။ တရား စြဲ မစြဲက အစီရင္ခံစာေပၚမူတည္ပါတယ္။ ကြၽန္ေတာ္တို႔က ဘုရားဘ႑ာေငြဆုံးရႈံးမႈမရွိေအာင္ေတာ့ ေဆာင္႐ြက္ေပးရမွာျဖစ္ပါတယ္။ အစီရင္ခံစာဘယ္ေတာ့ထြက္မလဲဆိုတာေတာ့ သူ႔တို႔အဖြဲ႕ဘဲသိမွာပါ။ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္အဖြဲ႕က လာစစ္ေနတာပါဟု ေဂါပကအဖြဲ႕မွ ဦးေက်ာ္ဝင္းလႈိင္ကေျပာသည္။



ဘုရားဘ႑ာေငြမ်ားကို အလြဲသုံးစားျပဳလုပ္သည့္သူမ်ားမွာ ဘုရားဘ႑ာေငြျဖင့္ ခန႔္အပ္ထားေသာ ဝန္ထမ္းမ်ား ျဖစ္ၿပီး ရင္ျပင္ေတာ္စခန္းေငြစာရင္းဌာန ဝန္ထမ္းတစ္ဦးမွ ေငြက်ပ္သိန္း ၉၀၀ ေက်ာ္၊ ရင္ျပင္ေတာ္စခန္း စာေရးႀကီး တစ္ဦးမွ ေငြက်ပ္သိန္း ၂၀ ေက်ာ္၊ ရင္ျပင္ေတာ္စခန္း စာေရးငယ္တစ္ဦးမွ ေငြက်ပ္ ၃ သိန္းေက်ာ္၊ ကင္မြန္းစခန္းေဂါပက႐ုံးစာေရးတစ္ဦးမွ ေငြက်ပ္ သိန္း ၂၀ ေက်ာ္ အလႊဲသုံးစားျပဳလုပ္ထားေၾကာင္း သိရသည္။က်ိဳက္ထီး႐ိုးေစတီေတာ္သည္ ျမန္မာတြင္သာမက ကမာၻတြင္ပါ ထင္ရွားေက်ာ္ၾကားေသာ ေစတီေတာ္တစ္ဆူ ျဖစ္သည့္အတြက္ ႏွစ္စဥ္ ျပည္တြင္း ျပည္ပ ဘုရားဖူး ၃ သန္းခန႔္ လာေရာက္ဖူးေမွ်ာ္ေနေၾကာင္းသိရသည္။



က်ိဳက္ထီး႐ိုးေစတီေတာ္ႏွင့္ ပတ္သက္ၿပီး က႑စုံမွ ရရွိေသာ အလႉေငြမ်ား၊ ႏိုင္ငံျခားေငြမ်ား၊ ရတနာမ်ားအား တိက်ေသခ်ာစြာရွိ မရွိ သိရွိႏိုင္ရန္ ႏိုင္ငံေတာ္အဆင့္ စာရင္းစစ္အဖြဲ႕မွ လာေရာက္စစ္ေဆးေပးေစလိုၿပီး ေခတ္အဆက္ဆက္ေဂါပကအလႊဲအေျပာင္းမ်ားေၾကာင့္ ဘုရားဘ႑ာေတာ္ေငြ တည္ရွိမႈအေျခေနအား ယခုအစိုးရလက္ထက္တြင္ တိက်ေသခ်ာစြာ စစ္ေဆးေပးႏိုင္ေစရန္ တင္ျပထားေၾကာင္းသိရသည္။



က်ိဳက္ထီး႐ိုးေစတီေတာ္ႀကီးသို႔အလႉရွင္မ်ား၏ လႉဒါန္းေငြမ်ား၊ ဘက္စုံက႑မ်ားမွ ရရွိေနသည္ျဖစ္ရာ ၂၀၂၀ ဧၿပီလ ၃၀ ရက္အထိ က်ိဳက္ထီး႐ိုး ဘ႑ာေတာ္ထိန္း ေဂါပကအဖြဲ႕၏ လက္က်န္ ေငြစာရင္းခ်ဳပ္အရ ေငြက်ပ္ ၁၅၉၇၅၉၁၃၆၅၉ ဒုတိ ၈၂ လက္က်န္ရွိကာႏိုင္ငံျခားေငြမ်ားႏွင့္ ရတနာမ်ားလည္းရွိေနေသးေၾကာင္း ၾသဝါဒစရိယဆရာေတာ္မ်ားထံမွ သိရသည္။

Blacker

Post a Comment

Previous Post Next Post