(Unicode)

ရန်ကုန် သူနာပြုတက္ကသိုလ် ပါမောက္ခချူပ်အဖြစ် သူနာပြုဆရာမများထဲမှ ရာထူးအဆင့်ဆင့် တိုးမြင့်ခဲ့သူ သူနာပြုဆရာမကြီး ဒေါက်တာ တင်တင်ကျော်ကို ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်သမ္မတက ရာထူးးတိုးမြှင့် ခန့်အပ်လိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ဒေါက်တာ တင်တင်ကျော်သည် လက်ရှိတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ရန်ကုန်သူနာပြုတက္ကသိုလ်၏ သင်ကြားရေးဌာနတွင် ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သူနာပြုတက္ကသိုလ်တစ်ခုတွင် ပါမောက္ခချုပ်အဖြစ် သူနာပြု ဆရာမများထဲမှ ပထမဆုံး တာဝန်ပေးခန့်အပ်ခံရခြင်းဖြစ်ကာ မြန်မာနိုင်ငံ သူနာပြုလောကတွင် ပထမဆုံးဖြစ်ကြောင်းသိရသည်။



ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ယနေ့နေ့လယ်ပိုင်းတွင် ပါမောက္ခ ဒေါက်တာတင်တင်ကျော်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပြီး ဂုဏ်ပြုစကားနှင့် လမ်းညွှန်မှာကြားမှုများ ပြောကြားခဲ့သည်။



ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ သူနာပြုတက္ကသိုလ်တစ်ခုတွင် ပါမောက္ခချုပ်အဖြစ် သူနာပြု ဆရာမများထဲမှ ရာထူးအဆင့်ဆင့်တိုးမြှင့်ခဲ့သူတစ်ဦးကို တာဝန်ပေး ခန့်အပ်ခဲ့ခြင်း သည် မိမိတို့နိုင်ငံ သူနာပြုလောကတွင် ပထမဦးဆုံးအကြိမ် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ရာထူးတိုးမြှင့်တာဝန်ပေးအပ်ခြင်းခံရမှုအပေါ် အထူးအသိအမှတ်ပြု ဂုဏ်ယူပါကြောင်း၊ ပါမောက္ခချုပ်ရာထူးသည် အကြီးအကဲတစ်ဦးဖြစ်သောကြောင့် သူနာပြုတက္ကသိုလ်နှင့် သူနာပြုလောက ယခုထက်ပိုမို တိုးတက်ဖွံ့ဖြိုးအောင် ဘက်စုံစဉ်းစားသုံးသပ်ကာ ကြိုးစားလုပ်ဆောင် စေလိုပါကြောင်း၊ တက္ကသိုလ်မှ ပါမောက္ခ/ ဌာနမှူးများနှင့် ဆရာ/ ဆရာမများကို မောင်၊ ညီမများသဖွယ် သဘောထားဆက်ဆံပြောဆို၍ ညီညွှတ်စွာပူးပေါင်းကာ ဆောင်ရွက်စေလိုပါကြောင်း၊ ဝန်ကြီးဌာနမှလည်း သူနာပြုလောက ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်နေသောကြောင့် သူနာပြုတက္ကသိုလ်အတွက် လိုအပ်သည်များအား ဆက်ကလ်ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။



ယခုကဲ့သို့ သူနာပြုဆရာမကြီးတစ်ဦး ပါမောက္ခချုပ်ရာထူးတိုးမြှင့်ခံထားရသည့်အတွက် ပါမောက္ခချုပ် ဆရာမကြီး မာမီ ဒေါက်တာတင်တင်ကျော်ကို သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ လှိုက်လှဲစွာ ဂုဏ်ပြုကြောင်းနှင့် သူနာပြုလောက၏ ပထမဆုံးသော ပါမောက္ခချုပ်ဖြစ်တဲ့အတွက်ကြောင့်လဲ အထူးပင် ဂုဏ်ယူမိကြောင်းလည်း သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။


(Zawgyi)

ရန္ကုန္ သူနာျပဳတကၠသိုလ္ ပါေမာကၡခ်ဴပ္အျဖစ္ သူနာျပဳဆရာမမ်ားထဲမွ ရာထူးအဆင့္ဆင့္ တိုးျမင့္ခဲ့သူ သူနာျပဳဆရာမႀကီး ေဒါက္တာ တင္တင္ေက်ာ္ကို ပထမဆုံးအႀကိမ္အျဖစ္ ႏိုင္ငံေတာ္သမၼတက ရာထူးးတိုးျမႇင့္ ခန႔္အပ္လိုက္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ သိရသည္။

ေဒါက္တာ တင္တင္ေက်ာ္သည္ လက္ရွိတြင္ က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္ဦးစီးဌာန၊ ရန္ကုန္သူနာျပဳတကၠသိုလ္၏ သင္ၾကားေရးဌာနတြင္ ဒုတိယပါေမာကၡခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ေနသူျဖစ္ၿပီး သူနာျပဳတကၠသိုလ္တစ္ခုတြင္ ပါေမာကၡခ်ဳပ္အျဖစ္ သူနာျပဳ ဆရာမမ်ားထဲမွ ပထမဆုံး တာဝန္ေပးခန႔္အပ္ခံရျခင္းျဖစ္ကာ ျမန္မာႏိုင္ငံ သူနာျပဳေလာကတြင္ ပထမဆုံးျဖစ္ေၾကာင္းသိရသည္။



က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးေဒါက္တာျမင့္ေထြးက ယေန႔ေန႔လယ္ပိုင္းတြင္ ပါေမာကၡ ေဒါက္တာတင္တင္ေက်ာ္အား က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ႐ုံးအမွတ္ (၄)၊ ေနျပည္ေတာ္ရွိ ျပည္ေထာင္စုဝန္ႀကီး၏ ဧည့္ခန္းမ၌ ေတြ႕ဆုံခဲ့ၿပီး ဂုဏ္ျပဳစကားႏွင့္ လမ္းၫႊန္မွာၾကားမႈမ်ား ေျပာၾကားခဲ့သည္။



ထိုသို႔ေတြ႕ဆုံရာတြင္ ျပည္ေထာင္စုဝန္ႀကီးက ဝန္ႀကီးဌာန၏ သူနာျပဳတကၠသိုလ္တစ္ခုတြင္ ပါေမာကၡခ်ဳပ္အျဖစ္ သူနာျပဳ ဆရာမမ်ားထဲမွ ရာထူးအဆင့္ဆင့္တိုးျမႇင့္ခဲ့သူတစ္ဦးကို တာဝန္ေပး ခန႔္အပ္ခဲ့ျခင္း သည္ မိမိတို႔ႏိုင္ငံ သူနာျပဳေလာကတြင္ ပထမဦးဆုံးအႀကိမ္ ျဖစ္ပါေၾကာင္း၊ ထိုကဲ့သို႔ ရာထူးတိုးျမႇင့္တာဝန္ေပးအပ္ျခင္းခံရမႈအေပၚ အထူးအသိအမွတ္ျပဳ ဂုဏ္ယူပါေၾကာင္း၊ ပါေမာကၡခ်ဳပ္ရာထူးသည္ အႀကီးအကဲတစ္ဦးျဖစ္ေသာေၾကာင့္ သူနာျပဳတကၠသိုလ္ႏွင့္ သူနာျပဳေလာက ယခုထက္ပိုမို တိုးတက္ဖြံ႕ၿဖိဳးေအာင္ ဘက္စုံစဥ္းစားသုံးသပ္ကာ ႀကိဳးစားလုပ္ေဆာင္ ေစလိုပါေၾကာင္း၊ တကၠသိုလ္မွ ပါေမာကၡ/ ဌာနမႉးမ်ားႏွင့္ ဆရာ/ ဆရာမမ်ားကို ေမာင္၊ ညီမမ်ားသဖြယ္ သေဘာထားဆက္ဆံေျပာဆို၍ ညီၫႊတ္စြာပူးေပါင္းကာ ေဆာင္႐ြက္ေစလိုပါေၾကာင္း၊ ဝန္ႀကီးဌာနမွလည္း သူနာျပဳေလာက ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဦးစားေပးေဆာင္႐ြက္ေနေသာေၾကာင့္ သူနာျပဳတကၠသိုလ္အတြက္ လိုအပ္သည္မ်ားအား ဆက္ကလ္ပံ့ပိုးေပးသြားမည္ ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရသည္။



ယခုကဲ့သို႔ သူနာျပဳဆရာမႀကီးတစ္ဦး ပါေမာကၡခ်ဳပ္ရာထူးတိုးျမႇင့္ခံထားရသည့္အတြက္ ပါေမာကၡခ်ဳပ္ ဆရာမႀကီး မာမီ ေဒါက္တာတင္တင္ေက်ာ္ကို သူနာျပဳတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢမွ လႈိက္လွဲစြာ ဂုဏ္ျပဳေၾကာင္းႏွင့္ သူနာျပဳေလာက၏ ပထမဆုံးေသာ ပါေမာကၡခ်ဳပ္ျဖစ္တဲ့အတြက္ေၾကာင့္လဲ အထူးပင္ ဂုဏ္ယူမိေၾကာင္းလည္း သူနာျပဳတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢေဖ့စ္ဘုတ္ စာမ်က္ႏွာတြင္ ေရးသားထားသည္။


Credit Blacker

Post a Comment

Previous Post Next Post