(Unicode)

ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်ပြန်လာတဲ့သူတွေမှာ(၄)ဦးထိ ရောဂါပိုးတွေ့ရှိထားပါတယ်။ COVID -19 ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ပြည်ပရောက်မြန်မာနိုင်ငံသားများကို နိုင်ငံတော်အနေနဲ့ နယ်စပ်ဂိတ်ပေါက်တွေကနေနဲ့ တစ်ဆင့် တရားဝင်လက်ခံပေးနေသလို လေကြောင်းလိုင်းတွေကနေလည်း ပြန်လည်ခေါ်ဆောင်ပေးလျှက်ရှိေ နပါ တယ်။

အခုလို တရားဝင်ပြန်လည်ခေါ်ဆောင်တဲ့ သူတွေကိုတော့ ရောဂါထိန်းချုပ်ရေးကုသရေးလုပ်ငန်းတွေကို စနစ်တကျလုပ်ဆောင်ပေးလျှက်ရှိပြီး တချို့ကလည်း တရားမဝင်လက်ခံထားခြင်းမရှိတဲ့နယ်စပ်ဂိတ်ပေါက်တွေကနေ ခိုးဝင်လာမှုတွေရှိနေပါတ ယ်။

အခုလိုတရားမဝင်ခိုးဝင်လာတဲ့သူတွေနဲ့ လက်ခံထားတဲ့သူတွေကိုတော့ သက်ဆိုင်ရာတည်ဆဲဥပဒေများနဲ့ အညီအရေးယူဆောင်ရွက်သွားမယ်လို့ COVID19 ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဗဟိုကော်မတီမှာ ဇွန်လ(၁၀)ရက်နေ့ ညပိုင်းမှာပဲ ထုတ်ပြန်ကြေညာခဲ့ပါတယ်။အဓိကခိုးဝင်လာမှုတွေရှိနေတာက ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ပြည်နယ်ကို ခိုးဝင်လာတဲ့သူတွေရှိနေပြီး အဲဒီခိုးဝင်လာတဲ့သူတွေထဲမှာ ရောဂါပိုးတွေ့ရှိထားတဲ့သူတွေလည်းရှိနေ ပါတယ်။



ဒီကနေ့ ည ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ထပ်တိုးလူနာ (၂)ဦးက ဘင်္ဂလားဒေ့ရှ်ကနေပြန်လာတဲ့သူတွေဖြစ်ပါတယ်။“အားလုံးရခိုင်ကို ဘင်္ဂလားကနေခိုးဝင်လာတဲ့သူက (၁၇)ယောက်ရှိတယ်။ ဘူးသီးတောင်မှာက (၈)ယောက်၊ မောင်တောမှာက (၉)ယောက်ပေါ့။ မောင်တောက (၉)ယောက်မှာက အားလုံးဓာတ်ခွဲစစ်ဆေးပြီးတာမှာ (၄)ဦးမှာ ရောဂါပိုးတွေ့တာပါ။ ဘူးသီးတောင်က (၈)ယောက်ကတော့ ဓာတ်ခွဲစစ်ဆေးထားတုန်းအဖြေမသိရသေးပါဘူး” လို့ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဦးစိုးအောင် က Duwun ကိုပြောပါတယ်။

ရခိုင်မှာတော့ ဘင်္ဂလားဒေ့ရှ်ကခိုးဝင်ပြန်လာတဲ့သူ (၁၇)ဦးရှိနေပြီး အဲဒီထဲက(၄)ဦးမှာ ရောဂါပိုးတွေ့ရှိထားပါတယ်။ လုံခြုံရေးတွေကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်ထားသော်လည်း ခိုးဝင်လာတဲ့သူတွေက လူသူနေထိုင်မှုမရှိတဲ့နေရာက ခြံစည်းရိုးတွေကို ဖျက်ပြီး ဝင်လာနေတာဖြစ်တယ်လို့ သိရပါတယ်။ဘင်္ဂလားဒေ့ရှ်မှာ ရောဂါဖြစ်ပွားမှု မြင့်မားလျှက်ရှိတာကြောာင့် မြန်မာနိုင်ငံကို ခိုးဝင်လာမှုတွေရှိနေပြီး လက်ရှိမြန်မာနိုင်ငံမှာဆိုရင် အတည်ပြုလူနာ (၂၄၈)ဦးရှိကာ ပြန်လည်ကောင်းမွန်လာသူ (၁၆၅)ဦးနဲ့ သေဆုံးသူ (၆)ဦးထိရှိပါ တယ်။

ဓူဝံ

(Zawgyi)


ဘဂၤလားေဒ့ရွ္ကေန ခိုးဝင္ျပန္လာတဲ့သူေတြမွာ(၄)ဦးထိ ေရာဂါပိုးေတြ႕ရွိထားပါတယ္။ COVID -19 ေရာဂါျဖစ္ပြားေနတဲ့ ကာလအတြင္းမွာ ျပည္ပေရာက္ျမန္မာႏိုင္ငံသားမ်ားကို ႏိုင္ငံေတာ္အေနနဲ႔ နယ္စပ္ဂိတ္ေပါက္ေတြကေနနဲ႔ တစ္ဆင့္ တရားဝင္လက္ခံေပးေနသလို ေလေၾကာင္းလိုင္းေတြကေနလည္း ျပန္လည္ေခၚေဆာင္ေပးလွ်က္ရွိေ နပါ တယ္။

အခုလို တရားဝင္ျပန္လည္ေခၚေဆာင္တဲ့ သူေတြကိုေတာ့ ေရာဂါထိန္းခ်ဳပ္ေရးကုသေရးလုပ္ငန္းေတြကို စနစ္တက်လုပ္ေဆာင္ေပးလွ်က္ရွိၿပီး တခ်ိဳ႕ကလည္း တရားမဝင္လက္ခံထားျခင္းမရွိတဲ့နယ္စပ္ဂိတ္ေပါက္ေတြကေန ခိုးဝင္လာမႈေတြရွိေနပါတ ယ္။

အခုလိုတရားမဝင္ခိုးဝင္လာတဲ့သူေတြနဲ႔ လက္ခံထားတဲ့သူေတြကိုေတာ့ သက္ဆိုင္ရာတည္ဆဲဥပေဒမ်ားနဲ႔ အညီအေရးယူေဆာင္႐ြက္သြားမယ္လို႔ COVID19 ကာကြယ္၊ ထိန္းခ်ဳပ္၊ကုသေရးဗဟိုေကာ္မတီမွာ ဇြန္လ(၁၀)ရက္ေန႔ ညပိုင္းမွာပဲ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။အဓိကခိုးဝင္လာမႈေတြရွိေနတာက ဘဂၤလားေဒ့ရွ္ကေန ရခိုင္ျပည္နယ္ကို ခိုးဝင္လာတဲ့သူေတြရွိေနၿပီး အဲဒီခိုးဝင္လာတဲ့သူေတြထဲမွာ ေရာဂါပိုးေတြ႕ရွိထားတဲ့သူေတြလည္းရွိေန ပါတယ္။



ဒီကေန႔ ည က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ထပ္တိုးလူနာ (၂)ဦးက ဘဂၤလားေဒ့ရွ္ကေနျပန္လာတဲ့သူေတြျဖစ္ပါတယ္။“အားလုံးရခိုင္ကို ဘဂၤလားကေနခိုးဝင္လာတဲ့သူက (၁၇)ေယာက္ရွိတယ္။ ဘူးသီးေတာင္မွာက (၈)ေယာက္၊ ေမာင္ေတာမွာက (၉)ေယာက္ေပါ့။ ေမာင္ေတာက (၉)ေယာက္မွာက အားလုံးဓာတ္ခြဲစစ္ေဆးၿပီးတာမွာ (၄)ဦးမွာ ေရာဂါပိုးေတြ႕တာပါ။ ဘူးသီးေတာင္က (၈)ေယာက္ကေတာ့ ဓာတ္ခြဲစစ္ေဆးထားတုန္းအေျဖမသိရေသးပါဘူး” လို႔ ေမာင္ေတာခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးမွ ဦးစိုးေအာင္ က Duwun ကိုေျပာပါတယ္။

ရခိုင္မွာေတာ့ ဘဂၤလားေဒ့ရွ္ကခိုးဝင္ျပန္လာတဲ့သူ (၁၇)ဦးရွိေနၿပီး အဲဒီထဲက(၄)ဦးမွာ ေရာဂါပိုးေတြ႕ရွိထားပါတယ္။ လုံၿခဳံေရးေတြကို တင္းတင္းၾကပ္ၾကပ္လုပ္ေဆာင္ထားေသာ္လည္း ခိုးဝင္လာတဲ့သူေတြက လူသူေနထိုင္မႈမရွိတဲ့ေနရာက ၿခံစည္း႐ိုးေတြကို ဖ်က္ၿပီး ဝင္လာေနတာျဖစ္တယ္လို႔ သိရပါတယ္။ဘဂၤလားေဒ့ရွ္မွာ ေရာဂါျဖစ္ပြားမႈ ျမင့္မားလွ်က္ရွိတာေၾကာာင့္ ျမန္မာႏိုင္ငံကို ခိုးဝင္လာမႈေတြရွိေနၿပီး လက္ရွိျမန္မာႏိုင္ငံမွာဆိုရင္ အတည္ျပဳလူနာ (၂၄၈)ဦးရွိကာ ျပန္လည္ေကာင္းမြန္လာသူ (၁၆၅)ဦးနဲ႔ ေသဆုံးသူ (၆)ဦးထိရွိပါ တယ္။

ဓူဝံ

Post a Comment

Previous Post Next Post